အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မုံးကိုးမြို့တွင် ဖြစ်ပွား သော တိုက်ပွဲအတွင်း ပျောက်ဆုံး နေသော ရဲတပ်ဖွဲ့ဝင်သုံးဦးကို သေနတ်ဒဏ်ရာများဖြင့် သေဆုံး လျက် ပြန်တွေ့ပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယပြည် နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင် မြတ်မိုးက ပြောကြားသည်။
အစိုးရ၏ ဒီဇင်ဘာ ၆ ရက် နေ့ သတင်းထုတ်ပြန်ချက်အရ မုံးကိုးနယ်မြေရဲစခန်းတွင် ရဲတပ် ဖွဲ့ဝင် ၁၆ ဦးရှိသည့်အနက် ကိုးဦး သေဆုံးပြီး လေးဦးပြန်လည်လွတ် မြောက်ကာ သုံးဦးပျောက်ဆုံးနေ ခြင်းဖြစ်သည်။ ယခုအခါ ပျောက်ဆုံးနေသူသုံးဦး၏ ရုပ်အလောင်း များ ပြန်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရဲမှူးကြီးအောင်မြတ်မိုးက ‘‘ပျောက်ဆုံးနေသူတွေကို တပ် မတော်စစ်ကြောင်းကနေ လိုက် ရှာတာမှာ ဒီနေ့တွေ့တယ်။ သေ ဆုံးလျက် ပြန်တွေ့တာပေါ့။ ကျန် ရစ်သူ မိသားစုဝင်တွေကို ရဲတပ် ဖွဲ့ကနေ ကူညီထောက်ပံ့မှုတွေ ဆက်တိုက်လုပ်ပေးနေပါတယ်’’ ဟု ပြောသည်။
ပြန်တွေ့သော ရဲတပ်ဖွဲ့ဝင် သုံးဦးမှာ ရဲအရာခံ စန်းတင့်၊ ရဲ တပ်ကြပ်ကြီး ဖိုးလုံး၊ ရဲတပ်သား ကျော်ဆန်းဝင်းတို့ဖြစ်ကြောင်း သတင်းရရှိသည်။
မုံးကိုးနယ်မြေရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင် ၁၆ ဦး တာဝန်ထမ်း ဆောင်နေပြီး KIA, MNDAA နှင့် TNLA ပူးပေါင်းလက်နက်ကိုင် အဖွဲ့များက ရဲစခန်းကို အင်အား အများအပြားဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ကြောင်း အစိုးရက သတင်း ထုတ်ပြန်ထားသည်။
မုံးကိုးနယ်မြေရဲစခန်းတိုက် ခိုက်ခံရမှုတွင် ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ အရပ်သားနှစ်ဦး သေဆုံးကာ သေနတ်မျိုးစုံ ၃၃ လက် ပျောက် ဆုံးခဲ့သည်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရသော နိုဝင်ဘာ ၂၀ ရက်က ကုန်သွယ် ရေးဇုန်အနီး နမ့်ပေါရဲကင်းမှ ရဲတပ်ဖွဲ့ဝင်သုံးဦးလည်း အသတ် ခံရကာ လတ်တလောဖြစ်ပွားနေ သော ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ ဝင် ၁၅ ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။
===================
251 / End
၉ ဒီဇင်ဘာ ၂၀၁၆ - ၁၇:၂၄
News ID: 797136
မုံးကိုးမြို့တွင် ဖြစ်ပွား သော တိုက်ပွဲအတွင်း ပျောက်ဆုံး နေသော ရဲတပ်ဖွဲ့ဝင်သုံးဦးကို သေနတ်ဒဏ်ရာများဖြင့် သေဆုံး လျက် ပြန်တွေ့ပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယပြည် နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင် မြတ်မိုးက ပြောကြားသည်။