၃ နိုဝင်ဘာ ၂၀၁၆ - ၂၀:၂၀
ကုလညှိနှိုင်းရေးမှူး မောင်တောသို့လာရောက်လေ့လာ

နယ်စပ်ရေးရာဝန် ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒု တိယဗိုလ်ချုပ်ကြီးရဲအောင် ဦး ဆောင်ကာ ကုလသမဂ္ဂမြန်မာနိုင် ငံဆိုင်ရာဌာနေညှိနှိုင်းရေးမှူးရီနာ တာဒက်စ်ဆယ်လီရန်နှင့် နိုင်ငံတ ကာသံတမန်အဖွဲ့ဝင်များသည် နိုဝင်ဘာ ၂ရက် နံနက်က ရခိုင်ပြည်နယ် စစ်တွေမြို့မှ မောင်တောမြို့သို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နယ်စပ်ရေးရာဝန် ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒု တိယဗိုလ်ချုပ်ကြီးရဲအောင် ဦး ဆောင်ကာ ကုလသမဂ္ဂမြန်မာနိုင် ငံဆိုင်ရာဌာနေညှိနှိုင်းရေးမှူးရီနာ တာဒက်စ်ဆယ်လီရန်နှင့် နိုင်ငံတ ကာသံတမန်အဖွဲ့ဝင်များသည် နိုဝင်ဘာ ၂ရက် နံနက်က ရခိုင်ပြည်နယ် စစ်တွေမြို့မှ မောင်တောမြို့သို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာသည်။

အဆိုပါအဖွဲ့သည်  မောင် တောမြို့နယ် မြောက်ပိုင်းကျီး ကန်းပြင်နယ်ခြားစောင့်ရဲဌာနချုပ် တွင် ဒေသတွင်းလုံခြုံရေးတာဝန် ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး တာဝန် ရှိသူများက အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ဆက်လက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် များကို ရှင်းပြသည်။ ထို့နောက် ၀က်ပစ်(၀ါးပိတ်) ဘင်္ဂါလီကျေး ရွာ၊ ကျီးကန်းပြင်ဘင်္ဂါလီရွာ၊ ဇင် ပိုင်ညာဘင်္ဂါလီရွာ၊ ကြိမ်ချောင်း တိုက်နယ်၊ ငါးစားကြူးဘင်္ဂါလီ ကျေးရွာ၊ ပြောင်ပစ်ဘင်္ဂါလီရွာ နှင့် ကြက်ရိုးပြင်ဘင်္ဂါလီရွာများသို့ သွားရောက်လေ့လာခဲ့ကာ ဘင်္ဂါ လီများနှင့်တွေ့ဆုံခဲ့သည်။

မောင်တောဒေသတွင် လူ့ အခွင့်အရေးချိုးဖောက်မှုများကျူး လွန်နေကြောင်း စွပ်စွဲမှုများနှင့် ပတ်သက်၍ ကုလဌာနေကိုယ်စား လှယ်နှင့် အဖွဲ့အစည်းများကို သွားရောက်လေ့လာခွင့်ပြုထား ပြီး  လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များအတွက် WFPကဲ့သို့ အ ဖွဲ့များကို သွားရောက်ခွင့်ပေး ထားကြောင်း သတင်းရရှိသည်။

အဆိုပါကုလနှင့် နိုင်ငံတ ကာသံတမန်အဖွဲ့သည်  ညနေတွင် မောင်တောမြို့မှ စစ်တွေမြို့သို့ ပြန်လည်ထွက်ခွာသွားကြပြီး နိုဝင်ဘာ ၃ရက်တွင် မောင်တောမြို့နယ် တောင်ပိုင်းကျေးရွာများသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင် ငံခြားရေးဝန်ကြီးဌာနဒုတိယ၀န် ကြီးဦးကျော်တင်လည်း လေ့လာရေးခရီးလိုက်ပါခဲ့သည်။

အကာလ်မူလ်မူဂျာဟီဒင်န် အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု များဖြစ်ပွားခဲ့ပြီးနောက် နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများကို မောင်တောဒေသတွင် ဆောင်ရွက်နေသည်။ နယ်မြေရှင်းလင်းမှု များအတွင်း လူ့အခွင့်အရေးချိုး ဖောက်မှုများရှိနေကြောင်း ပြည်  တွင်းသတင်းဌာနအချို့နှင့် နိုင်ငံ တကာမီဒီယာ၊ အဖွဲ့အစည်းအ ချို့က စွပ်စွဲရေးသားမှုများရှိနေ သော်လည်း ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရအဖွဲ့က ငြင်းဆိုထားပြီး ကုလသမဂ္ဂကိုယ်စားလှယ်များအား မောင်တောဒေသသို့ ၀င်ရောက်လေ့လာခွင့်ပြုခဲ့သည်။ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌစည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က နယ်မြေရှင်းလင်း ရေးလုပ်ငန်းများဆောင်ရွက်နေ စဉ်အမျိုးသမီးများ မတရားပြုကျင့်ခံရခြင်းအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်ခြင်းများရှိနေကြောင်း ပြည်တွင်းနှင့်နိုင်ငံတကာမီဒီယာအချို့က သတင်းရေးသားထုတ်လွှင့်နေမှုမှာ အထောက်အထားခိုင်လုံမှုမရှိကြောင်း ပြောကြားသည်။

===================    
251 / End