အမေး။။ခသ်နာလုပ်ခြင်းသည်ဝါဂျစ်ပ်လား မိုစ်သဟပ်လား
အဖြေ။။မွေးပြီး(၇)ရက်မှစ၍အရွယ်ယောက်(ရှာရီအတ်အရ)အချိန်အထိအုပ်ထိန်းသူ
အပေါ်ပြုပေးဖို့ဝါဂျစ်ပ်ဖြစ်ပြီး၊အရွယ်ရောက်ပြီးနောင်ပိုင်း၌ကာယံကံရှင်အပေါ်ဝါဂျစ်ပ်ဖြစ်ပေသည်။
အူလွလ်အဇမ် ငါးပါး ဆိုတာ ရှင်းပြပေးပါ။
စလာမ်...
အူလွလ်အဇ်မ်(၅)ပါးဆိုသည်မှာကောင်းကင်ကျကျမ်းတော်နှင့်ရှရီအတ်တော်
အလ္လာဟ်အရှင်မြတ်ဘက်မှချီးမြှင့်ခြင်းခံရသောတမန်တော်မြတ် ၅ပါးကိုခေါ်ဆိုပါသည်။
၎င်းတို့မှာ
၁။တမန်တော်မြတ်ဟဇရတ်(သ)နူးရ်(အ.စ)
၂။တမန်တော်မြတ်ဟဇရတ်(သ)မူစာ(အ.စ)
၃။တမန်တော်မြတ်ဟဇရတ်(သ)အီဗရာဟီးမ်(အ.စ)
၎။တမန်တော်မြတ်ဟဇရတ်(သ)အီစာ(အ.စ)
၅။တမန်တော်မြတ်ဟဇရတ်(သ)မိုဟမ္မဒ်(ဆွ)
ဖြစ်ပါသည်။
ခွမ်း(စ်)အကြောင်းသိချင်ပါတယ်။
စလာမ်…
ခွမ်း(စ)ထုတ်ရန်ရှီအာမွတ်စလင်တိုင်းအတွက်ဝါဂျစ်ပ်ဖြစ်ပေသည်။
မိမိပစ္စည်း(ငွေ)၏၅ပုံတစ်ပုံ(၁၀၀မှ၂၀)ကိုသက်ဆိုင်ရာ
(မိမိသက်လီးဒ်လုပ်ထားသောမရ်ဂျာထံ(သို့)
၎င်း၏ကိုယ်စားလှယ်ထံ)သို့ပေးဆောင်ရခြင်းဖြစ်ပါသည်။
ပေးဆောင်ရာ၌လည်း၅ပုံတစ်ပုံ၁၀၀မှ၂၀ကိုပေးဆောင်ရာတွင်
၁၀သည်အေမာမ်မေဇမာနာ(အ.ဂျ)အတွက်ဖြစ်ပြီး၊၁၀သည်(စည်းကမ်းချက်နှင့်ညီသော)
မရှိဆင်းရဲသားဆရက်(သ)များကိုပေးဆောင်ရပေသည်။
မရှိဆင်းရဲသားဆရက်(သ)များကို၊စည်းကမ်းချက်နှင့်ညီကြောင်းနားလည်ပါက
ိုမိမိကိုယ်တိုင်ပေးဆောင်နိုင်ပေသည်။
သို့မဟုတ်ကသက်ဆိုင်ရာသို့ပို့ပေးပြီးပေးခိုင်းလျှင်အကောင်းဆုံးပင်တည်း။
ရှရီအတ်ပညာရပ်ဆိုင်ရာဝေါဟာရအရစဟ်မေအေမာမ်(အ.စ)
နှင့်စဟ်မေစဒါသ်လိုခေါ်ပါသည်။
ခွမ်း(စ) ပေးဆောင်ရပေမည်မှာ-
(၁)တစ်နှစ်တစ်ခါသုံးစွဲပြီးကျန်ရှိသောငွေမှ၅ပုံ၁ပုံ
တစ်နှစ်ဆိုသည်မှမိမိကိုယ်တိုင်ရက်ကိုသတ်မှတ်ထားရပေမည်။
ဥပမာယခုနှစ်ဧပြီလ(၂၆(ရက်မှနောက်နှစ်ဧပြီ(၂၆)ရက်အထိ
(သို့)ဒီနှစ်အာရဘီလရှဟ်ဗန် ၁၅ရက်မှနောက်နှစ်ရှဟ်ဗန်၁၅ရက်အထိ
၎င်းအပြင်နောက်(၆)ချက်လည်းရှိပါသေးသည်။
ဤအထက်ပါအချက်သာလူတိုင်းနှင့်ကြုံတွေနေရသဖြင့်ဖော်ပြလိုက်ပါသည်။
ကျန်အချက်(၆)ချက်ကိုအင်ရှာအလ္လာဟ်လိုအပ်လာချိန်၌ဖော်ပြေးပါမည်။
ဆေးလိပ်သောက်ခြင်းသည်ဆုံးရုံးမှု(ကျန်းမာရေး)ကိုဖြစ်စေသောအခြေအနေ၌ဟရမ်ဖြစ်၏။
အာယာသွလ္လာဟ်အလ်အွဇ်မာခါမေနာအီ
ကျွမ်းကျင်သူများ(ဆရာဝန်များ)ကဆုံးရုံးမှုထိခိုက်မှု(ကျန်းမာရေး)ဟုထောက်ခံပါ
ကဟရမ်ဖြစ်ပေသည်။
အာယာသွလ္လာဟ်အလ်အွဇ်မာမကာရေးမ်ရှီရာဇီ
ကောင်းသောအလုပ်မဟုတ်ချေ၊ရှောင်ကြည်ပါကပိုကောင်း၏။
အာယာသွလ္လာဟ်အလ်အွဇ်မာဂျဝသ်သဗ်ရေဇီး(ရ.ဟ)
မည်သူမဆိုသုံးစွဲပါကဆုံးရုံးမှု(ကျန်းမာရေး)ဖြစ်မည်ဆိုပါကသောက်ခွင့်မရှိချေ။
အာယာသွလ္လာဟ်အလ်အွဇ်မာစာဖီးဂိုလ်ပိုင်ဂမ်နီ
မိမိကိုကြီးမားသောဒုက္ခဖြစ်စေကြောင့်ဥပမာနာတာရှည်ရောဂါများ(ျတီဘီ၊ရောဂါစသည်ဖြင့်)သောက်ခွင့်
မရှိချေ။
အာယာသွလ္လာဟ်အလ်အွဇ်မာစစ်သာနီ
မဆာအေလေဂျသီးဒ်ကျမ်းအတွဲ(၁)စာမျက်နှာ၁၄၇-၈
ပြုစုသူ။ဟွဂျသွလ်အစ္စလာမ်ဆရက်(သ)မော်အ်စင်မဟ်မူဒီး(ကွမ်း၊အီရန်)
အသက်အရွယ်ကြီးလာလို့ရိုဇာမထားနိုင်သူများနှင့်ပတ်သက်၍တင်ပြရမည်ဆိုလျှင်
အသက်ကြီး၍ရိုဇာထားလျှင်ဒုက္ခဖြစ်မည်၊နောက်နှစ်ရမ်ဇာန်လမြတ်
အထိရိုဇာထားနိုင်စွမ်းအားမရှိလျှင်ဂိုနာမဟုတ်ပါ။
သို့သော်
ရိုဇာတစ်လုံး၊တစ်လုံးအစားမရှိဆင်းရဲသားကို၇၅၀ကီလိုဂရမ်
စားစရာ(ဂျုံ၊ဆန်)ပေးရန်သာလိုအပ်ပေသည်။
ဤသို့မဟုတ်ပါကသက်သက်ရိုဇာမထားလျှင်တော့ဟရမ်ဖြစ်ပြီး၊
ဂိုနာဖြစ်ပါတယ်။
အတိုးနဲ့ပတ်သက်တဲ့ကျမ်းတော်မြတ်ကုရ်အာန်၏အာယတ်တော်ကိုကျေးဇူးပြုပြီးဖော်ပြပေးပါ။
ရှီအာမှာခွင့်ပြုထားတယ်လိုသိရင်အတိအကျဖော်ပြပေးပါ။
နောက်ရှီအာဖေက်(အဟ်ကမ်း)ဓမ္မသတ်ကျမ်းစာအုပ်များ၌
ခရီးသ်ဝါဖရိုခ် خريد و فروش (အရောင်းအဝယ်)
ကရ်ဇ်قــــــرض(ငွေပေးချေးခြင်း)
ရေဗာربا(အတိုး)
စသည်ဖြင့်ကဏ္ဍများပါဝင်နေပါတယ်။
အတိုးနဲ့ပတ်သက်ပြီးရှီအာဖေရ်ကာမှစားပိုင်မပိုင်ဆိုတာကို
အောက်ဖော်ပြပါဟဒီးစ်တော်ကိုလေ့လာရင်လုံလောက်ပါတယ်။
တစ်ဒီနာအတိုးသည်အလ္လာဟ်ဟိုအရှင်မြတ်၏အနီး၌ကအ်ဗာဝတ်
ကျောင်းတော်အတွင်းမိမိ၏မိုဟ်ရမ်အမျိုးသမီးများ
(အမေ၊နှမ၊အစ်မ၊အဒေါ်၊အဖွား...)
တို့ဖြင့်အကြိမ်ပေါင်း(၇၀)ဇေနာပြုခြင်းထက်ပို၍ဆိုးလေသည်။
အေမာမ်ဆွာဒစ်(က်)(အ.စ)
နူးရ်ရွလ်စကာလိုင်းကျမ်းအတွဲ၁၊
မိုသခပ်မီးဇန်းနိုဟေက်မာကျမ်းစာမျက်နှာ၂၂၈-၂၂၉
ကြာကြာဖေရ်ကာ(စွန်နီမှာကော်)ဒါမျိုးဟဒီးစ်တော်ရှိပါသလား?
ဗဟုသုတလိုချင်ပါသဖြင့်ဖော်ပြပေးပါ။
နောက်ကြာကြာအနေဖြင့်ရှီအာတွေ၏အမြင်
အသေးစိတ်အတိုးနှင့်ပတ်သက်ပြီးသိလိုရင်လက်ရှိထိပ်တန်းရှီအာသုခမိန်တစ်ပါးဖြစ်တဲ့
ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာမကာရေးမ်ရှီရာဇီပြုစုထားသည်ကျမ်း
((بررسى طُرُق فرار از ربا))
ကိုလေ့လာဖို့မေတ္တာရပ်ခံအပ်ပါသည်။
ဒါဆိုအတိုးအကြောင်းအပီအပြင်သိသွားပါလိမ့်မယ်။
အမှန်တကယ်ဒိုအာယေကိုမိုင်းလ်ဟာ၊ဟဇရတ်(သ)ခေဇ်ရ်(အ.စ)၏
ဒိုအာပါ။အေမာမ်အလီ(အ.စ)ကနေပြီးတော့မိမိ၏စိတ်ချရသောတပည့်တော်
များမှတစ်ယောက်ဖြစ်သည်ဂျနာဗေကိုမိုင်းလ်ကိုင်သင်ကြားပေးခဲ့တာပါ။
အဖြစ်အပျက်ကတော့တနေ့ဗစရမြို့(အီရတ်)၌်ဂျနာဗေကိုမိုင်းလ်သည်မိမိ၏မောင်လာ/
မောင်လာအလီ(အ.စ)အတူရှိနေ၏။ထိုအချိန်၌မောင်လာ(အ.စ)သည်
ရှအ်ဗန်လ၁၅ရက်နှင့်ပတ်သက်၍မိန့်ကြားရင်ထိုည၌၊ညလုံးပေါက်အလင်းထိုင်ပြီး၊
ဒိုအာခေဇ်ရ်(အ.စ)ဖတ်ရန်၊ဖတ်လျှင်ဒိုအာအလ္လာဟ်အရှင်မြတ်လက်ခံမည်ဖြစ်ကြောင်း
မိန့်တော်မူလေ၏။
ထိုနောက်မောင်လာပြန်သွားရာဂျနာဗေကိုမိုင်းလ်အနေဖြင့်အေမာမ်(အ.စ)
နောက်လိုက်လေရာအေမာမ်မှမြင်၍မေးလေ၏။
ကိုမိုင်းလ်အလုပ်ရှိလိုလား?
မောင်လာ၊ကျွန်တော်ဒိုအာယေခေဇ်ရ်လိုချင်လိုပါ။
ထိုင်၊ ထိုနောက်ကိုမိုင်းလ်ကိုမိန့်တော်မူလေ၏။
အိုကိုမိုင်းလ်-ဤဒိုအာကိုမှတ်သားပြီးနောက်ကြာသပတေးနေ့ညတိုင်း၊သို့မဟုတ်
တစ်လတစ်ကြိမ်၊သို့မဟုတ် တစ်နှစ်တစ်ကြိမ်အနည်းဆုံးတစ်သက်တစ်ကြိမ်တော့
မရ၊ရအောင်ဖတ်ပါ။ဤဒိုအာကိုဖတ်ခြင်းဖြင့်ရန်သူ၏အန္တရာယ်မှကင်းဝေးမည်၊
အကွယ်မှအကူအညီရမည်၊စားနပ်ရိက္ခာပေါများမည်။
အသင့်၏အပြစ်များကို(အလ္လာဟ်ဟိုအရှင်မြတ်သခင်)ခွင့်လွတ်ပါးလပ်
ပေးတော်မည်ဖြစ်ပေသည်။
ကြည့်-ရှရ်ဟေဒိုအာယေကိုမိုင်းလ်ကျမ်း၊စာမျက်နှာ၄၈-၄၉
ထိုနောက်ဒိုအာယေကိုမိုင်းလ်အဖြစ်ကျော်ကြားလာခဲ့ပေသည်။
မှတ်သားစရာတစ်ချက်သည်ကား-
မောင်လာအလီ(အ.)သည်ဤဒိုအာတစ်ပုဒ်လုံးအားစဂ်ျဒါ၌ဖတ်ခဲ့လေသည်။
ကြည့်-မစ်ဗာကဖ်အမီကျမ်း၊စာမျက်နှာ၅၅၅
ဟဇရတ်(သ)အလီ(အ.စ)သည(ကောင်းကင်တမန်များ၌အကြီးဆုံးဖြစ်သည်)ဟဇရတ်(သ)
ဂျီးဗ်ရအီးလ်(အ.စ)ဆရာဖြစ်ကြောင်းလေ့လာဖတ်ကြည့်ဖူးပါတယ်။
ကြည့်- ကျောက်သာစေသရေကျမ်း(အူရ်သူ)စာမျက်နှာ၁၂၇၊ပုံနှိပ်
အဘာစ်ပို့ခ်အေကျင်စီး၊လက်ခနောင်း၊အိန္ဒိယ။
နောက်ဟဇရတ်(သ)အလီ(အ.စ)ကြီးကျယ်မြင့်မြတ်မှုကိုဖော်ပြရေးသားဖို့ရစူလ်(ဆွ)
အဟ်လေ့ဘိုက်(အ.စ)မှအပမည်သည်ပုဂ္ဂိုလ်ထံမှစွမ်းအားမရှိပါဘူး၊
ပိုသေချာအောင်အောက်ဖော်ပြပါနှစ်ဘဝသခင်ကျေးဇူးတော်ရှင်တမန်တော်မြတ်ကြီး
မိုဟမ္မဒ်(ဆွ)၏စစ်မှန်သောဟဒီးစ်တော်ကိုလေ့လာသုံးသပ်ခြင်းဖြစ်သိနိုင်ပါသည်။
တလောကလုံးရှိမြစ်များမင်လုပ်ပြီး၊သစ်ပင်အားလုံးကိုကလောင်လုပ်ပြီးမနုဿလူသားနှင့်
ဂျင်(န)ပေါင်း၍ဟဇရတ်(သ)အလီ(အ.စ)ကြီးကျယ်မြင့်မြတ်မှုကိုရေးမည်ဆိုလျှင်မရေးနိုင်ချေ။
ကြည့်-ကရှဖွလ်ဂွန်မာကျမ်း၊စာမျက်နှာ၅၃
ကြည့်ကျောက်သာစေသရေကျမ်း(အူရ်သူ)စာမျက်နှာ၁၃၃
Muslim အမျိုးသမီးများ ရေမရှိတဲ့ အိမ်သာမျိုးမှာ အပေါ့အပါးသွားပြီးယင် တရားတော်အရ သန့်စင်စေတဲ့
နည်းက ဘယ်လိုပါလဲ ?
ရှီအာဓမ္မသတ်အရ အမျိုးသား၊ဖြစ်စေ၊အမျိုးသမီးဖြစ်စေ အပေါ့၊အပါးသွားပါက
(၁)အလေးကိုသန့်စင်စေသောအရာများရေ၊စက္ကူ၊တုတ်၊အခြားအညစ်အကြေး
ကိုဖယ်ရှယ်နိုင်သောအရာများဖြစ်ပါသည်။
(၂)အပေါ့ကိုရေမှအပါအခြားမည်သည်အရာမှမသန့်စင်နိုင်ချေ။
ဆိုလိုသည်ကအပေါ့သွားပြီးရေဖြင့်မဆေးကြောပါက၊၎င်းသည်ရှရီအတ်အမြင်၌မသန့်ချေ။
ရှီအာ ဆိုတဲ့ အသုံးအနှုံး ဘယ်အချိန်ကာလက စတင်ပေါ်ပေါက် လာပါသလဲ...
နောင်တော်ကြီးအဗ်ဒွလ္လာဟ်စအီးဒ်
ရှီအာဆိုသည် အသုံးအနှုံးဟာကိုယ်တော်မိုဟမ္မဒ်(ဆွ)လက်ထက်
ကတည်းကပေါ်လာတာပါ။
ကြည့်-ဒူရေမန်ရှုးကျမ်း၊
သဖ်စီးဂျလာလွတ်ဒီန်း(န)စူယူသီကျမ်းတို့စူရဟ်ယေပိုင်ယေနတ်စူရဟ်အမှတ်
၉၈၊အာယတ်တော်အမှတ် ၇ ၏သဖ်စီးကိုလေ့လာရင်သိနိုင်ပါတယ်။
ထိုသဖ်စီးကျမ်း၌ကိုယ်တော်မြတ်(ဆွ)၏ဟဒီးစ်တော်ကိုဘာသာပြန်ရမည်ဆိုလျှင်
((ကျွန်ုပ်၏အသက်ကိုစိုးပိုင်တော်မူသောအလ္လာဟ်ဟိုအရှင်မြတ်၏ကစမ်ဆိုပါ၏။
ဧကန်မုချဤအလီ(အ.စ)နှင့်၎င်း၏ရှီအာသည်ကေယာမတ်(သ)နေ့၌
အောင်မြင်မည့်သူများဖြစ်ပေသည်။))
တမန်တော်မြတ်ကြီးမိုဟမ္မဒ်(ဆွ)
ဆွန်နီ ဆိုတဲ့အသုံးအနှုံး ကဘယ်အချိန်မှာ စတင်ခဲ့ပါသလဲ။
စွန်နီဆိုသည်အသုံးအနှုံးကိုအစ္စလာမ်ကျမ်းဂန်၊တွေထဲမှသုံးထားတာထက်
စွန္နတ်သွလ်ဝလ်ဂျမအတ်သ်(သို့)အဟ်လေစွန္နတ်လိုသုံးထားတာပိုများ
ပါတယ်။
နောက်တမန်တော်မြတ်လက်ထက်ကမပေါ်သေးတာလဲသေချာပါတယ်။
အကယ်ပေါ်ခဲ့ပါက ကျွန်တော်ရှီအာနှင့်ပတ်သက်ပြီးဖော်ပြထားသည်ဟဒီးစ်
ကဲ့သို့ ပုံတူဖော်ပြစေလိုပါတယ်။
သာဓကအားဖြင့်
((ကျွန်ုပ်၏အသက်ကိုစိုးပိုင်တော်မူသောအလ္လာဟ်ဟိုအရှင်မြတ်၏ကစမ်ဆိုပါ၏။
ဧကန်မုချဤ((သာဝကတစ်ပါးပါးအမည်))နှင့်၎င်း၏ စွန်နီသည်ကေယာမတ်(သ)နေ့၌
အောင်မြင်မည့်သူများဖြစ်ပေသည်။))
ဟု၍ဖော်ပြပေးစေလိုပါတယ်။
ဒါကြောင့်စွန်နီဘယ်ကစခဲ့သလဲဆိုတာကိုကျွန်တော်ဖြေတာထက်
စွန်နီမွတ်စလင်တစ်ဦး၊ဦးကအကိုးအကားသက်သေအထောက်အထားဖြင့်
ဝင်ဖြေလျှင်သဘာဝပိုကျပါတယ်။အကြောင်းသည်ကားကိုယ်အကြောင်းကိုသူတစ်ပါးအား
ကိုယ်တိုင်ပြောပြသည်မှာပို၍ကောင်းပါသည်။
လေးစားလျက်
တမန်တော်မြတ်(ဆွ)က Jewish အမျိုးသမီးတဦးကို လက်ထပ်ခဲ့ဘူးတယ်ဆိုတာဟုတ်ပါသလား။
တမန်တော်မြတ်(ဆွ)သည်ရဟူဒီအမျိုးသမီးနှင့်လက်ထပ်ခဲ့သည်ဆိုသည်မှာ
လုံးဝမဟုတ်ပါ။
အကြောင်းသည်ကိုယ်တော်မြတ်(ဆွ)သည်ကျမ်းတော်မြတ်
ကုရ်အာန်နှင့်မှန်ကန်သောဟဒီးစ်တော်များ၏ဆန်ကျင့်၍မည်သည်အခါမျှလုပ်မည်မဟုတ်ချေ။
ကုန်ကုန်ပြောရလျှင်စိတ်ပင်မကူးချေ။
"အဘယ်ကြောင့် Ayatollah များ၏ Fatwa များသည် တစ်ယောက်နှင့် တစ်ယောက်မတူကြ ပါသနည်း။" ဆိုတဲ့ မေးခွန်းကိုကျမ လဲစိတ်ဝင်စားတယ်။
Ayatollah များ၏ Fatwa များသည် တစ်ပါးနှင့် တစ်ပါးမတူကြ သည်အကြောင်းအရင်းမှာ
ကျမ်းတော်မြတ်ကုရ်အာန်၊ဟဒီးစ်(အစစ်အမှန်များ)အခြားသက်ဆိုင်ရာပညာရပ်များကိုလေ့လာသုံးသပ်
ပြီးအဖေထုတ်ရ၌မတူညီသောကြောင့်၊တစ်ပါးနှင့်တစ်ပါးမတူညီကြချေ။
သို့သော်နှစ်ပါးစလုံးသည်အနည်းငယ်သာကွာခြားနေပါသည်။
တစ်ပါးကဟရမ်ဆို နောက် တစ်ပါးက မက်ရူ
တစ်ပါးကဝါဂျပ်ဆို နောက် တစ်ပါးကမွစ်သာဟပ်
လိုသာကွာခြားပေသည်။
အများစုကိစ္စသည်လည်းလဲအတူတူပင်ဖြစ်ပေသည်။
အတိုးနှင့်ပက်သက်ပြီး Ayatollah Khamenei နှင့် Ayatollah Sistani တို့၏ fatwa များသည် တစ်ဦးက haram၊ တစ်ဦးက halal ဆို၍ မိန့်ကြားထားကြပါသည်။ အဘယ်ကြောင့်ပါသနည်း?
အတိုးနှင့်ပက်သက်ပြီး Ayatollah Khamenei နှင့် Ayatollah Sistani တို့၏ fatwa များသည် တစ်ဦးက haram၊ တစ်ဦးက halal ဆို၍မည်သည်အတိုးဖြစ်ကြောင်း
မိသည်နေရာဖော်ပြထားကြောင်းဖော်ပြပေးစေလိုပါသည်။
ဤသို့သိရလျှင်အဖြေမှန်အတွက်အထောက်အကူဖြစ်ပေမည်။
အစ္စလာမ်ဘာသာဝင် အမျိုးသမီး တို့ Hejab ၀တ်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးများ
ရရှိနိုင်ပါသလဲ?
အစ္စလာမ်ဘာသာဝင် အမျိုးသမီး တို့ Hejab ၀တ်ခြင်းကြောင့်
လောကီ၊လောကုတ္တရာနှစ်ဌာနစလုံး၏အကျိုးကျေးဇူးများကိုခံစားရမှာဖြစ်ပါတယ်။
အမေး။ ။
စလာမ်မို့အလိုက်ကွမ်း
မိမိ့တို့အဘယ်ကြောင့် အာယာတူလ်လာ များကို တကလဒ် ယူရပါသနည်း?
တကလဒ် မယူလို့ရော ရပါသလား? တစ်ယောက်ထက်ပို၍ရော တကလဒ်ယူလို့ရပါသလား?
wa na on May 9, 2011 at 7:02pm
အဖြေ။။ jamal
စလာမ်...
ကျွန်တော်တို့ အဟ်ကမ်ကို ကျွမ်းကျွမ်းကျင်ကျင်မတတ်ကျွမ်းပါသဖြင့် သက္က်လီးဒ် လုပ်ရပါတယ်။
ကိုယ်တိုင် မိုဂ်ျသဟီးဒ်ဖြစ်နေရင်တော့သက္က်လီးဒ် ယူဖို့မလိုပါဘူး။
တစ်ယောက်ထက်ပို၍ ယူမရပါ။
အမေး။။အမျိုးသမီးများထဲမှအမျိုးသားများအတွက်လက်ထိပ်ထိမ်းမြား၍မရသောသူများကိုဖော်ပြပါ?
အဖြေ။။အမျိုးသမီးများထဲမှအမျိုးသားများအတွက်လက်ထိပ်ထိမ်းမြား၍မရသောသူများမှာ-
၁။ အမေနှင့်အဖွားထိုနောက်၎င်းတို့အထက်မှအဖွားများ
၂။သမီး၊မြေးမ၊၎င်းတို့နောက်အောက်ဆက်မှမြေးမများ
၃။ညီမ၊အစ်မ
၎။တူမ(ညီ(သို့)အစ်ကိုသမီး)
၅။တူမ(ညီမ(သို့)အစ်မသမီး)
၆။အဒေါ်များ(အဖေညီမ၊အစ်မများ)၊အဖေ၊အမေ၏အဒေါ်များ(အဖေ၊အမေ၏အဖေတို့၏အစ်မ၊ညီမများ)
၇။အဒေါ်များ(အမေ၏ညီမ၊အစ်မများ)အဒေါ်များ(အဖေ၊အမေ၏အမေတို့၏အစ်မ၊ညီမများ)
ယောကျာ်းများသည်မိန်းမ တို့ထက် တဆင့်သာကြသည်။(၂း၂၂၈) ဆိုတာလေးကိုရှင်းပြပေးပါ။
ယောကျာ်းများသည်မိန်းမ တို့ထက် တဆင့်သာကြသည်။(၂း၂၂၈) ဆိုသည်မှာ-
၁။။သလာက်ပေးနိုင်ကြောင်း၊ပြန်ပြီးသလာက်ကိုပြယ်ဖျက်နိုကြောင်းဖြစ်ပါသည်။
تفسیر اسان،ج2،ص57
၂။။အိမ်ထောင်ဦးစီးရမှု
تفسیر نمونه ،ج2،ص111 و تفسیر کبیر،ج6،ص96
အစ္စလာမ်၏အဓိပ္ပါယ်ကိုရှင်းပြပါခင်ဗျာ။
မောင်လာအလီ(အ.စ)သြဝါဒတော်အရ
အစ္စလာမ်ဆိုသည်မှာ-
(စောဒကမတက်ဘဲအလ္လာဟ်ဟ်ုအရှင်မြတ်၏အမိန့်ကို)
(ဤသည်မရွေး)နာခံကျင့်သုံးခြင်းကိုခေါ်ပါသည်။
ကြည့်နဟ်ဂျိုဗလာဂါကျမ်း၊ခလေမာယေခေစာအပိုင်း
Syed တယောက်၏ ကိုယ်ကျင့်တရားးများ ဆိုတာသိပါရစေ။
Syed တယောက်၏ ကိုယ်ကျင့်တရားးများ ဟာ
စစ်မှန်တဲ့မိုမင်တစ်ဦး၏ကိုင်ကျင့်တရားအတိုင်းပါဘဲ။
သို့သော်အိန္ဒိယနိုင်ငံ၊ဂျဝဒီယာကောလိပ်ဆရာများမှ
ဆရာတစ်ပါးဖြစ်သည်မောင်လာနာဆရက်ကိုင်စဲရ်အဘာစ်ဆပ်၏ပြောပြချက်
ဆရက်တစ်ယောက်က ကောင်းမှုလုပ်ရင် ၂ဆ ရမည် ၊
မကောင်းမှုလုပ်ရင် ၂ဆခံရမည်ဆိုတာကိုမှတ်သားရပါတယ်။
ခက်တာကအခုခေတ်ကြီးမှာဆရက်အတုတွေလည်းအများကြီးရှိလာပြီးလေ။
ရှီအာမှာသေသူကို ရည်စူး၍လည်း အကီကာပြုလုပ်နိုင်တယ် ဆိုတာဟုတ်ပါသလား။
အကယ်၍တစ်ဦးတစ်ယောက်ဟာမိမိ၏နောက်ဆုံးအသက်အထိ အကီကာမလုပ်ဘဲ
သေဆုံးသွားပါက၊ကျန်ရစ်သူများအနေဖြင့်လုပ်ပေနိုင်သည်။
ဝါဂျစ်ပ်မဟုတ်ပေ၊မိုစ်သာဟပ်ဖြစ်ပေသည်။
အေမမ်ခိုမေနီ(ရ.ဟ)၏ تحريرالوسيله ကျမ်း
နောင်တော်မေးခွန်းကမရှင်းဘူး၊သေသူအတွက်ရည်စူး၍ဆိုတော့...?
သေသူကအကီကာလုပ်သွားသလား၊မလုပ်သွားဘူးလားဆိုတာလဲမပါဘူး?
အထက်ကအေမာမ်ခိုမေနီ(ရ.ဟ)၏အဖြေကရှင်းပါတယ်။
မလုပ်ဘဲသေသွားတဲ့လူအတွက်ပါ၊ဒါတောင်ဝါဂျစ်ပ်မဟုတ်ပါ။
ဒါကြောင့် လုပ်ပြီးသေသွားသူအတွက် မေးစရာမလိုတော့ပါ။
လူတယောက်ဟာကောင်းတာတွေတာလုပ်ပြီးသူ.ဘ၀ကိုကုန်ဆုံးခဲ.တယ်။
ဒါပေမဲ.သူဟာမူစလင်မ် မဟုတ်တော.သူ.ကို ကယာမသ် နေ.မှာ ဘယ်လိုစီရင်မလဲ?
အဖြေ။။ဘိုင်စိတ်မရှိပါနဲ့ဘိုင်မေးရင်အထူးသဖြင့်မွတ်စလင်မဟုတ်သည်အခြားဘာသာများ
၏အကြီးအကဲများ၊မပါမိပါစေနှင့်။
ဒါကြောင့်နားလည်ခွင့်လွတ်ပေးပါ၊
ဘိုင်၏ဥပမာကိုကျွန်တော်ဖျက်လိုက်ပါတယ်။ကျန်တာကိုတော့
မဖျက်ပါဘူး၊
မွတ်စလင်မဟုတ်သူ၊သူတော်ကောင်းများကိုဤလောကီဘဝ၌သာ
အကျိုးဆုလာဒ်ပေးမည်ဟု
အာယာသွလ်လ္လာဟ်စူဒွခ်၏ ((အကာယေသ်သေစူဒွခ်))ကျမ်းအရသိရပါတယ်။
ကေယာမတ်နေ့၌ပေးမည်မဟုတ်ပါ။
ဇနီးဖြစ်သူကို ခင်ပွန်းသည်ဖြစ်သူက ဇကာသ်ပေးလိုမရပါဘူး။
အကယ်၍ (ဝါဂျစ်ဗိုနဖ်ကာ-အသုံးစရိတ်(စား၊ဝတ်၊နေ၊ရေးစသည်ဖြင့်))မပေးပါက
အခြားသူဆီမှ ဇကာသ်ကိုယူ၍ပေးလိုရပါတယ်။
ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆွာဒစ်က်ရှီရာဇီ၏
ရစာလေအေအဟ်ကမ်ကျမ်း
ရှီအာ နမာဇ် ဖတ်လို့ ဆွတ်ဂျွတ်သွားတဲ့အခါမှာ မြေတုံးထားရတာ ဘယ်လိုကြောင့်ဖြစ်ပေါ်လာပါသလဲ
ကျွန်တော်နောင်တော်၏မေးခွန်းကို မနည်းကိုဖတ်ရတယ်။
ဆွတ်ဂျွတ်ဆိုလို.....
နောက်မှစဉ်းစားရတယ်၊စဂ်ျသာချရင်လိုပြောတာကို
အဖြေကတော့ရှင်းပါတယ်။တမန်တော်မြတ်ကြီး(ဆွ)၏ကျင့်စဉ်ကိုလက်တွေ့
သုံးတဲ့သဘောပါ။
သာဓကအားဖြင့်ရှီအာကျမ်းဂန်တွေထဲကမပြဘဲအရင်းနောင်တို့တို့ကျမ်းက
နေသက်သေပြပါမယ်။
တမန်တော်မြတ်ကြီး(ဆွ)၏အတ္ထုပ္ပတ္တိ
မြောက်များစွာသောဟဒီးစ်တော်များကိုလေ့လာဖတ်ရှုခြင်းဖြင့်ကိုယ်တော် (ဆွ)သည်မြေကြီးပေါ်သာစဂ်ျသာပြုလုပ်ပြီးကော်ဇော၊အဝတ်တို့ကဲ့သို့သောအရာများအပေါ်
စဂ်ျသာမပြုလုပ်တော်မူခဲ့ကြောင်းတွေ့ရှိရပေမည်။
ဟဒီးစ်တော်တစ်ခုကိုအဗူဟိုရိုင်းရ်ဆီမှတင်ပြပါမည်။(၁)
“ကျွန်တော်(အဗူဟိုရိုင်းရ်)အနေဖြင့် တမန်တော်မြတ်ကြီး(ဆွ)အား မိုးရွာသောတစ်နေ့၌စဂ်ျသာပြုနေသည်ကို၎င်း၊ပြီးနောက်ကိုယ်တော်၏နဖူးတော်နှင့်နှာခေါင်း
တော်ပေါ်၌စဂ်ျသာပြုထားသောအရိပ်လက္ခဏာများကို၎င်းတွေ့ခဲ့ရပေသည်။”
အကယ်၍ကောဇော၊အဝတ်တို့အပေါ်၌စဂ်ျသာပိုင်လျှင်တမန်တော် မြတ်ကြီး(ဆွ)သည်မိုးရွာနေချိန်၌ပင်မြေကြီးပေါ်သာစဂ်ျသာမပြုခဲ့ပေ။
ဟဇရသ်အာအေရှာမိန့်တော်မူသည်မှာ-
“ကျွန်မအနေဖြင့် တမန်တော်မြတ်ကြီး(ဆွ)အားမြေကြီးပေါ်မှအပ အခြားအရာများအပေါ်စဂ်ျသာပြုခဲ့သည်ကိုလုံးဝမတွေ့ခဲ့ရပေ။”(၂)
အဗ်နေဟဂ်ျအနေဖြင့်အထက်ပါဟဒီးစ်နှင့်စပ်လျင်းပြီးအကျယ်ဖွင့်ဆိုသည်ကား-စဂ်ျသာအစစ်အမှန်ဆိုသည်မှာမိမိနဖူးအားမြေကြီးပေါ်ချခြင်း၊ လုံးဝမတတ်နိုင်သောအခါ၌ပြုလုပ်ရန်ဝါဂျစ်(ပ)မဟုတ်ချေ။(၃)
တမန်တော်မြတ်ကြီး(ဆွ)၏အခြားကြင်ယာတစ်ပါးဟဇရတ်(သ)မိုင် မိုနာဆီမှရီဝါယတ်တော်တစ်ခုပါရှိသည်မှာ-
တမန်တော်မြတ်ကြီး(ဆွ)သည်ဖျာပေါ်၌နမာဇ်ဖတ်ရှုတော်မူပြီး၊ဖျာ ပေါ်၌သာစဂ်ျသာပြုလုပ်ခဲ့ကြောင်းတွေ့ရပေသည်။(၄)
ကျော်ကြားသောအဟ်လေစန္နတ်၏ကျမ်းကိုး၊ကျမ်းကားများ၌
လည်းမြောက်များစွာသောရီဝါယတ်တော်များထဲမှတမန်တော်မြတ်ကြီး
(ဆွ)သည်နမာဇ်ဖတ်ရန်အတွက်“ခိုမရေ”ခေါ်စွန်ပလွန်ပင်ဖြင့်ပြုလုပ်ထား
သောဖျာငယ်အပေါ်၌နမာဇ်ဖတ်တော်မူခဲ့ကြောင်း၊၎င်းဖျာပေါ်၌သာစဂ်ျသာ
ပြုလုပ်ခဲ့ကြောင်းပါရှိပေသည်။
(၁) مجمع الزوائد، جلد 2، صفحه 126
(၂) مصنف ابن ابى شيبه، جلد 1، صفحه 397
(၃) فتح البارى، جلد 1، صفحه 404
(၄) مسند احمد، جلد 6، صفحه 331
သေဆုံသူ မုစ္စလင်မ်တဦးကို မှုခင်းဆိုင်ရာခွဲစိတ်မှုမျိုး Iran နိုင်ငံမှာ ပြုလုပ်ပါသလား...
ရှီအာ အစ္စလာမ်မှာကော လုပ်ပိုင်ခွင့်ရှိပါသလား...
သေဆုံးသူ မွတ်စလင်တဦးအား မှုခင်းဆိုင်ရာခွဲစိတ်မှုမျိုးကိုအစ္စလာမ်မစ် အီရန် နိုင်ငံ၌မပြုလုပ်ပါ။
ရှီအာ အစ္စလာမ်၌လည်း လုပ်ပိုင်ခွင့်မရှိပါ။
သို့သော်ရိုးရိုးသေတာလား၊လည်ပင်းအညစ်ခံရ၍လားစသည်ကိစ္စမျိုးအတွက်၎င်း၊
ကိုယ်ဝန်ဆောင်အမျိုးသမီးသေသွားသော်လည်းကလေးကရှင်နေ၍ကလေးကိုထုတ်ဖို့အချိန်
(သို့မဟုတ်)သေဆုံးသူကမသေခင် သေတမ်း၌မှာကြားခဲ့မှုကြောင့်ဆိုလျှင်
ခွဲစိတ်နိုင်ပါသည်။
ဖြေ။အာယာသွလ္လာဟ်အလ်အွဇ်မာခါမေနာအီရုံးကွမ်း
ဟေဂျာဘ်နှင့် ပတ်သက်ပြီးကျမ်းတော်မြတ်ကုရ်အာန်တွင်ပါရှိသော အာယတ်များကို
အဓိပ္ပာယ်နှင့်တကွ ဖော်ပြရန်ဤနေရာ၌အချိန်မှကျွန်တော်အားမကူညီပါ။နောက်မာရှာအလ္လာဟ်
ကျမ်းတော်မြတ်ကုရ်အာန်ဘာသာပြန်လည်းရှိနေသည်ဖြစ်ရာ...
ဟေဂျဘ်နှင့်ပတ်သက်၍စူရဟ်နူးရ်အာယတ်တော်အမှတ် ၃၀၊၃၁
စူရဟ်အဟ်ဇာပ် အာယတ်တော် ၃၃၊၅၉ ၌လာရှိပါသည်။ဤအာယတ်တော်လေးပါးနှင့်
ပတ်သက်ပြီးအကျယ်တဝင့် သဖ်စီကျမ်းကြီးများ၌လေ့လာနိုင်ပါသည်။
နောက်စူရဟ်နူးရ်အာယတ်တော် ၃၁သည်ရှည်ပါ၏။
ထိုနည်းတူစွာစူရဟ်အဟ်ဇာပ် အာယတ်တော် ၅၉ လည်းရှည်ပါ၏။
ဤအတွက်ကြောင့်အဓိပ္ပာယ်မဖော်ပြတော့သည်ကိုနားလည်ပေးမည်ဟုမျှော်လင့်မိပါသည်။
(၁)ဂျွမ်မာနေ့တွင် ဖတ်သော နမာဇ်ကို ဂျွမ်မာနမာဇ်ဟုပဲ ခေါ်တာလား?
ဂျွန်မာနေ့တွင် ဖတ်သော နမာဇ်ကို ဂျွန်မာနမာဇ်ဟုမခေါ်ပါ။အကယ်၍ခေါ်ပါကာ
နမာဇ်ဖဂ်ျရ်၊အစရ်၊မဂ်ရိပ်၊အေရှာကိုနမာဇ်ဂျွန်မာဟုခေါ်ဆိုရပေလိမ့်မည်။
ဂျွန်မာနမာဇ်အားဂျွန်မာနေ့ဖြစ်သော်လည်းသတ်မှတ်ထားသောအချိန်အတွင်းသာဖတ်ရသဖြင့်
ဂျွန်မာနမာဇ်ဟုခေါ်ပါသည်။
အာယာသွလ္လာဟ်အလ်အွဇ်မာခါမေနာအီ၏အမြင်အရနမာဇ်ဇဟိုရ်၏အစားဖြစ်ပါသည်။
(၂)တခြားအမည်ကော ရှိပါသလား?
ယနေ့အထိတော့ထိပ်တန်းအာလင်ပညာရှင်များအကြားကျင်လည်နေသောလည်းမကြားဘူးပါ။
ထိုပြင်ဟဇရတ်(သ)အာယာသွလ်လ္လာဟ်အလ်အွဇ်မာဝဟီးဒ်ခိုရာစန်နီရုံးမှလည်း
မရှိဟုဖြေခဲ့ပါသည်။
(၃)ထို နမာဇ် ဘယ်အချိန်လောက်က စတင်ပေါ်ပေါက်ခဲ့ပါသလဲ?
တမန်တော်မြတ်ကြီး(ဆွ)လက်ထက်ကပေါ်ပေါက်ခဲ့တာပါ။
(၄)ဂျွန်မာနမာဇ်တွင် ခွဒ်ဘာကို နားမထောင်လျှင် နမာဇ်မပိုင်ဆိုသည်မှာ ဟုတ်ပါသလား?
မဟုတ်ပါ။
ဟဇရတ်(သ)အာယာသွလ်လ္လာဟ်အလ်အွဇ်မာခါမေနာအီရုံး
(၅)ခွဒ်ဘာကို ဘာကြောင့်ဖတ်ရပါသလဲ?
ရှရီအတ်မှအမိန့်ပေး၊ပြဌာန်းထား၍ဖတ်ရပါသည်။
(၆)ဘယ်အချိန်က စဖတ်ခဲ့ပါသလဲ?
တမန်တော်မြတ်ကြီး(ဆွ)လက်ထက်မှ
မှတ်ချက်။။မေးမြန်းသူသည်အကယ်၍ဆရာမဖြစ်ခဲ့ပါက၊ကျောင်းသားများ၏စာမေးပွဲအတွက်
ရင်လေးစရာ၊မေးခွန်းတစ်ခုတည်း၌(၆)ခုတောင်းမေးထားပေသည်။
တ်စလင်(ရှီအာအေမာမ်မီယာ)တွေ၏အိမ်၌ခွေးမွေးခွင့်မပေးရသည်
အကြောင်းခံများအနက်ကျွန်တော်လေ့လာမှုကိုထင်ပြရလျှင်
(၁)တမန်တော်မြတ်ကြီး(ဆွ)၏ဟဒီးစ်တော်အရ ခွေးရှိသည်အိမ်သို့ဖရေရှ်သာ
(ကောင်းကင်တမန်)အဝင်အတွက်မလုပ်ခြင်းကြောင့်
(၂) ကျန်းမရေးအရ
(၃)နဂျစ်သတ္တဝါဖြစ်သည်အတွက်မိမိတို့အေဗာဒသ်ပြုရ၌အခက်အခဲများဖြစ်ပေါ်လာနိုင်ခြင်း
စသည်တို့ကြောင့်ဖြစ်ပါသည်။
(၁) နမာဇ်ကို လူမြင်ကွင်းရှိတဲ့နေရာ ဥပမာ- ပန်းခြံ တို့အလုပ်တို့တွင်
် (အခြားဘာသာဝင်များအရှေ့တွင်) ဖတ်လို့ရပါသလား?
အဖြေ။ ရပါသည်၊နေရာသာရှရီအတ်အရသန့်ဖို့လိုပါသည်။
(၂) နမာဇ်ရှေ့ဆောင်စရာသည် နမာဇ်အား မှားယွင်းစွာဖတ်မိလျင် ဥပမာ- ( ၄ ရကဒ် ကို ၃ ရကဒ် ) ဖတ်မိလျင် နောက်မှလိုက်ဖတ်သူအနေဖြင့် ၃ ရကဒ် ပဲဖတ်ခဲ့လျင် အပြစ်ရှိပါသလား?
မသိ၊နားမလည်သဖြင့်အပြစ်မရှိပါ။သို့သော်နောက်လိုက်အနေဖြင့်ရှေ့ဆောင်မှားနေမှန်သိပါက
အသံကျယ်ဖြင့်အသိပေးရပေမည်။ဥပမာရှေ့ဆောင်ဆရာက၃ရကတ်ကို ၄ရကတ်လိုထင်ပြီး၊
သရှာဟူးဒ်ဖတ်ပြီးစလာမ်ပေးချိန်၌အနောက်မှ(ဗေဟောင်လစ်လ္လာဟ်...)
ဟုအသံကျယ်ဖြင့်ဖတ်ပေးရမည်။
အကယ်၍တစ်ယောက်ယောက်ကအသိပေးမှာဘဲဟုစောင့်နေချိန်ရှေ့
ဆောင်မှစလာမ်ဖတ်ပါက၊မိမိကိုယ်တိုင်
ထပြီးကျန်၁ရကတ်ကိုဖတ်ရပေမည်။
(ဂျမားလ်)
နောက်မှလိုက်ဖတ်သူအနေဖြင့် မှားယွင်းနေသည်ကို သိခဲ့လျင် အပြည့် ၄ ရကဒ် ကို
ကိုယ့်ဘာသာ ဆက်ဖတ်လို့ ရပါသလား?
ရပါသည်။(ဟဇရတ်(သ)အာယာသွလ်လ္လာဟ်အလ်အွဇ်မာခါမေနာအီရုံး)
ရှီအာအိမ်ထောင်သည် အမျိုးသမီးများ အနေဖြင့် မိမိတို့၏ခင်ပွန်းများ၏
ခွင့်ပြုချက်ဖြင့်သန္ဓေ တားဆေး စားခွင့်ရှိပါသည်။
မှတ်ချက် ။။မအာအေရှာအဟ်မဒ်အခုလိုမေးခွန်းများမေးသည်အတွက်ကျေးဇူးကမ္ဘာ
သို့သော်သတိတစ်ခုထားပါကိုယ်မေးခွန်းကြောင့်သူများမတရားအမြတ်မထုတ်သွားပါစေနဲ့။
ဥပမာအစ်မမေးခွန်းအရဆို တရားဝ
ဝါဂျိဘ် နမာဇ် ဖတ်ပြီးရင် ဖတ်ရမည် နဖေလေ နမာဇ် လေးတွေကတော့
၁။ဖဂျရ် အတွက် - ၂ရကတ် -ဖဂျရ်နမာဇ်မဖတ်ခင်အလျင်-
၂။ဇဟိုရ် - ၈ရကတ် - ၂ရကတ်ဆီဖတ်ရမည် - နမာဇ်ဇဟိုရ်မဖတ်မည်အလျင်
၃။အဆရ် -၈ရကတ် - ၂ရကတ်ဆီဖတ်ရမည် - နမာဇ်အဆရ်မဖတ်မည်အလျင်
၎။မဂ်ရေပ်- ၄ရကတ်၊၂ရကတ်ဆီဖတ်ရမည် - နမာဇ်မဂ်ရေပ်ဖတ်ပြီးမှဖတ်ရမည်။
၅.အေရှာ- ၂ရကတ်ထိုင်၍အေရှာနမာဇ်အပြီးဖတ်ရမည်။
ဥပမာ၊ မျက်စိ ၊ နှလုံး၊ကျောက်ကပ်တို့ လှူတာမျိုးကို
ဆိုလိုတဲ့သဘောပါ။ Muslim အချင်းချင်း (သို့မဟုတ်) မုစ္စလင်မ် မဟုတ်သူကိုပါ လှူဒါန်းတာကို မေးမြန်းခြင်းဖြစ်ပါတယ်ခင်ဗျာ။
အဖြေ။ ။ ဒီကိစ္စနှင့်ပတ်သက်ပြီးရှီအာထိပ်တန်းသာသနာပညာရှင်မရ်ဂျာများအကြားကွဲလွဲမှုရှိပါတယ်။
အခြားသူအတွက်(မွတ်စလင်ဖြစ်စေ၊မဖြစ်စေ)အသက်ကယ်တင်ရာရောက်ပါကလှူဒါန်းခွင့်ရှိ၏။
အကျယ်ကြည့်ရန်1292اجوبه الاستفتاآت، آيت الله خامنه اي ، س
ခွင့်မရှိချေ။
အာယာသွလ္လာဟ်စစ်သာနီရုံးနှင့်ဝဟီးဒ်ခိုရာစန်နီရုံး
လိုအပ်နေသူများအတွက်၊ပိုင်၏။
အာယာသွလ္လာဟ် ဖွာစေလ်လန်ကရာနီ
မွတ်စလင်တစ်ဦးတစ်ယောက်၏အသက်ကိုကယ်ရာရောက်မည်(သို့)...
ပိုင်၏။
အာယာသွလ္လာဟ်မကာရေမ်ရှီရာဇီ
ကြည့် - မစ်စာလေယေဂျသီးဒ်ကျမ်းအတွဲ ၅ ၊စာမျက်နှာ၁၄၅
ရေးသားသူ - ဟွဂ်ျသွလ်အစ္စလာမ် ဆရက်(သ)မိုအ်စင်မဟ်မိုဒီ
နောင်တော်၏ဖေရ်ကာစွန်နီ(ရှာဖေအီ၊ဟန်ဗလီ၊ဟန်နဖီ၊မာလစ်ကီ)-၌ရော ဘယ်လိုရှိပါသနည်း
အခြား မင်ဗာများအတွက်ဗဟုသုတဖြင့်ရန် ဖြေပေးစေလိုပါသည်။
မေး ။။စလာမ်
စူရာဟ် ဖာသေဟာ ဖတ်အပြီးတွင် အဟ်လေစွန္နတ် ညီနောင်တို့သည် (အာမီးန်) ဟုဖတ်ရချင်းမှာ အဘယ်ကြောင့်ပါသနည်း။
စလာမ်
အဖြေ။။ ကျွန်တော်မဖြေခင် ညီနှောင်စွန်နီများအနေဖြင့်ဖြေလျှင်ပိုပြီးသဘာဝကြပါသည်။
အမေး။ ။Mobile Phone ခေါ်သည့် Ring Tone အသံကိုအဇာန်အသံမထည့်ရ လို့ တချို့
ကဆိုကြပါတယ်။ဟုတ်ပါသလား။
စလာမ်
်ဖြေ ။။ဤကဲသို့မကြားဘူးသေးပါ။ သို့သော်လေးစားသည်အနေဖြင့်စူရဟ်၏
အာယတ်တော်များကို Ring Tone မလုပ်ဖို့ အေမာမ်ခိုမေနီတက္ကသိုလ်ကျောင်းမှဆရာတစ်ပါး
မိန့်ဖူးပါတယ်။
အာဇန်ကိုလည်းလေးစားသည်အနေဖြင့် Ring Tone မလုပ်လျှင်ပိုကောင်းပေသည်။
အကြောင်းသည်ကား ဖုန်းလာချိန် အာဇန်မဆုံးသေခင်၊အာယတ်မဆုံး
သေခင်အဖြေပေးရသဖြင့်ဖြစ်ပါသည်။
နံပြား(သို့)ပေါင်မုန့်ကိုဓားနှင့်လှီးပြီးစားသုံးတာဟာတာ မက်ရူးပါ။
ကြည့်-ဟွဂ်ျသွလ်အစ္စလာမ်မိုဟမ္မဒ်ဟိုစိုင်း(န)ဖလာဇဒေရေးသားသီးကုံးထားသော
အမိုဇေရှ်ဖေက်ကျမ်းစာမျက်နှာ ၃၁၇ ၌ လေ့လာနိုင်ပါသည်။
မှတ်ချက်။။အဲဒီစာမျက်နှာ၌ မမာလာသန်း၏မေးခွန်း၏အဖြေလည်းရှိပါသည်။
အဖြေက - ရေသောက်ရင်ဘယ်လက်နဲ့ကိုင်သောက်တာ မက်ရူးပါ။
အမေး။ ။ကျနော်ဆိုလိုတာက "တမန်တော်မူဆာရဲ့ တောင်ဝှေးဟာ သူ့ရဲ့တန်ခိုးေ တ်ာဖြစ်ခဲ့တယ်လို့ ပြောကြတယ်ဆိုတာမှန်ပါသလား နဲ့ အဲဒီမိုဂျေဇာ အကြောင်းကိုသိချင်လို့ပါ.
အဖြေ။။ ကျမ်းတော်မြတ်ကုရ်အာန်စူရဟ်အမှတ် ၁၇ စူရဟ်ဗနီအစ်ရာအီးလ်အာယတ်တော်အမှတ်၁၀၁
အရ မိုအ်ဂျေဇာတန်ခိုးဗျာဒိတ်တော် ၉ ခုအလ္လာဟ်အရှင်မြတ်မှဟဇရတ်မူဆာ(အ.စ)
အားချီးမြှင့်ခဲ့သည်လိုသိရပါတယ်။
နောက်စူရဟ် အမှတ် ၂၀ သွာဟ အာယတ်တော်အမှတ် ၁၇ ၊၁၈ အရ တောင်ဝှေ့တော်ဟာ
မိုအ်ဂျေဇာဖြစ်ကြောင်းဖော်ပြထားပါတယ်။
ဒီမိုအ်ဂျေဇာဟ ၉ခုအနက်မှတစ်ခုပါ။
မှတ်ချက်။ ။ စာမေးပွဲနှင့်အခြားကိစ္စများကြောင့်အဖြေပေးနောက်ကျနေရပါသည်။
နားလည်ပေးကြပါ။
အမေး ။ ။အရက်ပျံ သည် သန့်ရှင်းပါသလား။
အဖြေ ။ ။အကယ်၍အရက်အပျံ၏အရင်းအမြစ်အစစ်သည်
မှုးရစ်စေတတ်သောအမျိုးအစားထဲပါမပါမသိပါက၊သန့်၏။
ဟဇရတ်အာယာသွလ်လ္လဟ်အလ်အွဇ်မာခါမေနာအီ
အရက်ပျံသည်သန့်၏။
ဟဇရတ်အာယာသွလ်လ္လဟ်အလ်အွဇ်မာမကာရေမ်ရှီရာဇီ
အရက်ပျံသည်သန့်၏။
ဟဇရတ်အာယာသွလ်လ္လဟ်အလ်အွဇ်မာစစ်သာနီ
ကြည့် -
မဆာအေလေဂျသီးဒ်ကျမ်းအတွဲ(၄)စာမျက်နှာ၂၀၇-၈
ပြုစုသူ။ဟွဂျသွလ်အစ္စလာမ်ဆရက်(သ)မော်အ်စင်မဟ်မူဒီး(ကွမ်း၊အီရန်)
အမေး ။။မွတ်စလင်မ် ယောက်ျား တစ်ယောက် က “အဟ်လိကိသားဗ်” လို့ခေါ်တဲ့ ရှေးကောင်းကင်ကျ ကျမ်းရဘာသာဝင် အမျိုးသမီးများ (ဂျူး၊ခရစ်ယာန်)ကို ကြိုက်ရာ ရွေးချယ် လက်ထပ်လို့ရပြီး၊ ဂျူး၊ ခရစ်ယာန် အမျိုးသား များအနေ နှင့် မွတ်စလင်မ်အမျိုးသမီးများအား အဘယ့်ကြောင့် လက်ထပ်ခွင့် မပြုရပါ သလဲ။
အဖြေ။ ။ ရှီအာအေမာမ်မီယာအရရှီအာအမျိုးသားတစ်ယောက်ဟာအဟ်လေကိသာပ်(ရဟူဒီ၊ခရစ်ယာန်)
ဖြင့်မိုသာ(ခေတ္တနေကဟ်)သာဖတ်လိုရပါတယ်။အမြဲအတွက်မရပါ။
မိုသာ(ခေတ္တနေကဟ်)ဖတ်ရ၌လည်းစည်းမျဉ်းတွေအများကြီးရှိပါတယ်။
မိမိအသီသကိုဖြည့်စွက်ဖို့ထင်တိုင်လည်းလုပ်လိုမရသလို၊လွယ်တဲ့ကိစ္စလည်းမဟုတ်ပါ။
နောက်အလွဲသုံးစားလည်းလုပ်ပိုင်ခွင့်မရှိပါ။
အမေး ။ ။တရိစ္ဆာန်ရဲ့ဦးချိုဟာမသန့်ရှင်းဘူးလို့ဆိုကြပါတယ်။ ဥပမာ- နံရံမှာ အလှချိတ်ထားခွင့်ရှိပါသလား။
အဖြေ ။။ဟလ္လာဟ်တရိစ္ဆာန်ဖြစ်ဖြစ်ဟရမ်၊၎င်းတို့၏ဦးချိုကိုအိမ်ရှိနံရံများ၌အလှချိတ်ခွင့်ရှိပါသည်။
သို့သော်အပိုအလုပ်တစ်ခုဖြစ်ပေသည်။
ဟဇရတ်အာယာသွလ်လ္လဟ်အလ်အွဇ်မာခါမေနာအီရုံး(ကွမ်း)
မှန်ပေသည်။ဈေးကြီးပေးဝယ်ကာချိတ်မည့်အစား၊ဒိုအာကာများ၊ကျမ်းတော်မြတ်ကုရ်အာန်များ
ချိတ်သင့်ပေသည်။
အမေး ။ ။မွတ္တကီဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ပြောတာလဲ။ ဖာဆိက် ဆိုတာကရော ဘာကို ပြောတာလဲ။
အဖြေ။ ။ အတိုချုပ်ဖြေရလျှင်
မွတ္တကီ=ဂိုနာယေကဘီရာနှင့်စဂီရာမကျူးလွန်သူ၊အလ္လာဟ်ဟိုအရှင်မြတ်အမိန့်တော်တွေကို
တသွေမသိမ်းလိုက်နာသူ
ဖာဆိက်= ဂိုနာယေကဘီရာကိုကျူးလွန်သူ၊ဂိုနာယေစဂီရာအကြိမ်ကြိမ်ကျူးလွန်သူ၊
မှတ်ချက်။ ။မည်သည်ရှီအာမိုမင်၊မိုမေနတ်ကို မိမိအထင်ဖြင့် မွတ္တကီဖြစ်တယ်၊ဖာဆိက်ဖြစ်သည်ဟု
အလွယ်လေးမပြောမိဖို့အရေးအရမ်းကြီးပေသည်။
အကြောင်းသည်ကားမြန်မာရှီအာလောက၌မိမိနှင့်အကြောင်းအမျိုးမျိုးကြောင့်အဆင်မပြေလျှင်ချက်ချင်း
နမာဇ်ပင်မြဲနေပါစေ၊စသည်ဖြင့်ကောင်းမှုကိုသိုလ်တွေလုပ်နေပါစေ ဖာဆက်၊မိုနာဖေက်၊ယဇီးဒ်၊အမေအာစ်
လို အမည်ပေးတတ်ပြီး၊
မိမိနှင့်အကြောင်းအမျိုးမျိုးကြောင့်အစဉ်ပြောနေလျင်မည်မျှပင်ဒုစရိုက်လုပ်နေပါစေ
မွတ္တကီ၊သူတော်စင်၊အဟ်လေ့ဘိုက်(အ.စ)ကဲ့သို့အလုပ်လုပ်သူဟုအမည်တတ်လေ့ရှိပေသည်။
ကြုံဖူးပေမည်။
တစ်ဦးတစ်ယောက်ကိုမွတ္တကီ၊ဖာဆိက်ဟုမပြောမည်အလျင်ကျမ်းတော်မြတ်ကုရ်အာန်၊စစ်မှန်သော
ဟဒီးစ်တော်များ၌ မည်သူကို မွတ္တကီ၊မည်သူကိုဖာဆိက်ဟုဆိုထားကြောင်းလေ့လာသင့်ပေသည်။
နောက်ကုရ်အာန်၊စစ်မှန်သည်ဟဒီးစ်တော်တွေကိုလေ့လာဖို့အနည်းဆုံး
အာရဘီ၊ဖွာစီ၊အုရ်သူဘာသာကိုပိုင်ပိုင်နိုင်နိုင်တတ်ကျွမ်းပြီး၊
စစ်မှန်ပြီးတကယ်တတ်သည်ရှေ့ဆောင်ဆရာ
တစ်ပါးပါးလည်းရှိဖို့လိုပေသည်။
အကြောင်းသည်ကားအာယာသွလ္လာဟ်အများစုသည်အာရဘီ၊ဖွာရစီကျွမ်းကျင်ကြ၏။
တချို့အာယာသွလ္လာဟ်များသည်ပါကစ္စတန်၊အိန္ဒိယနိုင်ငံသားများဖြစ်သည်အတွက်အူရ်သူပါတတ်ကျွမ်း၏။
အစ္စလာမ်ဘာသာရေးစာအုပ်အများစုသည် အာရဘီ၊ဖွာရစီ၊အူရ်သူ၌ရှိနေသောကြောင့်
ဖြစ်ပါသည်။
အင်ရှာအလ္လာဟ်ရှင်းလောက်ပြီးဟုထင်ပါသည်။
အဝတ်အထည်အတွက် ခွမ်းစ်တော့ထုတ်ရပါတယ်၊အကယ်၍နှစ်စဉ်နှစ်တိုင်းခွမ်းစ်ထုတ်နေသူဆိုရင်တော့
သီးသန့်ထုတ်ဖို့မလိုပါဘူး။
အကယ်၍ခွမ်းစ်မထုတ်ဘဲထားတဲ့ငွေနဲ့ဝယ်ထားတဲ့အဝတ်ဆို
နမာဇ်အတွက် အခက်အခဲရှိတယ်။နမာဇ်မပိုင်ဘူးလိုသာသနာ့သုခမိန်တွေကဆိုထားပါတယ်။
အမေး ။။ နဂျိစ်လား သဟာရသ် လား မသိသော အရာတခုအပေါ်တွင်
မည်ကဲ့သို့ ဆုံးဖြတ်ပြုလုပ်ရမည်နည်း။
အဖြေ ။။ အရာတစ်ခုဆိုတာဘာဘဲ၊စားစရာလားသောက်စရာလားဝတ်စရာလား...
အမေး ။ ။မိုဟာရမ်လမှာငိုကြွေးရင်ထုရမယ်ဆိုပြီးပြဋ္ဌာန်းထားပါသလား။
အဖြေ ။ ။ မိုဟာရမ်လ၌အေမာမ်ဟိုစိုင်း(အ.စ)အတွက်ငိုကြွေးခြင်း၊ရင်ထုခြင်းမလုပ်ရဟုပြဋ္ဌာန်းထားသည်
ခိုင်မာသည်အထောက်အထားများနောင်တော်အနေဖြင့်တွေ့ထားလိုအခုမေးခွန်းကိုမေးတာလား
တွေ့ထားရင်တင်ပြပါ။အကယ်၍တင်ပြရင်ကော်နောင်တော်ကလက်တွေ့လက်တွေ့လုပ်မှာလား
ဒီအကြောင်းနှင့်စပ်လျဉ်းပြီးအပြန်အလှန်ယဉ်ယဉ်ကျေးကျေးအေးချမ်းစွာပို့စ်
တစ်ခုအဖြစ်ဆွေးနွေးဖို့အဆင်သင့်ပါဘဲနောင်တော်။
ကျွန်တော်မှအထောက်အထားတွေအများကြီးပါ။
နောင်တော်အတွက်လက်ဆောင်အနေဖြင့်တစ်ခုဖော်ပြရမယ်ဆိုရင်
ကောင်းကင်တမန်ဂျီဗရာအီးလ်(အ.စ)အနေဖြင့်အေမာမ်ဟိုစိုင်း(န)(အ.စ)၏ရှဟာဒတ်နှင့်ပတ်သက်
သည်သတင်းကိုယ်တော်တမန်တော်မြတ်ကြီးမိုဟမ္မဒ်(ဆွ)တင်ပြချိန်၌ ငိုကြွေးတော်မူခဲ့ကြောင်း
ကရ်ဗလာမြေခဲအားကိုယ်တော်(ဆွ)အားဆက်သချိန်၌ငိုကြွေးခဲ့တော်မူကြောင်းလာရှိပေသည်။
ကြည့် -
بحارالأنوار١٨: ١٢٥
بحار الأنوار ٣٦:٣٤٩
နောက်အတိုချူပ်ပြောရလျှင်ရှီအာစွန်နီလက်ခံသည်အာလင်မ်ပညာရှင်ခွာဂျအဂ်ျမေရ်ကဒီလို
ဖွာရစီဘာသာဖြင့်ကဗျာမိန့်ထားပါတယ်။
شاه ا ست حسین بادشاه است حسین دین است حسین دین پناه است حسین
سر داد نداد دست در دست یزید حقّا کہ بنائے لا اله است حسین
အင်ရှာအလ္လာဟ်ရှင်းလောက်ပါပြီး။
အမေး(၁)အရာတစ်ခုဆိုတာက တော့ စားစရာ သောက်စရာရော အ၀တ်အထည်နဲ့ပါဆိုင်တဲ့ သဘောပါ။
ဘယ်လိုဥပဒေရှိပါသလဲ။
အဖြေ။ ။နဂျစ်ဟုတ်မဟုတ်နည်း(၃)နည်းဖြင့်သိနိုင်ပါတယ်
၁။ကိုယ်တိုင်နဂျစ်ဖြစ်နေကြောင်းသိခြင်း
၂။အဒဲလ် ၂ယောက်က ထောက်ခံခြင်း
၃။ ပိုင်ရှင်(ပစ္စည်း)ကိုယ်တိုင်ကနဂျစ်ဖြစ်ကြောင်းပြောကြားခြင်းတို့ဖြစ်ပါတယ်။
ဒီတော့အထက် ၃ချက်၌ချိန်ကိုက်ကြည့်ပေါ့ အချက် ၁ခုနဲ့ပင်ညှီနေရင် နဂျစ်ပေါ့
မညှီရင်ပါက်ပေါ့
အမေး(၂)အရွယ်မရောက်သေးသော ကလေး၏ အာဇန်နှင့်အကာမသ်သည် နမာဇ်ဖတ်ရန်အတွက် လုံလောက်ပါသလား။
အဖြေ ။ ။ အာဇန်နှင့်အကာမသ် သည် မွစ်သဟပ် ဖြစ်ပါတယ်။
နောက်ဟဇရတ်အာယာသွလ်အလ်အွဇ်မာဗဟ်ဂျသ်(ရ.ဟ) ဖာသ်ဝါအရ
အရွယ်မရောက်သေးသော ကလေးဖြစ်သော်လည်း အကောင်းအဆိုးကိုသိသည်ကလေးဖြစ်ပါက၎င်း၏ အာဇန်နှင့်အကာမသ်သည်လုံလောက်ပါသည်။
စလာမ်... ရှီအာအစ္စလာမ်မှာ ကွန်ဒါ မကျင်းပဘဲ၊မနေရလိုမဆိုထားပါဘူး
အထူးသဖြစ် ကွန်ဒါ ဟာ အိန္ဒိယ၊ပါကစ္စတန်၊မြန်မာစသည်
အချို့နိုင်ငံနောက်ဒီနိုင်ငံသားတွေရှိတဲ့နေရာမှာသာ ကျင်းပပါတယ်။
ကျွန်တော်လေ့လာမှုအရ တမန်တော်မြတ်ကြီး(ဆွ)လက်ထက်က ကွန်ဒါ ကိုမကျင်းပခဲ့သလို
မကျင်းရဘူးလိုမတားမြစ်ထားပါဘူး
ကျွန်တော်ကိုယ်ပိုင်အမြင်အရဆို ရဂျပ်လ (၂၂) ရက်ကို ကွန်ဒါလုပ်သင့်ပါတယ်။
ဒါပေမဲ့အေမာမ်ဂျဖရ်ဆွာဒစ်(အ.စ)၏နစဲရ်လိုမသတ်မှတ်ဘဲမောင်လာအလီ(အ.စ)
ကိုအရမ်းအရမ်း၊အဟ်လေ့ဘိုက်(အ.စ)နှင့်ရှီအာတွေကိုသတ်ဖြတ်၊နှိပ်စက်ခဲ့တဲ့အစ္စလာမ်အမည်ခံ၊တချို့
မွတ်စလင်များကခေါင်းဆောင်အဖြစ်သတ်မှတ်ထားတဲ့သူကို ဂျနာဗေအစ်ဇရအီး(အ.စ)
ခေါ်သွားတဲ့နေ့မလိုပါဘဲ။
တစ်နည်းဆိုရလျှင်မောင်လာ(အ.စ)ရန်သူချောတဲ့နေ့ကိုပျော်တဲ့အနေဖြင့်နို့ထမင်းအချိုမုန့်...
ကျွေးတော့ပိုကောင်းတာပေါ့
အမေး ။ ။ မဆ်ဂျိဒ်တွင်ဖတ်သော နမာဇ်နှင့် မိမိနေအိမ်တွင်ဖတ်သောနမာဇ်၏
စ၀ါဘ်မှာ ခြားနားမှုရှိပါသလား?
အဖြေ ။ ။ မစ်ဂျစ်ဒ် ၌ ဖတ်ခြင်းကိုဦးစားပေးရမည်။မိုစ်သဟပ်ဖြစ်ပါသည်။
အမျိုးသမီးများအတွက်အိမ်၌ဖတ်လျင်ပိုကောင်းပါသည်အကယ်၍ မိမိကိုယ် နမဟ်ရမ်များ
မှလုံလုံခြုံခြုံထိန်းနိုင်လျင် မစ်ဂျစ်ဒ်၌လည်း ဖတ်၍ရပါသည်။
ကြည့် - ဟွဂ်ျသွလ်အစ္စလာမ်မိုဟမ္မဒ်ဟိုစိုင်း(န)ဖလာဇဒေရေးသားသီးကုံးထားသော
အမိုဇေရှ်ဖေက်ကျမ်းစာမျက်နှာ 109
အမေ ။ ။ နမားဇ်ဖတ်ယင်းနဲ့မျက်ရည်ကျမိယင် နမားဇ်ပျက်တယ်ဆိုတာမှန်ပါသလား။
အဖြေ။ ။ အကယ်၍ ဒွန်ယာအတွက်ငိုကြွေးပြီးမျက်ရည်ကျရင်နမာဇ်မပိုင်ပါ။
အလ္လာဟ်အားချစ်ကြောက်လို့ဆိုရင်တော့အကြောင်းမဟုတ်ချေ။(ရှီအာမရ်ဂျာများ၏အမြင်)
ပို၍သေချာရန်အောက်ဖော်ပြပါကျမ်းတော်မြတ်ကုရ်အာန်၏အာယတ်တော်နှစ်ပါးကို
လေ့လာရင်လုံလောက်ပါတယ်။
اسراء، آيه108ـ110.
အမေး။ ။ကျွန်တော်၏ မေးခွန်းလေးဖြေပေးပါအုံး။
စူရာဟ် ဖာသေဟာ ဖတ်အပြီးတွင် အဟ်လေစွန္နတ် ညီနောင်တို့သည် (အာမီးန်) ဟုဖတ်ရချင်းမှာ အဘယ်ကြောင့်ပါသနည်း။
"ကာဖရ်" တစ်ယောက်က မွတ်စ္စလင် တစ်ဦးအား "စလာမ်" ပေးလျင်မည်သို့ တုံ့ပြန်ရပါမည်နည်း။
အဖြေ ။ ။စူရာဟ် ဖာသေဟာ ဖတ်အပြီးတွင် အဟ်လေစွန္နတ် ညီနောင်တို့သည် (အာမီးန်) ဟုဖတ်ရချင်း
နှင့်ပက်သက်၍ ၎င်း တို့၏အာလင်မ်အားမေးလျင်ပိုသင့်တော်ပါသည်။
ရှီအာအမြင်အရတော့ နမာဇ်ပျက်ပါသည်။
"ကာဖရ်" တစ်ယောက်က မွတ်စ္စလင် တစ်ဦးအား "စလာမ်" ပေးလျင်
အလိုင်ကာ(သို့)စလာမ်လိုဖြေပါ။
ဒေါက်တာဆပ်မေးခွန်းတစ်ခုဘဲကျန်တော့တယ်နောက်ရက်တွေ(အင်ရှာအလ္လာဟ်)
ဖြေပေးမယ်။
===
Note / 40
========
251 / End