၂၇ ဧပြီ ၂၀၁၅ - ၀၅:၂၅
ဆီးရီးယား သမ္မတ ဗရှားအဆဒ် ၏ ပထမဦးဆုံး ပြင်သစ် ရုပ်မြင်သံကြား နှင့် အမေးအဖြေအစီအစဉ်

ပြင်သစ် အစိုးရ ပိုင် ရုပ်မြင်သံကြား ၂ခု မှ ယနေ့ ဧပြီလ ၂၇ ရက် တနင်းလာနေ့ တွင် ဆီးရီးယား နိုင်ငံ ၏ အကျပ်အတည်း များ နှင့် စပ်လျဉ်းပြီး ဆီးရီးယား သမ္မတ ဗရှားအဆဒ် နှင့် ပထမဦးဆုံး အကြိမ် အမေးအဖြေ အစီအစဉ် ကိုထုတ်လွှင့် ပြသမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာထားပါတယ်။


အဲဟ်လေ့ဘိုက် (အ.စ) သတင်း ဌာန ၊ အဗ်နာ


အလ်အာလန်မ် သတင်းဌာန ၏ သတင်းထုတ်ပြန် ချက် အရ ပြင်သစ် အစိုးရ ပိုင် ရုပ်မြင်သံကြား ၂ခု မှ ယနေ့ ဧပြီလ ၂၇ ရက် တနင်းလာနေ့ တွင် ဆီးရီးယား နိုင်ငံ ၏ ၄ နှစ်ကြာပြည်တွင်းစစ် နှင့် အကျပ်အတည်း များ ကို ဆီးရီးယား သမ္မတ ဗရှားအဆဒ် နှင့် ပထမဦးဆုံး အကြိမ် အမေးအဖြေ အစီအစဉ် အဖြစ် ထုတ်လွှင့် ပြသမည် ဖြစ်ကြောင်း ဖော်ပြထားပါတယ် ။


ဤ အမေးအဖြေ အစီအစဉ်ဟာ လတ်တလော နှစ်အနည်းငယ် က ဆီးရီးယား နိုင်ငံတွင် ဗရှားအဆဒ် အစိုးရ ပြုတ်ကျရေးကို မျှော်လင့်ထားခဲ့ကြတဲ့ ပြင်သစ် လက်ဝဲ လက်ယာ နိုင်ငံရေး ပါတီများ ဖက်မှာ ဖြစ်ပါတယ်။ ဤ အစီအစဉ် ဟာ ပြင်သစ် နိုင်ငံ လက်ဝဲ၊လက်ယာ နိုင်ငံ ရေး ပါတီများ ဟာ အတွင်း စိတ် တမျိုး အပြင် ဆက်ဆံရေး တစ်သွင်ဆိုတာ ကို အထင်အရှား ပြသနေရလည်း မည်ပါတယ် ။


ပြင်သစ် နိုင်ငံ လက်ဝဲ၊လက်ယာ နိုင်ငံ ရေး ပါတီများပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ ဝင်များ ဟာ လွန်ခဲ့တဲ့ ၂ လအလျင်က ဆီးရီးယား နိုင်ငံ သို့ သွားရောက်ခဲ့ပြီး ၎င်း နိုင်ငံ၏ သမ္မတ နှင့် သက်ဆိုင်ရာ အရာ ရှိများ နှင့် လည်း တွေ့ ဆုံ ခဲ့ကြောင်းလည်း သိရှိရပါတယ် ။


-------------------------
251 / End