အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယနေ့ နိုဝင်ဘာလ ၂၂ရက်နေ့ အင်္ဂါနေ့ တွင် တီဟီရန် မြို့ သို့ စလိုဗေးနီးယား နိုင်ငံ သမ္မတ ပါရူပါခွက်သ် အဖွဲ့ တီဟီရန် မြို့ သို့ ဆိုက်ရောက်လာပါတယ်။ အီရန် အစ္စ လာမ်မစ် သမ္မတ နိုင်ငံ သမ္မတ H.I ဒေါက်တာ ဟစန် ရူဟာနီ အနေဖြင့် အဖွဲ့မှလည်း လှိုက်လှဲနွေးထွေး စွာ ကြိုဆို ဂုဏ်ပြုခဲ့ပါတယ်။ ပြီးနောက် နှစ်နိုင်ငံ အကြီးအကဲများ အပြန်အလှန် တစ်ဦး နှင့် တစ်ဦး မိတ်ဆက် စကားဆိုခဲ့ကြပါတယ်။
နှစ်နိုင်ငံ သမ္မတများမှ တွေ့ဆုံမိတ်ဆက်မှုများ ပြုပြီးနောက် နှစ်နိုင်ငံ ဆွေးနွေးမှုများ ကို တရား ဝင် စတင်ခဲ့ကြပါတယ်။ ပြီးလျှင် နှစ်နိုင်ငံ အကြီးအကဲများ၏ ဆွေးနွေး ဖလှယ်မှု ကိုလည်း စတင်ကြမည် ဖြစ်ပါတယ်။
ဤတွေ့ဆုံမှု တွင် နှစ်နိုင်ငံ အကြား နိုင်ငံတကာဆိုင်ရာ အဆင့်နှင့်အညီ အပြန်အလှန် ကူညီပေးဖမှု ပြု ရန် အလေးပေးပြောကြားခဲ့ကြပါတယ်။ အခြား ကိစ္စ များ နှင့် လည်း ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေး ကိုတိုး တက်ကောင်းမွန်လာဖို့ အတွက်လည်း ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။
စလိုဗေးနီးယား နိုင်ငံ သမ္မတ ပါရူပါခွက်သ် အနေဖြင့် အီရန် ခရီးစဉ် အတွင်း နှစ်နိုင်ငံ ကုမ္ပဏီ အကြား သဘောတူ စာချုပ် ၃ ခု ကို လက်မှတ်ရေးထိုးဖို့ ရှိ ကြောင်း သတင်းပေး ပြောကြားခဲ့ပါတယ်။
စလိုဗေးနီးယား နိုင်ငံ သမ္မတ ပါရူပါခွက်သ် နှင့်အတူ အယောက် ၅၀ ပါဝင်သည့် စလိုဗေးနီးယား နိုင်ငံ ကုန်သည်များ အဖွဲ့လည်း လိုက်ပါလာကြောင်း သိရှိရပါတယ်။








============================
251 /End