အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့ စနေနေ့ တွင် သတင်းတစ်ခု ကို ထုတ်ပြန် ကြေငြာခဲ့ပါ တယ်။ ဆော်ဒီ နိုင်ငံသား အကျော် အမော် ရှီအာ အာလင်မ်မေဒီးန် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခ ဘာကဲရ် ရွလ်နေမေရ် ကို အခြား ၄၆ ဦး နှင့် အတူတကွ သေဒဏ်ပေး ကွပ်မျက်ခဲ့ ကြောင်း သတင်းထုတ်ပြန် ခဲ့ပါ တယ်။ ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ်ဖေဖော်ဝါရီလတွင် အကြီးအကျယ် ဆော်ဒီ အစိုးရ အား သပိတ် မှောက် ဆန္ဒပြ မှု ဖြစ်ပွားခဲ့ပါတယ်။၎င်းသပိတ်ပွဲကြီး ပြီနောက် ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ် တွင် တွင် အကျော် အမော် ရှီအာ အာလင်မ်မေဒီးန် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခ ဘာကဲရ် ရွလ်နေမေရ် ကိုဆော်ဒီ ရဲများမှ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါတယ်။ ရဲများမှ အာယာသွလ္လာဟ် အား သေနတ် နှင့်ပစ်ခတ်ပြီး ဖမ်းချုပ် ခဲ့ကြခြင်း ဖြစ်ပါ တယ်။ သေနတ်နှင့်ပစ်ခတ်မှု ကြောင့် အာယာသွလ္လာဟ် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ရှီအာ အလွန်တရာ မုန်းတီး သည့် ဝဟာဘီ ဆော်ဒီအစိုး အနေဖြင့် ကုသ မှု အတွက် ဂရု လုံးဝ မစိုက် ခဲ့ကြောင်း သတင်းရရှိ ခဲ့ပါတယ် ။
ဆော်ဒီ အစိုး ၏ တရားရုံးမှ အောက်တိုဘာလ ၁၅ရက်နေ့ ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ်တွင် အာယာသွလ္လာဟ် ရှိက်္ခ ဘာကေရ် ရွလ် နေမရ် အား သေဒဏ် ချခဲ့ခြင်းဖြစ်ပါတယ်။ ထိုသေဒဏ် ချပြီးနောက် တကမ္ဘာလုံးတွင် သပိတ်မှောက် ဆန္ဒပြ မှုများ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့ လူမဆန်သည့် ဆော်ဒီ အစိုးရ အနေဖြင့် နိုင်ငံ တကာ မှ သပိတ်မှောက် ဆန္ဒပြမှုများ တောင်းဆို မှုများကို ဥပေက္ခာ ပြုပြီး အရေး မလုပ်ဘဲ အာယာသွလ္လာဟ် ရှိက်္ခ ဘာကဲရ် ရွလ်နေမေရ် ကို ရက်စက်စွာ သေဒဏ် ပေးကွပ် မျက် ခဲ့ပါတယ်။
ဆော်ဒီအစိုးရ အနေဖြင့် မိမိ၏ သမိုင်းတွင်မည့် ရာဇဝတ်မှု ကြီးကို ဖုံးဖိရန် အာယာသွလ္လာဟ် ရှိက်္ခ ဘာကဲရ် ရွလ်နေမေရ် ကို အကြမ်းဖက်သမား ဟု မတရားစွပ်စွဲ ပြီး ကွပ်မျက်ခဲ့ခြင်း ဖြစ်ပါတယ်။
အမှန်တကယ် အာယာသွလ္လာဟ် ရှိက်္ခ ဘာကဲရ် ရွလ်နေမေရ် သည် ဆော်ဒီ ရှီအာ အခွင့်အရေးများကို ဖိနှိပ် ရက်စက်မှု ကို ခံနေရသည့် ဆော်ဒီ ရှီအာ များဘက်မှ တရားမျှတမှု ကို ရယူနိုင်ရန် သတ္တိရှိရှိ နိုးထ တော်လှန်ခဲ့သည့် ရှီအာ တော်လှန်ရေး ခေါင်းဆောင် ကောင်း တစ်ဦး သာဖြစ်ပါတယ်။
==========================
251/End