၁၉ မတ် ၂၀၁၆ - ၁၃:၃၈
   တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့ တွင် ဗုံး ပေါက်ကွဲမှု ဖြစ်ပွား + ဓာတ်ပုံများ

တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့ ရှိ လူအသွားအလာ များသည့် လမ်းမ ပေါ် တွင် ဗုံး ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

တူရကီနိုင်ငံ ၏ဆိက်ကမ်းမြို့တော် အစ္စတန်ဘူလ် မြို့ ရှိ လူအသွားအလာ များသည့် လမ်းမ ပေါ် တွင် ကြီးမားသည့် ဗုံး ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

တူရကီ သတင်းဌာနများ၏ သတင်းထုတ်ပြန်ချက်အရ ဤဗုံး ပေါက်ကွဲမှု ဟာ စနေနေ့ တွင် အစ္စတန်ဘူလ် မြို့ ရှိ လူအသွားအလာ များသည့် လမ်းမ ကြီး ပေါ် တွင်ဖြစ် ပွားခဲ့ပြီး ၊ ၄ဦး ထက်မနည်း သေဆုံးခဲ့ပြီး အယောက် ၂၀ ဒဏ်ရာ ရခဲ့ကြောင်း သိ ရှိရပါတယ်။

ဤ ပေါက်ကွဲမှုဟာ အစ္စတန်ဘူလ်မြို့၏ ကုန်သွယ်ရေး၊စီးပွားရေး၊နှင့် အပန်းဖြေ ရေး ဆိုင်ရာ ဧရိယာ တစ်ခု အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ် ပါတယ်။အစီရင်ခံ ချက်များ အရ လူနာတင်ယာဉ်အများအပြား နှင့် ကယ်ဆယ် မော်တော်ယာဉ်များ ကို အခင်းဖြစ်ပွား သည့်နေရာတွင်တွေ့ မြင်ရ ကြောင်း ဖြစ်ပါတယ်။

ဒဏ်ရာရသူများတွင် ၃ဦးမှာ ဇီယွန်ဝါဒီ အစ္စရေး လူမျိုးများ လည်း ပါဝင်ကြောင်း သိရှိရပါတယ်။

 

အစ္စတန်ဘူလ်မြို့တာဝန်ခံ မြို့ဝန် မှ ပေါက်ကွဲမှု သည် အစ္စတန်ဘူလ်မြို့ ၏ လွတ်လပ် ရေး အေးရိပ်သာ လမ်းမ ပေါ်တွင် ဖြစ်ပွားခဲ့ပြီး ၄ ဦး သေဆုံးခဲ့ကြောင်း ကြေငြာ ချက် ထုတ်ပြန် ခဲ့ပါတယ်။ ဒဏ်ရာရရှိသူများ အနက် သုံးဦး၏ အခြေအနေမှာ အရေးပေါ် ဖြစ်နေကြောင်း စိုးရိမ် ရကြောင်း သိရှိရပါတယ်။

ဤပေါက်ကွဲမှု နှင့်ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်း က ပြုကြောင်း မည်သည့် အကြမ်းဖက် အဖွဲ့အစည်းက တာဝန် ယူကြောင်း တရားဝင် ထုတ်ပြန် ထားခြင်းမျိုး လက်ရှိ အချိန် အထိ မရှိသေးကြောင်း သိရှိရပါတယ်။

တူရကီ ရဲများ အနေဖြင့်လည်း ခိုင်လုံသည့် သတင်းများ အရ တူရကီနိုင်ငံ ၏ အခြားမြို့များ ဖြစ်သည့် အန်ကာရာ မြို့ နှင့် အဇ်မီးရ် မြို့များ ကိုလည်း ပေါက်ကွဲရန် စီစဉ်နေသူ အကြမ်းဖက်သမား ၆ဦး၊ ၄ဦးအမျိုးသား ၂ဦး အမျိုးသမီး ကို ဖမ်းချုပ်နိုင် အောင် ကြိုးပမ်းနေကြောင်း သိရှိရပါတယ်။