၈ နိုဝင်ဘာ ၂၀၁၆ - ၁၆:၅၃
ပြည်သူများအား ၀န်ဆောင်မှုပေးခြင်းဖြင့် ပြည်သူအားကိုးယုံကြည်ရသည့် ၀န်ထမ်းကောင်းများဖြစ်လာစေရေးကြိုးပမ်းရန် အုပ်ချုပ်ရေးမှူးများကို

ပြည်သူများအား ၀န် ဆောင်မှုပေးခြင်းဖြင့် ပြည်သူလူ ထုအားကိုး ယုံကြည်ရသည့်ဝန် ထမ်းကောင်းများဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပြည်သူများအား ၀န် ဆောင်မှုပေးခြင်းဖြင့် ပြည်သူလူ ထုအားကိုး  ယုံကြည်ရသည့်ဝန် ထမ်းကောင်းများဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။

နေပြည်တော်ရှိ Hotel Max၌ နိုဝင်ဘာ ၇ရက် ညနေ ၅နာရီတွင် ကျင်းပသည့်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန (၂၈)နှစ်မြောက်နှစ် ပတ်လည်နေ့အခမ်းအနား၌ ဒုတိယသမ္မတက ယင်းသို့ပြောကြားခြင်းဖြစ်သည်။

ဒုတိယသမ္မတက ထိရောက် ကောင်းမွန်သည့် စီမံအုပ်ချုပ်မှု စ နစ်ဖြစ်ပေါ်စေရေးနှင့် ပြည်သူ့ဝန် ဆောင်မှု(People Service)လုပ် ငန်းများထိရောက်အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ၀န်ထမ်းများသည် သော့ချက်ဖြစ်ပြီး  အစိုးရအုပ်ချုပ်ရေးနယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေး၏     အဓိကမောင်းနှင်အားများဖြစ်ပါကြောင်းတာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့်ဝန်ထမ်းအဖွဲ့အစည်း ဖြစ်ရန်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းပြောကြားသည်။


ထို့အပြင် ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များကို ဖြည့် ဆည်းဆောင်ရွက်ရန် ပြည်သူ့ဝန် ဆောင်မှုရုံး(One Stop Shops) ၃၁၆ရုံးကို ဖွင့်လှစ်ခဲ့ပြီးဖြစ် ကြောင်း၊ ပြည်သူများအား ၀န် ဆောင်မှုပေးခြင်းဖြင့် ပြည်သူလူ ထုအားကိုးယုံကြည်ရသည့် ၀န် ထမ်းကောင်းများဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဒုသမ္မတကပြောသည်။

အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၀န်ထမ်းများသည် နိုင်ငံ တော်အဆင့်မှ ရပ်ကွက်ကျေးရွာ အဆင့်အထိ တာဝန်ထမ်းဆောင် လျက်ရှိ၍ နိုင်ငံတော်၏ မူဝါဒများအောင်မြင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့တွင် ဒေသအသီးသီးရှိ တိုင်းရင်းသားပြည်သူများ ၀ိုင်းဝန်းကူညီပါဝင်လာစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

၁၉၈၈ နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့ကာလတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာအမှတ်(၄/၈၈)ဖြင့် ‘အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန’ကို ၁၉၈၈ နိုဝင်ဘာ ၇ရက်က စတင်၍ ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာခဲ့ကာ ၂၀၁၆ နိုဝင်ဘာ ၇ရက်သည် ထွေ/အုပ်(၂၈) နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်သည်။

===================    
251 / End