၁၃ ဒီဇင်ဘာ ၂၀၁၆ - ၁၆:၄၄
နိုင်ငံသား စီစစ်ရေးကတ်များကို SMART CARD ပြောင်းလဲရန် ရှေ့ပြေးစမ်းသပ်မှု မန္တလေးတွင် စတင်

မန္တလေး၊ ဒီဇင်ဘာ ၁၃ ။ ။ နိုင်ငံသား စီစစ်ရေးကတ်ပြားများအား SMART CARD ပြောင်းလဲပေးနိုင်ရန်အတွက် ရှေ့ပြေးစမ်းသပ်မှုအနေဖြင့် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမတွင် ဒီဇင်ဘာလ ၁၃ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မန္တလေး၊ ဒီဇင်ဘာ ၁၃ ။      ။ နိုင်ငံသား စီစစ်ရေးကတ်ပြားများအား SMART CARD ပြောင်းလဲပေးနိုင်ရန်အတွက် ရှေ့ပြေးစမ်းသပ်မှုအနေဖြင့် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမတွင် ဒီဇင်ဘာလ ၁၃ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

နိုင်ငံတော်အစိုးရ၏ e-Government Master Plan မှာ လက်ရှိနိုင်ငံသား စိစစ်ရေး ကတ်ပြားများကို Smart Card အမျိုး သား အီလက်ထရောနစ် မှတ်ပုံတင်လုပ်ငန်း၏ National Electronic ID (Ne ID) လုပ်ငန်းစဉ်အတွက် လိုအပ်သည့် အထောက်အကူပြု စာရင်းကောက်ယူခြင်းလုပ်ငန်း ရှေ့ပြေးစမ်းသပ်ဆောင်ရွက်ခြင်း ဖြစ်သည်။

ထိုသို့ဆောင်ရွက်ခြင်းကို အသက် ၁၈ နှစ် အထက်ပြည်သူများအားလုံးကို စမ်းသပ်ဆောင်ရွက်သွားမှာဖြစ်ပြီး ရှေ့ပြေး စမ်းသပ်ဆောင်ရွက်ခြင်းလုပ်ငန်းများ ပြီးဆုံးမည့်ရက် သတ်မှတ်ထားခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ချယ်က ဆိုသည်။

" အချက်အလက်တွေ ကောက်နေတယ်။ ရရှိလာတဲ့ အချက်တွေပေါ်မူတည်ပြီး ဆောင်ရွက်သွားကြမှာပါ။ စမတ်ကတ် ကတော့ နိုင်ငံတကာမှာ သုံးနေတာကြာပြီ အခု ကျွန်တော်တို့လည်း နိုင်ငံတကာလိုဖြစ်အောင် ဆောင်ရွက်မှာပါ " ဟု ၎င်းက ပြောသည်။

အထောက်အကူပြုစာရင်းများ ကောက်ယူရာတွင် အိမ်ထောင်စု လူဦးရေစာရင်းပါအမည်နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းကို ဓာတ်ပုံရိုက်ခြင်း၊ ကိုယ်ရေးအချက်အလက်များရေးသွင်းခြင်းတို့ကို ခေတ်မီ IT နည်းပညာသုံး၍ လုပ်ဆောင်နေပြီး လက်တွေ့လုပ်ငန်းဆောင်ရွက်မှုအပေါ်မူတည်ကာ အားနည်းချက်၊ အားသာချက်များကို ပြန်လည်ဆန်းစစ် လေ့လာသုံးသပ်ပြီး လိုအပ်သည်များ   ပြင်ဆင်ကာ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အထောက်အကူပြု စာရင်းကောက်ယူခြင်း၊ ရှေ့ပြေးစမ်းသပ်ဆောင်ရွက်ခြင်း လုပ်သန်းများကို ဆောင်ရွက်သွားမည်ဟုဆို သည်။

===================    
251 / End