အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အယ်လ်အက်ဆာဗလီဝင်းအတွင်း ပါလက်စတိုင်းဝတ်ပြုသူများနှင့် ပဋိပက္ခဖြစ်ပွားနေစဉ် နေရာယူထားသော အစ္စရေးတပ်ဖွဲ့ဝင်များ
အစ္စလာမ်ဘာသာတွင် အထွတ်အမြတ်အထားဆုံး နေရာ များအနက် တစ်နေရာဖြစ်သော ဂျေရုဆလင်မြို့ရှိ အယ်လ်အက် ဆာဗလီ၌ အစ္စရေးတို့၏ လုပ်ရပ် များနှင့် ပတ်သက်၍ အီရန်ထိပ် တန်းဘာသာရေး ခေါင်းဆောင် အာယာသိုလ္လာအလီ ခါမေနာအီက ယင်းဗလီကို စော်ကားမှုဟု ပြော ဆိုပြီး ပြစ်တင်ရှုတ်ချလိုက်သည်။
ယင်းဗလီတွင် အစ္စရေးတပ် ဖွဲ့များ ဥပဒေချိုးဖောက်သည်ဟု အာရပ်နိုင်ငံများနှင့် ပါလက်စ တိုင်းက စွပ်စွဲထားစဉ် အစ္စရေး နိုင်ငံသားများနှင့် ပါလက်စတိုင်း သားများ ပဋိပက္ခဖြစ်ပွားမှုများ မကြာသေးမီ သီတင်းပတ်များအ တွင်း မြင့်တက်လာသည်။
အစ္စရေးအစိုးရ၏ ပါလက် စတိုင်းတွင် ကျူးလွန်သော ရာဇ ၀တ်မှုများနှင့် အထွတ်အမြတ် ထားရာ အယ်လ်အက်ဆာဗလီကို အကြိမ်ကြိမ် စော်ကားခြင်းမှာ မွတ်စလင်များအတွက် အဓိက ပြဿနာဖြစ်သည်ဟု ခါမေနာအီ ၏ ပြောကြားချက်ကို ကိုးကား၍ ၎င်း ၏ ၀က်ဘ်ဆိုက်က ဖော်ပြသည်။
အစ္စရေးက ပါလက်စတိုင်း သားများအပေါ် ပြုမူဆက်ဆံပုံမှာ အဆုံးစွန် ရိုင်းစိုင်းယုတ်မာမှုဟု ခါမေနာအီက ပြောကြားသည်။
၁၉၆၇ အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း အနောက်ဘက် ကမ်းခြေဒေသနှင့် အရှေ့ဂျေရုဆ လင်ကို ဂျော်ဒန်နိုင်ငံထံမှ သိမ်း ပိုက်ခဲ့စဉ် ယင်းနေရာပါ အစ္စရေး က ထိန်းချုပ်ခဲ့သည်။
အယ်လ်အက်ဆာဗလီကို အစ္စရေးက မွတ်စလင်အရာရှိများ ၏ ဘာသာရေးဆိုင်ရာ ထိန်းချုပ် မှုအောက်တွင် ချန်ထားခဲ့သော် လည်း ဂျူးဘာသာဝင်များ လာ ရောက်မှု ပိုများလာခြင်းကြောင့် ယင်းထိန်းချုပ်မှု တဖြည်းဖြည်း အားပျော့သွားမည်ကို ပါလက်စ တိုင်းက စိုးရိမ်နေသည်။
ပြီးခဲ့သည့် သီတင်းပတ်က အစ္စရေးဝန်ကြီးချုပ် နေတန်ညာ ဟု၏ ရုံးက ကြေညာချက်တွင် အစ္စရေးအနေဖြင့် လက်ရှိအနေ အထားကို ထိန်းသိမ်းသွားမည် ဖြစ်ပြီး ဗလီသို့ ဂျူးလူမျိုးများ လာ ရောက်မှုကို ပါလက်စတိုင်းသား အဓိကရုဏ်းဆင်နွှဲသူများ မတား ဆီးနိုင်အောင် လုပ်ဆောင်သွား မည်ဟု ဖော်ပြသည်။
ဂျူးလူမျိုးများကလည်း ယင်းဗလီကို ၎င်းတို့၏ ဘာသာအရ အထွတ်အမြတ်ထားကြသည်။
---------------------------------------
251 / End
၂၄ စက်တင်ဘာ ၂၀၁၅ - ၀၅:၂၀
News ID: 712068
အယ်လ်အက်ဆာဗလီဝင်းအတွင်း ပါလက်စတိုင်းဝတ်ပြုသူများနှင့် ပဋိပက္ခဖြစ်ပွားနေစဉ် နေရာယူထားသော အစ္စရေးတပ်ဖွဲ့ဝင်များ အစ္စလာမ်ဘာသာတွင် အထွတ်အမြတ်အထားဆုံး နေရာ များအနက် တစ်နေရာဖြစ်သော ဂျေရုဆလင်မြို့ရှိ အယ်လ်အက် ဆာဗလီ၌ အစ္စရေးတို့၏ လုပ်ရပ် များနှင့် ပတ်သက်၍ အီရန်ထိပ် တန်းဘာသာရေး ခေါင်းဆောင် အာယာသိုလ္လာအလီ ခါမေနာအီက ယင်းဗလီကို စော်ကားမှုဟု ပြော ဆိုပြီး ပြစ်တင်ရှုတ်ချလိုက်သည်။