၁၀ နိုဝင်ဘာ ၂၀၁၆ - ၂၀:၂၇
ပထမဆုံး အီရန်နိုင်ငံသား စွန်နီ မွတ်စလင်မ်များ အသုတ်  ကျဲဟ်လွမ် အတွက် ကရ်ဗလာ  သို့ ထွက်ခွာ + ဓာတ်ပုံများ

မကြာမီ ကျရောက်လာမည့် အေမာမ်ဟိုစိန် (အ.စ) ၏ အရ်ဗအီးန် (ခ) ကျဲဟ်လွန်မ် အတွက် ခြေလျင် ဇေယာရသ် အစီအစဉ်တွင် ပါဝင် နိုင်ရန် ပထမဆုံး အီရန်နိုင်ငံ သား စွန်နီ မွတ်စလင်မ်များ အသုတ် အီရန် မှ အီရတ် နိုင်ငံသို့ ခရီး စတင်ထွက်ခွာ သွားပြီး ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်နိုင်ငံသား စွန်နီ မွတ်စလင်မ်အုပ်စု တစ်စု ၊၎င်းအုပ်စု အတွင်း စွန်နီ အာလင်မ်များ ပြီးနောက် ဘာသာရေး လှုပ်ရှားနေသူများ ပါဝင် ပါတယ်။ ၎င်းတို့ မှာ အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ဂိုရေစ်စတန် ပြည်နယ်၊ စစ်သန်နှင့် ဗလိုဂျစ်စတန် ပြည်နယ်၊ ခိုရာစာန်နေရဇာဝီ ပြည်နယ်တို့ မှ ဖြစ်ကြပါတယ်။ဤအုပ်စု ၏ အမည် မှာ အွန်မသ် သေမိုဟမ္မဒ် (ဆွ)  ဖြစ်ပြီး မကြာမီ ကျရောက်လာမည့် အေမာမ်ဟိုစိန် (အ.စ) ၏ အရ်ဗအီးန် (ခ) ကျဲဟ်လွန်မ် အတွက် ခြေလျင် ဇေယာရသ် အစီအစဉ်တွင် ပါဝင် နိုင်ရန် ခရီးထွက်လာခြင်း ဖြစ်ပါတယ်။  အယောက် ၆၀ ခန့် ရှိကြောငိး သိရပါတယ်။  


ဤအဖွဲ့ အုပ်စု တွင်ပါဝင်သူများ မှာ မော်လဝီ ရအီးစီ ( သာသနာပြုဆရာ) ၊မော်လဝီ သရ်နဂျီး (ကျာဗ်ပဟာအေမာမ် ဂျွန်မာ ) ၊ မော်လဝီ သွာဟေရ် ကဒ်ဒူစီ (အေမာမ်ဂျွန်မာ ) ၊ မော်လဝီ ဂိုလ်မိုဟမ္မဒ် ဗဲဟ်ရာမီ (အေမာမ် ဂျမာအသ်) ၊ မော်လဝီ ယူစွဖ် ဂရ်ဂီးဂ်ျ (ဟဇရသ် အီဗရာဟီးမ် (အ.စ) ဗလီ ၏ ရှေ့ဆောင်ဆရာ ) ၊ မော်လဝီ ဗေလာလ်ပီးသီးဂ် အာဝရ် ( ဟောင်ဇေ ဇာအေဒန် ၏ စာချဆရာ နှင့် အက္က်ဆွာ ဗလီ၏ ရှေ့ဆောင်ဆရာ ) တို့ ပါဝင်ကြောင်း သိရပါတယ်။


ကရ်ဝန် အွန်မသ် သေမိုဟမ္မဒ် (ဆွ) အုပ်စု သည် နိုဝင်ဘာလ ၁၁ ရက်နေ့ သောကြာနေ့ မှ နိုဝင်ဘာလ ၁၈ ရက်နေ့ သောကြာနေ့ အထိ အီရတ် နိုင်ငံတွင် ရှိမည် ဖြစ်ပါတယ်။ ဤအဖွဲ့နေဖြင့် နဂျဖ်ဖေအရှ်ရဖ် မြို့ သို့ ဦးစွာ သွားရောက်ပြီး မောင်လာ အမီးရွလ်မိုမေနီး အေမာမ် အလီ (အ.စ) ၏ ရောင်ဇာတော်တွင် အခစားဝင် ဇေယာရသ် ပြု ကြမည် ဖြစ်ပါတယ်။ ပြီးနောက် နဂျဖ်မြို့  ကရ်ဗလာ မြို့ သို့ ခြေလျင် ခရီးထွက်ပြီး အေမာမ် ဟိုစိန် (အ.စ) ၏ ဇေယာရသ် ပြုမည် ဖြစ်ပါတယ်။ ကရ်ဗလာ တွင် အေမာမ်ဟိုစိန် (အ.စ) ၏ အရ်ဗအီးန် (ခ) ကျဲဟ်လွန်မ် ပြုလုပ်မည်ဖြစ်ပါတယ်။ပြီးနောက် ဘဂ္ဂဒက် မြို့ သို့ ခ၇ီး ဆက်ပြီး အေမာမ်အဘူဟနီဖာ (စွန်နီအေမာမ်၎ပါးမှ တစ်ပါး ) ၏ ကဗဲရ် တော် နှင့် ကိုသူဗ် ဂီးလာနီ ၏ ကဗဲရ်တော်ဇေယာရသ် ပြုရန် သွားကြမည် ဖြစ်ပါတယ်။


ဤအုပ်စု အား မဂ်ျမယေ သက်္ကရီးဗ်ဗေ မဇာအေဗ် ရှီအာ ၊စွန်နီ ချစ်ကြည်ရေး ကို လိုလားသည့် ရှီအာ စွန်နီ အလှူရှင်များ ၏ ငွေအားထောက်ပံ့မှုဖြင့် ဖြစ်ပေါ် လာကြောင်း သိရှိရပါတယ်။   



========================
251 / End