၁၅ နိုဝင်ဘာ ၂၀၁၆ - ၁၉:၁၁
အီရန် နိုင်ငံ သမ္မတ   နှင့် တရုတ် နိုင်ငံ ကာကွယ်ရေး ဝန်ကြီး တွေ့ဆုံ

အီရန် အစ္စလာမ်မစ်သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ H.I ဟစန်ရူဟာနီ မှ မိမိတို့ နိုင်ငံ အနေဖြင့် ကာကွယ်ရေး ၊စစ်ရေး ကိစ္စ အပါအဝင် အခြား ကဏ္ဍများတွင်လည်း တရုတ်နိုင်ငံ နှင့်ပူးပေါင်း လက်တွဲ ဆောက်ရွက်မှု ကို ပိုမိုကောင်းမွန် တိုးတက်လာသည် ကို လိုလား ကြောင်း ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တီဟီရန် မြို့ တွင် တရုတ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဂျန်ဂ်ဝန်ဂိုဝန်  နှင့် တွေ့ဆုံ စကားပြောကြားရင် အီရန် သမ္မတ ဒေါက်တာ H.I ဟစန်ရူဟာနီ မှ လက်ရှိ ကမ္ဘာ ကြီး အနေဖြင့် အကြမ်းဖက်အစွန်းရောက် သမားများ ကိစ္စ နှင့် အချို့ နိုင်ငံများအနေဖြင့် တခြား နိုင်ငံ များ ၏ကိစ္စ တွင် တရား မဝင် ဝင်ရောက် စွက်ဖက် နေခြင်း ကိစ္စ ဆိုသည့် အရေးကြီး ကိစ္စ နှစ်ခု နှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပါတယ်။


အီရန် အစ္စလာမ်မစ်သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ H.I ဟစန်ရူဟာနီ အနေဖြင့် ဒေသ အတွင်း အေးချမ်း အောင် ငြိမ်ဝပ်ပိပြား အောင် အခိုင်အမာတည်ဆောက်ဖို့ အတွက် အကြမ်းဖက် သောင်းကြမ်းသူ အစွန်းရောက် များ နှင့် တိုက်ပွဲ ဝင်နေမှု ၊ကြိုးပမ်းနေမှု ကို ညွန်ပြ ပြောကြားရင်း  တရုတ် နှင့် အီရန် နှစ်နိုင်ငံ ပူးပေါင်း၍ အကြမ်းဖက် သောင်းကြမ်းသူ အစွန်းရောက် များ   တိုက်ထုတ်ဖို့ အပြန်အလှန် ပံ့ပိုး ကူညီ ဖို့ အတွက် အလေးပေး ပြောကြားခဲ့ပါတယ်။

သမ္မတ ဒေါက်တာ H.I ဟစန်ရူဟာနီ အနေဖြင့် အာရှတိုက် ၊အိန္ဒိယ သမုဒ္ဒရာ ၊တရုတ်ပင်လယ်ပြင် နှင့် ပါရှန်းပင်လယ်ကွေ့ များ အတွက် လုံခြုံရေး ငြိမ်ဝပ်ပိပြား ရေး ကိစ္စ အတွက် နှစ်နိုင်ငံ အပြန်အလှန် ဆက်နွယ်နေကြောင်း ၊ ဒေသအတွင်း ရှိနိုင်ငံများ စည်းလုံးရန်လိုကြောင်းထို စည်းလုံးမှု ဖြင့်  အာရှတိုက်၏ လုံခြုံရေးကို စိတ်ချစွာ ဖန်တီး နိုင် မည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။


တရုတ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဂျန်ဂ်ဝန်ဂိုဝန်  အနေဖြင့် အီရန် နိုင်ငံ ၏ မဟာ ဗျူ ဟာ ဖက်သို့ ပြောကြားရင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးကို အပြန်အလှန် ကူညီ ထောက်ပံ့ရေး ကို အခိုင်အမာ တည်ဆောက်ဖို့ အလေးပေး ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ၎င်း အနေဖြင့် ကဏ္ဍ အစုံတွင် တရုတ်နှင့် အီရန် ၏ အမြင်ခြင်း လုံးဝ တူနေကြောင်း ကိုလည်း ပြောကြားခဲ့ပါတယ်။

==========================
251 /End