အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်ခေါင်းဆောင်များနှင့်အတူ စစ်သမိုင်းပြတိုက်တွင် ဇူလိုင် ၁၅ ရက်က လေ့လာနေစဉ် (ဓာတ်ပုံ − MOI)
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်အပါအ၀င် တပ်မတော် ထိပ် ပိုင်းခေါင်းဆောင်များနှင့်အတူ နေပြည်တော်ရှိ တပ်မတော် စစ် သမိုင်းပြတိုက်သို့ ဇူလိုင် ၁၅ ရက် တွင် ပထမဆုံးအကြိမ် သွား ရောက်လေ့လာခဲ့သည်။
နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ နှစ်နာရီကြာ လေ့လာ မှုသည် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ထိပ်တန်းခေါင်း ဆောင်များအကြား ဒီချုပ်အစိုးရ လက်ထက် ဒုတိယအကြိမ် စုံညီ ခဲ့ကြခြင်းဖြစ်သည်။ တပ်ချုပ်၊ ဒု တပ်ချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနှင့် နယ်စပ် ရေးရာဝန်ကြီးတို့ကို ဒေါ်အောင် ဆန်းစုကြည်နှင့်အတူ မတ်လ ၃၀ ရက် အာဏာလွှဲသည့်အခမ်းအနား တွင် ပထမဆုံးအကြိမ် စုံစုံညီညီ တွေ့ခဲ့ကြရသည်။
မေလဆန်းက သမ္မတ ဦး ထင်ကျော်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် တို့၏ ပထမဆုံးခရီးစဉ်ဖြစ်သော လာအိုခရီးစဉ်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လေဆိပ် သို့လိုက်လံပို့ဆောင်ပေးပြီးနောက်မီဒီယာ စာမျက်နှာက်ထက်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ် ချုပ်တို့ကို ယှဉ်တွဲလျက် ပြန်မြင် ရခြင်းလည်း ဖြစ်သည်။
၂၁ ရာစုပင်လုံညီလာခံ ဖြစ် မြောက်ရေး အရှိန်မြှင့်လုပ်ဆောင် နေချိန်တွင် ခေါင်းဆောင်နှစ်ဦး အတူတကွ ပြန်တွေ့ရခြင်းဖြစ် သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည် ပုံမှန်တက်ရောက်လေ့ရှိ သည့် အာဇာနည်ဗိမာန်သို့ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် သည် ၎င်း၏သက်တမ်းအတွင်း ပထမဆုံးအကြိမ်အဖြစ် လာမည့် ၁၉ ရက်၌ တက်ရောက်မည်ဖြစ် သည်။ လွန်ခဲ့သည့် အစိုးရသက် တမ်းက တပ်ချုပ်သည်ရန်ကုန်မြို့ အာဇာနည်ဗိမာန်သို့ မတက် ရောက်ခဲ့ပေ။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့သည် ခေတ်အ ဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ ကြသည့် တပ်မတော်ခေါင်း ဆောင်များ၏ ဓာတ်ပုံပြကွက်များ ကို လှည့်လည် ကြည့်ရှုလေ့လာ ကြသည်။
ထို့နောက် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တပ်ချုပ်တို့သည် ရှေး ခေတ် မြန်မာ့တပ်မတော် စတင် ပေါ်ပေါက်လာချိန်မှစ၍ မျက် မှောက်ကာလအထိ ခင်းကျင်းပြ သထားသော စစ်သမိုင်းပြတိုက် နှင့် တပ်မတော်မော်ကွန်းတိုက်မှူး ရုံး ပြခန်းအတွင်းရှိ ရှေးဟောင်း ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ရှေး ခေတ်တပ်မတော်သုံး ပစ္စည်းများ နှင့် လက်နက်ကိရိယာများ၊ နယ် ချဲ့ဆန့်ကျင်ရေးကာလ မျိုးချစ် သူရဲကောင်းများ၏ အသုံးအ ဆောင်ပစ္စည်းများနှင့် လက်နက် ကိရိယာများ၊ နယ်ချဲ့အင်္ဂလိပ်တို့ အသုံးပြုခဲ့သော လက်နက်ပစ္စည်း များ၊ ဗမာ့လွတ်လပ်ရေးတပ်မ တော်နှင့် ဗမာ့ကာကွယ်ရေးတပ် မတော်တို့၌ အသုံးပြုခဲ့သောလက် နက်များနှင့် ပစ္စည်းကိရိယာများ၊ ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့ သော ပစ္စည်းများကို ကြည့်ရှုလေ့ လာကြကြောင်း နိုင်ငံပိုင်မီဒီယာ က ထုတ်ပြန်သည်။
ထို့နောက် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလအတွင်းဗြိတိသျှ နှင့်ချုပ်ဆိုခဲ့သော သမိုင်းဝင် စာ ချုပ်စာတမ်းများ၊ လွတ်လပ်ရေး ရရှိပြီးနောက် မြန်မာ့တပ်မတော် က ဆင်နွှဲခဲ့သော သမိုင်းဝင်တိုက် ပွဲကြီးများနှင့် စစ်ဆင်ရေးများ၊ အစိုးရအဆက်ဆက် ဆောင်ရွက် ခဲ့သော ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ၊တပ်မတော် ခေါင်းဆောင်များအား ပြည်ပ နိုင်ငံများနှင့် တိုင်းရင်းသား ခေါင်း ဆောင်များက ပေးအပ်ခဲ့သော လက်ဆောင်ပစ္စည်းများခင်းကျင်း ပြသထားမှုကို လှည့်လည်ကြည့်ရှု လေ့လာကြရာ မော်ကွန်းတိုက်မှူး ဗိုလ်မှူးကြီးမိုးဇော်ထွန်းနှင့်တာဝန် ရှိသူများက ရှင်းလင်းတင်ပြ ကြောင်း သတင်းထုတ်ပြန်သည်။
===================
251 / End
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်ခေါင်းဆောင်များနှင့်အတူ စစ်သမိုင်းပြတိုက်တွင် ဇူလိုင် ၁၅ ရက်က လေ့လာနေစဉ် (ဓာတ်ပုံ − MOI) နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်အပါအ၀င် တပ်မတော် ထိပ် ပိုင်းခေါင်းဆောင်များနှင့်အတူ နေပြည်တော်ရှိ တပ်မတော် စစ် သမိုင်းပြတိုက်သို့ ဇူလိုင် ၁၅ ရက် တွင် ပထမဆုံးအကြိမ် သွား ရောက်လေ့လာခဲ့သည်။ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ နှစ်နာရီကြာ လေ့လာ မှုသည် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ထိပ်တန်းခေါင်း ဆောင်များအကြား ဒီချုပ်အစိုးရ လက်ထက် ဒုတိယအကြိမ် စုံညီ ခဲ့ကြခြင်းဖြစ်သည်။ တပ်ချုပ်၊ ဒု တပ်ချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနှင့် နယ်စပ် ရေးရာဝန်ကြီးတို့ကို ဒေါ်အောင် ဆန်းစုကြည်နှင့်အတူ မတ်လ ၃၀ ရက် အာဏာလွှဲသည့်အခမ်းအနား တွင် ပထမဆုံးအကြိမ် စုံစုံညီညီ တွေ့ခဲ့ကြရသည်။ မေလဆန်းက သမ္မတ ဦး ထင်ကျော်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် တို့၏ ပထမဆုံးခရီးစဉ်ဖြစ်သော လာအိုခရီးစဉ်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လေဆိပ် သို့လိုက်လံပို့ဆောင်ပေးပြီးနောက်မီဒီယာ စာမျက်နှာက်ထက်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ် ချုပ်တို့ကို ယှဉ်တွဲလျက် ပြန်မြင် ရခြင်းလည်း ဖြစ်သည်။