၁၂ ဇူလိုင် ၂၀၁၆ - ၁၉:၃၀
အစ္စလာမ်မစ် ရုပ်မြင်သံကြား Channel တစ်ခုကို ပိတ်ပင်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရ စီစဉ်

နိုင်ငံအတွင်း ထုတ်လွှင့်ပြသနေသည့် အစ္စလာမ်မစ်ရုပ်မြင်သံကြား Channel တစ်ခုကို ပိတ်ပင်သွားဖွယ်ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာခဲ့သည်။ ဒါကာမြို့တော်ရှိ ကဖေးတစ်ခုတွင် ဆိုးရွားသည့် အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ခြင်းနှင့် ဆက်စပ်၍ ယခုလိုအစိုးရက စီစဉ်နေခြင်း ဖြစ်သည်။ Peace TV အမည်ရှိသည့် အစ္စလာမ်မစ် ရုပ်မြင်သံကြား Channel သည် လူငယ်များကို အစွန်းရောက်ဝါဒများ ရိုက်သွင်းပေးနေကြောင်း ဝေဖန်မှုများ ရှိနေသည်။ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်တွင် Peace TVကို ပိတ်ပင်မည့် အစီအစဉ်သည် အစိုးရအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ခု ဖြစ်ဖွယ်ရှိသည်။ သို့သော် ဒါကာတိုက်ခိုက်မှုကဲ့သို့ ဖြစ်ရပ်များတွင် Peace TVကဲ့သို့ လှုံ့ဆော်မှုများက အဓိကကျခဲ့ကြောင်း စွပ်စွဲမှုများကိုလည်း အစိုးရက အလေးအနက်စဉ်းစားနေသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံအတွင်း ထုတ်လွှင့်ပြသနေသည့် အစ္စလာမ်မစ်ရုပ်မြင်သံကြား Channel တစ်ခုကို ပိတ်ပင်သွားဖွယ်ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာခဲ့သည်။

ဒါကာမြို့တော်ရှိ ကဖေးတစ်ခုတွင် ဆိုးရွားသည့် အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ခြင်းနှင့် ဆက်စပ်၍ ယခုလိုအစိုးရက စီစဉ်နေခြင်း ဖြစ်သည်။ Peace TV အမည်ရှိသည့် အစ္စလာမ်မစ် ရုပ်မြင်သံကြား Channel သည် လူငယ်များကို အစွန်းရောက်ဝါဒများ ရိုက်သွင်းပေးနေကြောင်း ဝေဖန်မှုများ ရှိနေသည်။

အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်တွင် Peace TVကို ပိတ်ပင်မည့် အစီအစဉ်သည် အစိုးရအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ခု ဖြစ်ဖွယ်ရှိသည်။ သို့သော် ဒါကာတိုက်ခိုက်မှုကဲ့သို့ ဖြစ်ရပ်များတွင် Peace TVကဲ့သို့ လှုံ့ဆော်မှုများက အဓိကကျခဲ့ကြောင်း စွပ်စွဲမှုများကိုလည်း အစိုးရက အလေးအနက်စဉ်းစားနေသည်။

Peace TVမှ တရားဟောဆရာတစ်ဦးဖြစ်သူ ဇာကာနိခ်က မိမိ၏ဟောပြောမှုများသည် ဒါကာတိုက်ခိုက်မှုတွင် သက်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို ငြင်းဆိုထားသည်။ ယခုလ အစောပိုင်းက ဒါကာရှိ Holey Artisan Bakery ကဖေးတွင် သေနတ်သမားများက စီးနင်းပစ်ခတ်ခဲ့ရာ လူပေါင်း ၂၂ ဦး အသက်ဆုံးရှုံးခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ပြန်ကြားရေးဝန်ကြီး ဟာဆာနူလ်ဟက်အီနူက ရုပ်မြင်သံကြား Channel တစ်ခုကို ပိတ်ပင်ရန်အတွက် လုပ်ငန်းပိုင်း အဆင့်များ ကျန်ရှိနေဆဲဟု ဆိုသည်။ “Peace TVဟာ မွတ်ဆလင် အသိုက်အဝန်း၊ ကိုရန်ကျမ်းစာ၊ ဘင်္ဂလားဒေ့ရှ် ဖွဲ့စည်းပုံဥပဒေ၊ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ယုံကြည်မှုတွေ ဘာတစ်ခုနဲ့မှ ကိုက်ညီမှု မရှိပါဘူး”ဟု အီနူက ပြောကြားခဲ့သည်။

Peace TVကို ထူထောင်ခဲ့သည့် မွမ်ဘိုင်းအခြေစိုက် အစ္စလာမ်မစ် သုတေသန ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ နိခ်သည် ဘာသာရေး အစွန်းရောက်မှု ဝါဒီတစ်ဦးအဖြစ် အငြင်းပွားဖွယ် စွပ်စွဲမှုများနှင့် ကြုံခဲ့ရဖူးသည်။ ၎င်းသည် လက်ခံနိုင်စရာ မရှိသည့် အမူအကျင့်များကြောင့် တစ်ချိန်က ဗြိတိန်သို့ ပြည်ဝင်ခွင့် မရဘဲ တားဆီးခံရဖူးသည်။ နိခ်က မိမိ၏ ဟောပြောမှုများကြောင့် လူငယ်များ အကြမ်းဖက်ဝါဒကို ကျင့်သုံးခဲ့သည် ဆိုခြင်းမှာ အခြေအမြစ် မရှိဟု တုံ့ပြန်ခဲ့သည်။

“ဘင်္ဂလားဒေ့ရှ် အစိုးရ အဖွဲ့ထဲက လူတချို့နဲ့ စကားပြောဖြစ်ပါတယ်။ ကျွန်တော်က အကြမ်းဖက် ဝါဒကို တွန်းအားပေး ဟောပြောနေတယ်လို့ သူတို့လည်း မယုံကြည်ပါဘူး။ ကျွန်တော့် စကားတွေက လူတွေကို သတ်ဖြတ်ဖို့ ဆော်ဩနေခဲ့တယ် ဆိုတာမျိုးဟာ အဓိပ္ပါယ် လုံးဝမရှိပါဘူး”ဟု ၎င်းက ပြောကြားသွားသည်။
===================
251 / End