ကျင်းပရန် ကြေညာ ခဲ့ပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဂ်ျလစ်လေဝဲဟ်ဒသ်သေမွတ်စလေမီး အဖွဲ့၏ အတွင်းရေးမှူး မောင်လာနာ အဲဟ်မဒ် အေက်ဗါရဇာဝီ မှ ရဘီး အိုလ် အောင် ဝလ်လ ၁၂ရက်နေ့ မှ ၁၇ ရက်နေ့ အထိ စိတ်အားထန်သန်စွာ ဖြင့် စည်း လုံး ညီညွတ် ရေး ရက်သတ္တပတ် ကျင်းပရန် ကြေညာ ခဲ့ပါတယ်။
မဂ်ျလစ်လေဝဲဟ်ဒသ်သေမွတ်စလေမီး အဖွဲ့ မှ မီးလာဒ်နဘီ (ဆွ) ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏မွေးနေ့မင်္ဂလာကျင်းပသည့် မွေးနေ့ ပွဲများတွင် အင်တိုက်အားတိုက် ပါဝင်ကျင်းပ မည်ဖြစ်ပါတယ်။ မဂ်ျလစ်လေဝဲဟ်ဒသ်သေမွတ်စလေမီး အဖွဲ့ဝင်များ အနေဖြင့် မြို့၏ နေရာအနှံ့အပြား တွင် မဟာတမန်တော်မြတ် (ဆွ) ၏မွေးနေ့ တွင် သုံးမည့် လက် ဆောင် ပစ္စည်းများ ကို လက်ခံကြိုဆိုနေသည့် တဲငယ်လေးများကိုလည်း ထိုးထား ကြောင်း သိ ရှိရပါတယ်။
မောင်လာနာ အဲဟ်မဒ် အေက်ဗါရဇာဝီ မှဆက်လက်ပြီး ဂိုဏ်းဂဏ ပြုလုပ်မှု နှင့်အစွန်းရောက်မှု ကို အားပေးသူများသည် အမှန်တကယ် အစ္စလာမ် ရန်သူများ၏ အစေခံများ ၏ခိုင်းစေချက်ကို လက်တွေ့ လုပ်နေသူများ ဖြစ်ကြောင်း ၊အစ္စလာမ် သာသနာသည် ငြိမ်ချမ်းမှု နှင့် မေတ္တာ တရားကို ပြဆိုသည့် သာသနာ ဖြစ်ကြောင်း ၊ညီအစ်ကို စိတ်ဓာတ်ကို သွန်သင်ပေးသည့် သာသနာဖြစ်ကြောင်း ၊ကျနော်တို့ အနေဖြင့် ကွဲလွဲမှု ၂ % ကိုမေ့ထားပြီး တူညီမှု ၉၈ % ကို အလေးထားပြီး အချင်းချင်း စည်းလုံး ညီညွတ်ရေး အတွက်ကြိုးစားပြီး လက်တွေ့စံနမူနာဖြစ်အောင်၊မီးမောင်းထိုး ပြရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မောင်လာနာ အဲဟ်မဒ် အေက်ဗါရဇာဝီ အနေဖြင့် မဟာကရုဏာတော်ရှင် တမန် တော်မြတ်ကြီး (ဆွ) သာလျှင် အွန်မသ်သေ အစ္စလာမ်ကို အချင်းချင်း စည်းလုံး ညီညွတ်စေဖို့အချက်အချာ ကြသည့် အကြောင်းခံ ဖြစ်ကြောင်း နှင့်နိုင်ငံတွင်း ရှိ ရန်သူကို အောင်နိုင်ဖို့ အတွက် ဤစည်းလုံး ညီညွတ်မှု သည် လိုအပ်ကြောင်း ၊ ပြောကြားခဲ့ ပါ တယ်။
ကိုလိုနီ အင်အားများအနေဖြင့် ကျနော်တို့ အချင်းချင်း ၏ကွဲလွဲမှု ကို အား ကောင်း စေပြီး လှပတောက်ပသည့် အစ္စလာမ် မျက်နှာ ကို ပျက်စီးနေကြပါတယ်။ ဒီလို အခြေအနေမှာ ရှိသမျှဖေရ်ကာ အားလုံး ၏အိုလမာ နှင့် ပညာရှင်များ၏ သမိုင်းပေး တာဝန်မှာ အွန်မသ်သေမွတ်စလေမာ (ကိုယ်တော်မြတ် (ဆွ) နောက်လိုက် နောက် သား များ )အကြား စည်းလုံးညီညွတ်မှု ကို တည်ဆောက်ပေးရမည် ဖြစ်ပါတယ်။ ထိုပြင် အစ္စလာမ် ရန်သူများ ၏ မသန့် စင်သည့် အစီအစဉ် များ ကို ဖျက်စီး နိုင်ရမည် ဖြစ်ပါတယ်။
၎င်းမှ ဆက်လက်ပြီး အေဒ် အာဗါဒ် တွင် ဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်အတွက် စိတ်ရောကိုယ်ပါ ဝမ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့ပါတယ်။ သေဆုံးသွားသူများ အတွက် ကိုယ်ချင်းစာ ဝမ်းနည်းကြေကွဲကြောင်း ၎င်းတို့ အတွက် မဂ်ဖေရအသ် ဒိုအာ တောင်းခံခဲ့ပါတယ်။
အေမာမ် ခိုမေနီ (ရ.ဟ) အနေဖြင့် ရှီအာ စွန်နီ ချစ်ကြည်ရေး အတွက် စည်းလုံး ညီညွတ်ရေး ရက်သတ္တပတ်ကို တရားဝင် သတ်မှတ်ကျင်းပဖို့ ကြေညာခဲ့ခြင်း ဖြစ်ပါ တယ်။ ထိုအချိန်မှ စပြီး ယနေ့ အချိန် အထိ အီရန် အစ္စလာမ်မစ်အီရန် နိုင်ငံ အနေဖြစ် ရဘီး အိုလ်အောင်ဝလ်လ ၁၂ရက်နေ့ မှ ၁၇ ရက်နေ့ အထိ ကို စည်းလုံး ညီညွတ်ရေး ရက်သတ္တပတ် အဖြစ် ကျင်းပနေပါတယ်။
=======================
251 / End