အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယင်းဆေးရုံကြီးသည် ခုတင် ၈၀၀ ဆံ့ဆေးရုံကြီးဖြစ်သော်လည်း လူနာဦးရေမှာ ၁၀၀၀ ခန့်ရှိ၍ ယခုကဲ့သို့ ငါးထပ်ဆောင်တိုးချဲ့ဆောက် လုပ်ရခြင်းဖြစ်ကြောင်း ယင်းဆေးရုံအုပ်ကြီး ဒေါက်တာပပက ပြောသည်။
‘‘ငါးထပ်ဆောင်တိုးချဲ့ ဆောက်လုပ်နေတယ်။ ခုကခုတင် က ၈၀၀ ဆံ့ဖြစ်တယ်။ လူနာက တစ်ထောင်လောက်ရှိနေတဲ့အ ပေါ်မှာ ဆောင်ရွက်ထားမှုအနေနဲ့ ဆို ငါးထပ်ဆောင်အသစ်ကြီးကို ဆောက်လုပ်ထားပါတယ်။ လာ မယ့် ၂၀၁၇ မှာ ပြီးမယ်လို့မှန်း ထားတယ်’’ဟု ၎င်းကပြောသည်။
အဆိုပါ ငါးထပ်ဆောင်အ သစ်ကြီးတွင် အရေးပေါ်လူနာ ဆောင်၊ မီးဖွားခန်းနှင့် ခွဲစိတ်ကုသခန်းများ အသီးသီးပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လူနာအင်အားများပြားလာမှုကြောင့် ခုတင် ၁,၀၀၀ ဆံ့ဆေးရုံကြီးအဖြစ် တိုးမြှင့်နိုင်ရန် တင်ပြထားပြီး လက်ရှိတွင် ဆေး ရုံအတွင်းတက်ရောက် ကုသနေ သော လူနာအချင်းချင်း ရောဂါပိုး ကူးစက်မှုမရှိစေရန်နှင့် ကျဆင်းစေရန် စီမံချက် (Infection Control)ဖြင့် ဆောင်ရွက်နေကြောင်း ဒေါက်တာပပက ပြောသည်။
ဗဟိုအမျိုးသမီးဆေးရုံကြီး တွင် လက်ရှိ၌ အရေးပေါ်ကုသမှုပါ အခမဲ့စီစဉ်ထားသည်။ အဆိုပါ ဆေးရုံကြီးတွင် တစ်နေ့လျှင် ပြင်ပလူနာဦးရေ ပျမ်းမျှ ၃၀၀ ဦးမှ ၄၀၀ ဦးကြားရှိကာ ဆေးရုံ၌ အမြဲတမ်းတက်ရောက် ကုသနေသူ အတွင်းလူနာ ၁,၀၀၀ဦး ခန့်ရှိပြီး အရေးပေါ်ခွဲစိတ်လူနာမှာ နေ့စဉ် ၂၀ မှ ၃၀ ဦးခန့်ရှိကြောင်း ဆေးရုံလူနာမှတ်တမ်းများအရ သိရသည်။
ယင်းဆေးရုံကြီး၌ အမျိုးသ မီးများနှင့် ဆိုင်သောရောဂါများ၊ မီးဖွားလူနာ၊ မီးယပ်ရောဂါနှင့် မီး ယပ်ကင်ဆာဆိုင်ရာရောဂါများကို ကုပေးနေပြီး မီးဖွားပြီး ပေါင်မပြည့်ခြင်း၊ လမစေ့ခြင်းနှင့် ကျန်းမာရေးမကောင်းမွန်သော ကလေးငယ်များအတွက်လည်းမွေးကင်းစကလေး ကုသဆောင်၌ ကုသလျက်ရှိသည်။
===================
251 / End
၁၄ ဒီဇင်ဘာ ၂၀၁၆ - ၁၉:၂၈
News ID: 798202
ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ငါးထပ်ဆောင်တိုးချဲ့ဆောက်လုပ် နေမှု ၂၀၁၇ ၌ ပြီးစီးမည်ဖြစ် ကြောင်း သတင်းရရှိသည်။