အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန်သမ္မတအ သစ်ဖြစ်လာမည့် ဒေါ်နယ်ထရန့် သည် မြန်မာနိုင်ငံအပေါ် ဆက် ဆံရေး အလေးထားဆောင်ရွက် မည့်သူမဟုတ်ဘဲ အကူအညီပေး မှုများ လျှော့ချလာဖွယ်ရှိကြောင်း အမေရိကန်ရောက် မြန်မာများက သုံးသပ်ပြောကြားသည်။
နိုဝင်ဘာ ၉ ရက်က ပြုလုပ် သည့် အမေရိကန်နိုင်ငံ ရွေး ကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဒေါ်နယ်ထရန့်သည် လက်ရှိ သမ္မတ အိုဘားမားကဲ့သို့ မြန်မာ နိုင်ငံအရေးအပေါ် အလေးထား ဆောင်ရွက်မည်မဟုတ်ဘဲ မြန်မာနိုင်ငံသို့ လာရောက်ပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများပါ လျှော့ချ လာဖွယ်ရှိသူ ဖြစ်သောကြောင့် စိုးရိမ်မိကြောင်း အမေရိကန် ရောက် မြန်မာများက ဆိုသည်။
‘‘ထရန့်တက်လာတာက မြန်မာနိုင်ငံအပေါ်တော့ စိုးရိမ်ရတာ ပေါ့နော်။ ဘာလို့လဲဆိုတော့ သူကအမေရိကန်ပြည်တွင်းပဲ စိတ်ဝင် စားတာကိုး။ ကမ္ဘာ့ရေးရာတွေမှာ သူက စိတ်ဝင်စားမှုမရှိဘူး။ မြန် မာပြည်အရေးဆို ပိုဝေးတာပေါ့။ လူဝင်မှုကြီးကြပ်ရေးကိုလည်း ကိုင်တွယ်လာနိုင်တယ်။ စီးပွား ရေးပိုင်းဆိုလည်း ပြည်တွင်းမှာ အဓိကလုပ်ပြီးတော့ ပြည်ပမှာ ရင်းနှီးမြှုပ်နှံမှုထွက်သွားမှာကို စိုး ရိမ်တယ်လို့ ပြောထားတဲ့အတွက် ပြည်တွင်းမှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ့်သဘောရှိတယ်။ ပြည်ပ မှာတော့ လျှော့မယ့် သဘောရှိ တယ်’’ဟု အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Arlington မြို့ တွင် နေထိုင်ပြီး မြန်မာ့အရေးသုံး သပ်သူ ကိုဝင်းမင်းက ပြောကြားသည်။
‘‘ထရန့်ရဲ့ နိုင်ငံခြားရေးမူဝါဒ မှာ ခြေခြေမြစ်မြစ်ရှိသလို ညှိနှိုင်း မယ်ဆိုတဲ့သဘောလည်း မတွေ့ ရဘူး။ သူက အကောင်းဆုံးလုပ် မယ်ပြောတယ်။ ဒါပေမဲ့ ဘယ်လို လုပ်မလဲဆိုတာ မပါဘူး။ ပြီးတော့သူက အမေရိကန်ဘက်ကိုပဲ အား သာအောင်လုပ်မယ်။ အိုဘားမား လိုတော့ အာရှကို အလေးထားမှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ပါစေ သူက အိုဘားမားလို မြန်မာနဲ့ဆက် ဆံရေးကို အရေးထား ဆောင် ရွက်မယ့်သူမဟုတ်ဘူး။ အကူအညီတွေ လျှော့ပေးနိုင်တယ်။ မြန်မာကို သူက အလေးထားမယ်လို့ မထင်ဘူး။ မြန်မာနဲ့ ဆက်ဆံရေး က အခုထက် ကျဆင်းသွားလိမ့် မယ်။ ပြီးတော့ သူ့အရင် ရီပက် ဘလေကန်သမ္မတ ဘုရှ်ကလည်း မြန်မာအပေါ် သာမန်ပဲလေ’’ဟု ဝါရှင်တန်ဒီစီမြို့တွင် နေထိုင်သူ မထားထားမြင့်က ပြောသည်။
ဒေါ်နယ်ထရန့်၏ ရီပက်ဘ လေကန်ပါတီသည် မြန်မာနိုင်ငံ နှင့် ဆက်ဆံရေးကောင်းမွန်သည့် ပါတီတစ်ခုဖြစ်သော်လည်း ဒေါ်နယ်ထရန့်သည် မြန်မာအပါအဝင် အာရှတိုက်၏အရေးကို စိတ်ဝင်စားသူမဟုတ်ကြောင်း ဝါရှင်တန်ဒီစီမြို့နေ အမေရိကန်နိုင်ငံသူ အဖြစ် ခံယူထားသည့် ဒေါ်လုံးက ပြောသည်။
‘‘မြန်မာနဲ့ဆက်ဆံရေးဆိုလို့ ဒေါ်နယ်ထရန့်က မြန်မာဝေးလို့ ဒေါ်အောင်ဆန်းစုကြည်ကို တောင် သိပါ့မလားလို့ တွေးနေမိ ပါရဲ့။ ဆက်ဆံရေးကတော့ ပို ကောင်း၊ တိုးတက်စရာအကြောင်း မမြင်ပါဘူး။ သူက အာရှနိုင်ငံတွေကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ အဲ...တရုတ်ကတော့ ကမ္ဘာ့ဥတုရာသီအပြောင်းအလဲကို လုပ်ကြံထားတာလို့ သူပြောထားတာဆို တော့ အိမ်နီးချင်းမြန်မာကိုလည်း ဆွဲထည့်ကောင်း ထည့်မှာပေါ့။ ဒါပေမဲ့ သူ့ရဲ့ ရီပက်ဘလေကန် ပါတီကတော့ မြန်မာနဲ့ ဆက်ဆံ ရေးကောင်းခဲ့တဲ့ အစဉ်အလာရှိ တယ်။ သူ့ကို အကြံကောင်းဉာဏ် ကောင်းတွေပေးနိုင်ပါရဲ့လို့တော့ တွေးမိကြောင်းပါ။ သမ္မတအိုဘား မားမဆင်းခင် မြန်မာအပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးပြီးဖြစ်တဲ့ အတွက် စီးပွားရေးအရ ဆက်ဆံ ရေးကတော့ ပိုနေမြဲကျားနေမြဲလို့ ပဲ သုံးသပ်မိပါတယ်။ နိုင်ငံရေး အရကတော့ ပုံမှန်သဘောပဲ ဖြစ်ပါလိမ့်မယ်’’ဟု ဒေါ်လုံးက ပြော သည်။
‘‘အမေရိကမှာ နေလာတာ အနှစ် ၂၀ နီးပါးရှိပါပြီ။ အဖြူအ မေရိကန်အများစုက ကမ္ဘာမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမှာ ဆရာကြီးလုပ်နေတာ။ တကယ် တမ်း သူတို့ရင်ထဲမှာ လူမျိုးရေးခွဲ ခြားမှု-Racist၊ အာဃာတတွေ ဟာ ကိန်းအောင်းနေဆဲလို့ သုံး သပ်မိပါတယ်။ အခု အရွေးခံရတဲ့ သူရဲ့ နိုင်ငံခြားသားတွေအပေါ်အ မြင်က သူတို့ရင်ထဲက ခံစားချက် ကို ရောင်ပြန်တယ်လေ။ နိုင်ငံခြားသားတွေက အမေရိကန်တွေရဲ့ အလုပ်တွေကို လုနေကြတယ်။ အကြောင်းအရာတွေအများကြီး ထဲက နမူနာတစ်ခုပြောပြချင်ပါ တယ်။ ဒီမိုကရက်တစ်အစိုးရက ကမ္ဘာ့ဥတုရာသီ အပြောင်းအလဲ ကြောင့် လေထုမညစ်ညမ်းရ အောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်း တဲ့အနေနဲ့ ကျောက်မီးသွေးတွင်း (Coal Mine) တွေကိုပိတ်တော့ မိုင်းလုပ်သားတွေက စိတ်နာနေ ကြတာ’’ဟု ၎င်းက ဆက်လက် ပြောသည်။
သမ္မတအသစ်ဖြစ်လာမည့် ဒေါ်နယ်ထရန့်သည် ရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက် သည့် မူဝါဒများချမှတ်လာမည့်သူ ဖြစ်သည်ဟု အမေရိကန်နိုင်ငံတွင် နေထိုင်သည့် အမည်မဖော်လိုသူ မြန်မာနိုင်ငံသားတစ်ဦးက ပြော ကြားသည်။
‘‘ထရန့် အနိုင်ရတာဟာ အမေရိကန်လူထုရဲ့ ရွေးချယ်မှု ပါ။ အရင် ဒီမိုကရက်အစိုးရလက် ထက်မှာ အခွန်တွေ တိုးမြှင့်ပေး ဆောင်ခဲ့ရပြီး ဒီအခွန်တွေကို အလုပ်မလုပ်သူတွေအတွက် ပြန် ထောက်ပံ့ပေးရသလို ဖြစ်နေ တယ်လို့ လူဖြူအလုပ်သမားလူ တန်းစားက တွက်ဆပုံရပါတယ်။ ထရန့် အနိုင်ရတာကြောင့် မြန် မာနိုင်ငံအပေါ် မူဝါဒကတော့ သိ သိသာသာ ပြောင်းလဲစရာ မရှိပါ ဘူး ယူဆပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လက်ရှိ မူဝါဒတွေ ဟာ အမေရိကန်ပါတီကြီးနှစ်ရပ် စလုံးမှာ တူညီနီးစပ်ပါတယ်။ တ ကယ်ပြောရရင်တော့ ရီပက်ဘလေကန်တွေလက်ထက်မှာ မြန်မာ့ဒီမိုကရေစီရေးအတွက် ပိုပြီး ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့ တာပါ။ အရင် ဒီမိုကရက်အစိုးရ တုန်းက အာရှနဲ့ပတ်သက်လို့ AsiaPivot မူဝါဒ (အာရှအလေးပေးတဲ့ မူဝါဒ)ရှိခဲ့ပြီး ထရန့်လက်ထက်မှာ တော့ ဒီမူဝါဒတစ်စုံတစ်ရာအရွေ့ ရှိနိုင်ပါတယ်’’ဟု ၎င်းက ပြော သည်။
နိုဝင်ဘာ ၉ ရက်တွင် စိတ် လှုပ်ရှားစရာ အချိန်နာရီများကို ဖြတ်ကျော်ခဲ့ပြီးနောက် ဒေါ်နယ် ထရန့်သည် အမေရိကန် ရွေး ကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီ ဖြစ် သည်။
ရီပက်ဘလေကန်ကိုယ်စား ပြုယှဉ်ပြိုင်ခဲ့သည့် ဘီလျံနာသူ ဌေးကြီးသည် ပြိုင်ဘက်ဒီမိုကရက်သမ္မတလောင်း ဟီလာရီကလင် တန်ကို ရွေးကောက်ပွဲမဲရေတွက် မှုအခြေအနေများတွင် တောက် လျှောက် ဦးဆောင်သွားနိုင်ခဲ့ပြီး နောက်ဆုံးပိုင်း ထွက်ပေါ်လာ သည့် ပန်ဆယ်လ်ဗေးနီးယားနှင့် ဝစ္စကွန်ဆင် အနိုင်ရလဒ်များ ကြောင့် အမေရိကန်သမ္မတဖြစ် လာရန် လိုအပ်သော ကိုယ်စား လှယ်မဲအရေအတွက် ၂၇၀ ကို ကျော်လွန်ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာပြည်ရှိ ပြည်သူအများ စုကလည်း အမေရိကန် ရွေး ကောက်ပွဲအပေါ် စိတ်ဝင်တစား စောင့်ကြည့်ပြီး မြန်မာနိုင်ငံနှင့် ရင်းနှီးမှုရှိသည့် ဟီလာရီကလင် တန်သာ အနိုင်ရရှိစေချင်ကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ရေးသားခဲ့သည်။
အမေရိကန်နိုင်ငံတွင် မြန်မာ နိုင်ငံသား နှစ်သိန်းခန့် သွားရောက်နေထိုင်လုပ်ကိုင်နေကြောင်း သိ ရသည်။
===================
251 / End
ဒေါ်နယ်ထရန့်လက်ထက် မြန်မာအရေး အလေးထားမှုနှင့်အကူအညီများ လျော့နည်းသွားနိုင်ကြောင်း အမေရိကန်ရောက်မြန်မာများ သုံးသပ်
၁၀ နိုဝင်ဘာ ၂၀၁၆ - ၁၈:၃၇
News ID: 791146
အမေရိကန်သမ္မတအ သစ်ဖြစ်လာမည့် ဒေါ်နယ်ထရန့် သည် မြန်မာနိုင်ငံအပေါ် ဆက် ဆံရေး အလေးထားဆောင်ရွက် မည့်သူမဟုတ်ဘဲ အကူအညီပေး မှုများ လျှော့ချလာဖွယ်ရှိကြောင်း အမေရိကန်ရောက် မြန်မာများက သုံးသပ်ပြောကြားသည်။