အဲဟ်လေ့ဘိုက်(သ)(အ.စ) သတင်းဌာန ၊အဗ်နာ
အီရန်လ ဖေရ်ဝရ်ဒီးန် ၁၂ရက် နေ့ ၊ယနေ့ဧပြီလ ၁ရက်နေ့ နှင့်အညီ တွင်ကျရောက်လာသည့် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နေ့ နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ရဲဟ်ဗရ် အင်ကေလာဗ် ထံ ရိုးရိုးတရားရုံးများ စစ်တရားရုံးများတွင် စီရင်ချက်ခံထားရသူ အကျဉ်းသမား ၈၀၉ ယောက်အတွက် လွတ်ငြိမ်းချမ်းသာခွင့် နှင့်ပြစ်ဒဏ်လျော့ပေးရန် အီရန်တရားသူကြီးချုပ် ဟဇရသ် အာယာသွလ္လာဟ် အာမိုလီ လာရီဂျာနီ မှ တောင်းဆိုခဲ့ ရာ ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီမှ သဘောတူခဲ့ ပါတယ်။
အီရန်တရားသူကြီးချုပ် ဟဇရသ် အာယာသွလ္လာဟ် အာမိုလီ လာရီဂျာနီ အနေဖြင့် ရဲဟ်ဗရ် အင်ကေလာဗ် ထံ လွတ်ငြိမ်းချမ်း သာခွင့်ပေးရေးဆိုင်ရာတရားစီရင်ရေး ကော်မရှင် ဖက်မှ စည်းမျဉ်းစည်းကမ်းနှင့် ညီနေသည့် စီရင်ချက်ခံထားရသူ အကျဉ်းသမား ၈၀၉ ယောက်အတွက်လွတ်ငြိမ်းချမ်းသာခွင့် နှင့်ပြစ်ဒဏ်လျော့ပေးရန် အစီရင်ခံ လျှောက်ထားသည့်စာ အားပေးပို့ ခဲ့ပါတယ်။
ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီမှ လည်း အစီရင်ခံ လျှောက်ထား သည့်စာအားလက်ခံ သဘောတူခဲ့ ပြီး စီရင်ချက်ခံထားရသူ အကျဉ်းသမား ၈၀၉ ယောက်အတွက်လွတ်ငြိမ်းချမ်း သာခွင့် နှင့်ပြစ်ဒဏ်လျော့ပေးရန် အမိန့်ချမှတ်ခဲ့ပါတယ်။
========================================