၁၇ ဒီဇင်ဘာ ၂၀၁၆ - ၁၅:၄၈
 နိုင်ငံခြားငွေလဲလှယ်မှုနှုန်းကို အစိုးရကတိုက်ရိုက် ထိန်းချုပ်မရနိုင်ကြောင်း စီမံဘဏ္ဍာဒုဝန်ကြီးဆို ဒေါ်လာဈေးတက်ခြင်းကို အစိုးရက ထိန်

ဒေါ်လာဈေး ကျပ် ၁,၄၀၀ ကျော်အထိ စံချိန်တင်မြင့် တက်နေချိန်တွင် နိုင်ငံခြားငွေလဲ လှယ်မှုနှုန်းကို အစိုးရက တိုက် ရိုက်ထိန်းချုပ်၍မရနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန် ကြီး ဦးမောင်မောင်ဝင်းက ဒီဇင် ဘာ ၁၆ ရက်၌ ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ပြော ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဒေါ်လာဈေး ကျပ် ၁,၄၀၀ ကျော်အထိ စံချိန်တင်မြင့် တက်နေချိန်တွင် နိုင်ငံခြားငွေလဲ လှယ်မှုနှုန်းကို အစိုးရက တိုက် ရိုက်ထိန်းချုပ်၍မရနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန် ကြီး ဦးမောင်မောင်ဝင်းက ဒီဇင် ဘာ ၁၆ ရက်၌ ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ပြော ကြားသည်။

‘‘အစိုးရအနေနဲ့ ဘယ်ဈေးပဲ ရှိရမယ်၊ ဘယ်ဈေးမှာပဲဖြစ်ရမယ် ဆိုပြီး တိုက်ရိုက်လုပ်လို့မရပါဘူး။ ဈေးကွက်ကနေပြီး ဝယ်လိုအား၊ ရောင်းလိုအားအပေါ်မှာ ဖြစ်ပေါ် လာတဲ့နှုန်းထားအပေါ်မှာ မူတည် ပြီးတော့ ဆောင်ရွက်ရတာဖြစ်တဲ့ အတွက်ကြောင့် ဒီအပေါ်မှာ ဝယ် လိုအား အခြေအနေများနေရင် ဝယ်လိုအားအခြေအနေကို ဘယ် လိုထိန်းသိမ်းပေးမလဲ၊ အလားတူ ပဲ ရောင်းလိုအားနည်းနေတဲ့ အခြေ အနေမျိုးမှာ ရောင်းလိုအားများ လာအောင် ဘယ်လိုထိန်းသိမ်း ဆောင်ရွက်ပေးမလဲ ဆိုတာကို အစိုးရဘက်က ဗဟိုဘဏ်၊ စီမံ ဘဏ္ဍာ၊ စီးပွားကူးသန်းစတဲ့ဝန် ကြီးဌာနတွေက တွေ့ဆုံညှိနှိုင်းပြီး တော့

စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိပါကြောင်းလည်း တင်ပြလျက် ရှိပါတယ်’’ဟု ဒုဝန်ကြီးက ပြော ကြားသည်။

အစိုးရက ဒေါ်လာဈေးတက် ခြင်းကို ထိန်းချုပ်မရသည်မှာမှန် သော်လည်း ယင်းအကျိုးဆက် ကြောင့် တိုင်းပြည်မထိခိုက် အောင် လုပ်ဆောင်ရမည်ဖြစ် ကြောင်း ငွေကြေးပညာရှင်များက သုံးသပ်သည်။

‘‘ဒေါ်လာဈေးက သူ့သဘော သူ ဆောင်ပြီး တက်တာဆိုပြီး ထိုင်ကြည့်နေရင်တော့ တစ်နိုင်ငံလုံး စီးပွားပျက်သွားနိုင်တယ်’’ ဟု ဘဏ်အကြံပေး ဦးရဲမင်းဦးက သုံးသပ်သည်။

စီးပွားရေးပညာရှင်များက ဒီဇင်ဘာလလယ်တွင် ဒေါ်လာ ဈေးတက်မည်ဖြစ်ကြောင်း ကြို တင်သတိပေးမှုများရှိခဲ့သည်။

အစိုးရအနေဖြင့် ဝယ်လို အားရောင်းလိုအားကို ထိန်းညှိ ပေးခြင်းအပြင် ဒေါ်လာဈေးမြင့် တက်ခြင်းကြောင့် ဖြစ်ပေါ်လာ မည့် အကျိုးဆက်များကို ဖြေရှင်း ရန် ပြင်ဆင်ထားသင့်ကြောင်း ၎င်းက အကြံပြုသည်။

‘‘ဆေးဝါးတွေ၊ လူသုံးကုန် တွေ နိုင်ငံခြားက သွင်းရတယ်။ ဒေါ်လာဈေးတက်ရင် အဲဒါတွေပါ တက်မယ်။ ဒေါ်လာဈေးတက်ရင် လောင်စာဆီဈေးပါ တက်မယ် ဗျာ။ ပြည်တွင်းမှာ ထုတ်တဲ့ ဆန် တို့၊ ပဲတို့၊ အသီးအရွက်တွေက သယ်ယူပို့ဆောင်ခကြောင့် ဈေး လိုက်တက်မှာပဲ။ အဲဒါတွေကို တော့ အစိုးရက ဝင်ပြီးတော့ အဆင်ပြေအောင် ဆောင်ရွက်ပေး လို့ရတယ်။ ရပ်ကြည့်နေလို့ မရ ဘူး’’ဟု ဦးရဲမင်းဦးက ပြောသည်။

နိုင်ငံခြားငွေလဲလှယ်မှုနှုန်း ကို အစိုးရက တိုက်ရိုက်ထိန်းချုပ် မရနိုင်သော်လည်း မူဝါဒပိုင်းဆိုင် ရာဖြင့် ဖြေရှင်း၍ရကြောင်း ပြည် သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေ ကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးတင် ထွန်းနိုင်က ပြောသည်။

‘‘အခုဥစ္စာက ဝယ်မယ့်ဘက် က များနေတယ်။ ရောင်းချင်တဲ့ သူက မရှိနေဘူး။ ဒါကြောင့် ဈေး တက်တာပေါ့။ ရောင်းတဲ့သူများ ပြီး ဝယ်တဲ့သူနည်းလို့ရှိရင် ဒေါ် လာက ဈေးကျတယ်။ ဒါက ရှင်း ရှင်းလေးပဲလေ။ အဲဒီတော့ အစိုးရက စောစောကပြောသလို ဒီဈေး ရောင်း၊ ပိုရောင်းရင် ဖမ်းမယ်ဆို တာမျိုး ဟိုခေတ်ကလို လုပ်လို့ မရတာမှန်တယ်။ သို့သော် ပေါ် လစီချလို့တော့ရတယ်။ နိုင်ငံခြား ဘဏ်တွေ ဒီထဲကို ဝင်ရောင်းခွင့် ပေးမထားဘူး။ ဒီလိုဟာမျိုးတွေ ချနိုင်တယ်။ သူတို့ကိုခွင့်ပေး လိုက်၊ မင်းတို့ဝင်ရောင်းဆိုရင် ရောင်းတဲ့ဘက်မှာ လူများလာတာ ပေါ့။ အခု မြန်မာပြည်ဒေါ်လာ ဈေးကွက်မှာ ရောင်းခွင့်ရှိနေတာ က အစိုးရနဲ့ ဗဟိုဘဏ်နဲ့ ဒါပဲ ရောင်းခွင့်ရှိနေတာ။ ဒါက အစိုးရ က ကန့်သတ်ထားတာလေ။ ဒါ တွေ ဖြေလျှော့လို့ရတယ်လေ။ ပေါ်လစီချမှတ်ပြီး ငွေကြေးဈေး ကွက်ကို အစိုးရဘက်ကနေ လုပ် နိုင်တာတွေရှိတယ်။ အမှန်က အဲ ဒါတွေ လုပ်ရမှာလေ’’ဟု ၎င်းက ထောက်ပြသည်။

မြန်မာနိုင်ငံ၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပထမခြောက်လအ တွင်း သွင်းကုန်တန်ဖိုးသည် အမေ ရိကန်ဒေါ်လာ သန်း ၇,၇၀၀ ကျော်ရှိခဲ့သည်။ အများဆုံးတင်သွင်း သော ကုန်ပစ္စည်းများမှာ ရေနံ ထွက်ပစ္စည်းများ၊ စက်နှင့်စက် ပစ္စည်းများ၊ စားသောက်ရေးကုန် ကြမ်းများ၊ ဘတ်စ်ကားနှင့် ကုန်  တင်ကားများ၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်း၊ ကားနှင့် ကားပစ္စည်းများဖြစ်ကြောင်း ဗဟို စာရင်းအင်းအဖွဲ့အချက်အလက် များမှ သိရသည်။

၂၀၁၅ မတ်လကုန်ထိ မြန် မာနိုင်ငံစုစုပေါင်း နိုင်ငံခြားသုံး သီး သန့်ငွေပမာဏမှာ အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၀၃ ဘီလီယံအထိရှိကြောင်း ဗဟိုဘဏ်၏အ ချက်အလက်များမှ သိရသည်။ နိုင်ငံပိုင် နိုင်ငံခြားသုံးသီးသန့်ငွေ ပမာဏသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၉ ဘီလီယံရှိပြီး ဗဟို ဘဏ်၏လက်ဝယ်တွင် ၈၇ ရာခိုင်နှုန်းရှိနေသည်။

ပုဂ္ဂလိကပိုင် နိုင်ငံခြားသုံး သီးသန့်ငွေပမာဏသည် အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၅၄ ဘီလီ ယံရှိပြီး နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကပိုင်ဘဏ်များ၏ လက် ဝယ်တွင်ရှိကြောင်း ဗဟိုဘဏ်က ဆိုသည်။

မြန်မာကျပ်ငွေတန်ဖိုးကျ ဆင်းရခြင်းမှာ ပြည်တွင်း၊ ပြည်ပ အခြေအနေနှစ်ရပ်စလုံးကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်ခင် စောဦးက ပြည်ထောင်စုလွှတ် တော်၌ ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

ပြည်တွင်းအခြေအနေသည် ဘတ်ဂျက်လိုငွေမြင့်မားလာခြင်း၊ ပြည်ပကုန်သွယ်မှု လိုငွေမှာ ၂၀၁၄ ဇန်နဝါရီက စတင်ကာ ဆက်တိုက်ဖြစ်ပေါ်ခဲ့၍ သာမန်စာ ရင်းလိုငွေဖြစ်ပေါ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့ပြင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများအပါအဝင် ပြည်ပမှ နိုင်ငံခြားငွေစီးဝင်မှုသည် ပြည်တွင်းနိုင်ငံခြားငွေလိုအပ်ချက်ကို ပြည့်မီအောင် လုံလောက်မှုမရှိ ခြင်းတို့ဖြစ်ကြောင်း ဆက်လက် ရှင်းပြသည်။

ပြည်ပအခြေအနေမှာ အ မေရိကန်ဗဟိုဘဏ်၏အတိုးနှုန်း မြှင့်တင်မည့် မူဝါဒကြောင့် အမေ ရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့ ခြင်းဖြစ်ကြောင်း ဒေါ်ခင်စောဦးက ဆက်လက်ပြောသည်။

တရုတ်နိုင်ငံက ယွမ်ငွေတန် ဖိုးချခြင်း၊ ကမ္ဘာ့ရွှေဈေးမြင့်တက် ခြင်းတို့သည် ဒေသတွင်းနိုင်ငံများ နည်းတူ မြန်မာကျပ်ငွေတန်ဖိုးကျ ဆင်းသည့်အကြောင်းရင်းများဖြစ် ကြောင်း ၎င်းက ပြောသည်။

ကုန်ထုတ်လုပ်မှု တိုးမြှင့် ခြင်း၊ ပို့ကုန်တိုးမြှင့်ရေးအကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နောင်လာမည့် ကာလများတွင် (ကာလလတ်) နိုင်ငံခြားငွေပေး ငွေယူရှင်းတမ်း အခြေအနေ ကောင်းမွန်လာပြီး နိုင်ငံခြားသုံး ငွေဝယ်လိုအားနှင့် ရောင်းလိုအား မျှတလာပါက ကျပ်ငွေတန်ဖိုး ခိုင် မာလာမည်ဖြစ်ကြောင်း ဒေါ်ခင် စောဦးက ဆိုသည်။

===================    
251 / End