၂၄ နိုဝင်ဘာ ၂၀၁၆ - ၁၉:၃၇
တောင်ဒဂုံ လ၀ကရုံးတွင် ပေါက်ကွဲမှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်၊ ၆၄ ရပ်ကွက် ပြည်ထောင်စုလမ်းဘေးရှိ လဝကရုံးမှာ ဒီနေ့ နေ့လယ် ၁ နာရီ ၅၀ မိနစ်အချိန်က ပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ပြန်ကြားရေးဌာန အင်တာနက်စာမျက်နှာ ဖော်ပြထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်၊ ၆၄ ရပ်ကွက် ပြည်ထောင်စုလမ်းဘေးရှိ လဝကရုံးမှာ ဒီနေ့ နေ့လယ် ၁ နာရီ ၅၀ မိနစ်အချိန်က ပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ပြန်ကြားရေးဌာန အင်တာနက်စာမျက်နှာ ဖော်ပြထားပါတယ်။

တောင်ဒဂုံ လဝကရုံး ပထမထပ်၊ ဟောခန်းအနောက် သန့်စင်ခန်း အိမ်သာအတွင်း (၂) မိနစ်ခြား (၃) ကြိမ်၊ သန့်စင်ခန်းအပြင်ဘက်ရှိ အမှိုက်ပုံး အနက်ရောင် အောက်တွင် (၁) ကြိမ် အသေးစား ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

ပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘူးလို့ သတင်းထုတ်ပြန် ထားပါတယ်။

===================    
251 / End