အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကချင်လက်နက်ကိုင်အ ဖွဲ့ (KIA) ၏ ဂီဒွန်စခန်းကို တပ် မတော်က ထိုးစစ်အသွင်တိုက် ခိုက်သိမ်းပိုက်ပြီး တစ်ရက်အကြာ ၌ ဂီဒွန်စခန်း (ပွိုင့်-၁၁၀၃) အား ထိုးစစ်ဆင်တိုက်ခိုက်ရသည့်အ ကြောင်းရင်းကို ဒီဇင်ဘာ ၁၇ ရက် ည ၉ နာရီခွဲခန့်တွင်တပ်မ တော်က သတင်းထုတ်ပြန်ခဲ့ သည်။
KIA အနေဖြင့် မြောက်ပိုင်း မဟာမိတ်အသွင်ဖြင့်စုဖွဲ့၍ နိုင်ငံ ရေး၊ စစ်ရေး၊ စီးပွားရေးအကျပ် အတည်းဖြစ်စေရန် ရည်ရွယ်ကာ မုံးကိုးစခန်းကို နိုဝင်ဘာ ၂၀ ရက် မှ ဒီဇင်ဘာ ၆ ရက်အထိ ၁၇ ရက် တိုင်တိုင် သာလွန်အင်အားစုဖွဲ့ ပြီး အပြီးတိုင် ချဉ်းကပ်တိုက်ခိုက် ခဲ့သော်လည်း အောင်မြင်မှုမရှိ သည့်အပေါ် ဂီဒွန်စခန်းသို့မြောက် ပိုင်းမဟာမိတ်အဖွဲ့အချို့ကို ထပ် မံခေါ်ယူအားဖြည့်လျက် ၎င်းတို့၏ မူလရည်ရွယ်ချက်ကို လှုပ်ရှားလာမှုများကြောင့် တပ်မတော် အနေဖြင့် ရင်ဆိုင်ထိန်းချုပ်ခြင်းမှ ထိုးစစ်အသွင်ဖြင့် တပ်မတော်(လေ)က လေကြောင်းပစ်ကူ၊ အနီးကပ် ပစ်ကူအပါအ၀င် လက်နက်ကြီးမျိုးစုံတို့ဖြင့် ဂီဒွန်စခန်းနှင့်အနီးဝန်းကျင်ရှိ စခန်းငယ်များကို ရက်ပိုင်းအတွင်းအောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းတပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တပ်မတော်ကသတင်းထုတ်ပြန်ချက်တွင် KIA အကြမ်းဖက်သောင်းကျန်းသူများဟု ဖော်ပြထားသည်။
တပ်မတော်လှုပ်ရှား စစ် ကြောင်းများနှင့် စခန်းထိုင် လှုပ် ရှားစစ်ကြောင်းငယ်များကလည်း မိမိအမာခံ သတင်းပေးများထံမှ ရရှိသည့် သတင်းအချက်အလက် များအရ နယ်မြေစိုးမိုးရေးနှင့်ရန် သူ့စခန်း ဖော်ထုတ်ရရှိရေးကို မ နေမနားဆောင်ရွက်သော်လည်း ဂီဒွန်စခန်းသည် မြေအနေအထား အသာစီးရှိခြင်း၊ သစ်ပင်သစ် တောနှင့် ၀ါးရုံများ ထူထပ်စွာ ပေါက်ရောက်ခြင်းများအပြင် မြန် မာ-တရုတ်နိုင်ငံနယ်စပ်အနီး ဖုံး ကွယ်မှု၊ အကာအကွယ်ကောင်း ခြင်းတို့ဖြင့် လျှို့ဝှက်စွာ စိမ့်ဝင် ဆောင်ရွက်ခြင်းကြောင့် ဖော် ထုတ်သတင်းရရှိမှု အားနည်းခဲ့ ကြောင်း၊ ယခုနှစ်သြဂုတ်တွင် လှုပ်ရှားစစ်ကြောင်းငယ်တစ် ခုက အင်ခရန်တစ်ဝိုက်ရှိ ဂီဒွန်စ ခန်း၏ အရှေ့ကာကင်း တပ်စိတ် နေရာကို စတင်တွေ့ရှိခဲ့၍ ရှင်း လင်းခဲ့ရာမှ ယမန်နေ့ ဒီဇင်ဘာ ၁၆ ရက်အထိ ထိတွေ့မှုပေါင်း ၄၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်းသတင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
တပ်မတော်စစ်ကြောင်းများ က လေကြောင်းနှင့် လက်နက် ကြီးပစ်ကူရယူ၍ KIA အခိုင်အ မာတပ်စွဲထားသည့် ဂီဒွန်စခန်းကို တိုက်ခိုက်ရာ ရှေ့ကာကင်းကို ဒီ ဇင်ဘာ ၁၆ ရက် နေ့လယ် ၂ နာရီ ၅ မိနစ်တွင်လည်းကောင်း၊ ပင်မ ကုန်းပွိုင့်-၁၁၀၃ ဂီဒွန်စခန်းနေရာ ကို နေ့လယ် ၂ နာရီ ၁၅ မိနစ် တွင်လည်းကောင်း၊ ဆက်လက် ၍ တပ်မတော်စစ်ကြောင်းများက ဆက်စပ် KIA တပ်စခန်းများကို ဒီဇင်ဘာ ၁၇ ရက် နေ့လယ်တွင် လည်းကောင်း သိမ်းပိုက်ရရှိခဲ့ ကြောင်းတပ်မတော်က သတင်း ထုတ်ပြန်သည်။
ကေအိုင်အေမှဗိုလ်ချုပ်ဂွန် မော်က ဂီဒွန်စခန်းနှင့်ပတ်သက်၍ ၎င်း၏ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့်ထုတ်ပြန်ချက်တွင် လေးလကြာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်စဉ်များတွင် တပ် မတော်နှင့် KIA နှစ်ဖက်စလုံးမှ သေဆုံးဒဏ်ရာရရှိမှုများ ရှိခဲ့ ကြောင်းလည်းဖော်ပြထားသည်။ KIA ဘက်မှ ၁၂၀ မီလီမီတာ စိန် ပြောင်းကြီး နှစ်လက်အပါအ၀င် လက်နက်မျိုးစုံ ၄၁ လက်နှင့် ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့သည်ဟုတပ်မက ထုတ်ပြန်သည်။
ဂီဒွန်စခန်းက KIA တပ်ရင်း (၂၅၂) ၏နေရာဖြစ်ကြောင်း ဖော်ထုတ်ရရှိသော်လည်း ၂၀၁၃ တွင် လဂျားယန်ဒေသရှိ ၎င်းတို့ ၏ ပွိုင့်-၇၇၁ နှင့် ပွိုင့်-၁၁၀၂ စခန်းများကို တပ်မတော်က သိမ်းပိုက်ပြီးချိန်တွင် တည်ရှိခဲ့ခြင်းမရှိကြောင်း၊ ၂၀၁၄ -၁၅ အတွင်း၌လည်း နယ်မြေချဲ့ထွင်တပ်စွဲထားသော နေရာမဟုတ်ကြောင်းတပ်မတော်က ဆိုသည်။
၂၀၁၆ က စ၍ ဆွမ်ပရာ ဘွမ်၊ မလိယန်၊ ဖားကန့် ၊ ရှာဒူ ဇွပ်၊ မိုးညှင်းဒေသများနှင့် မိုး ကောင်း၊ ဆားမှော်ဒေသတစ်ဝိုက် ၌ KIA အဖွဲ့ နယ်မြေချဲ့ထွင်စခန်း တိုးယူမှုကြောင့် တပ်မတော်စစ် ကြောင်းများနှင့် ထိပ်တိုက်တွေ့ ဆုံနေစဉ်အတွင်း ၀ိုင်းမော်မြို့ နယ်နှင့်အနီးဆုံးမြေအနေအထား အရ အရေးကြီးပြီး ၀ိုင်းမော်မြို့မှ တစ်ဆင့် မြစ်ကြီးနား- ၀ိုင်းမော်- ဗန်းမော်လမ်းကြောင်းနှင့် မြစ်ကြီး နား-၀ိုင်းမော်-ဆဒုံးလမ်းကြောင်း ကို ထိန်းချုပ်ခြင်းနှင့် မြစ်ကြီးနား မြို့ကို အနာဂတ်တွင် ၀ိုင်းမော်မှ တစ်ဆင့် ရေလမ်း၊ ကားလမ်းတို့ မှ စိမ့်ဝင်ထိုးဖောက်ခြိမ်းခြောက် ခြင်း စသည့်ရည်ရွယ်ချက်များဖြင့် စခန်းတိုးချဲ့ လုပ်ဆောင်ခြင်းဖြစ် နိုင်ကြောင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက သုံးသပ် ပြောကြားကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
တပ်မတော်မှ ကြည်းတပ်၊ လေတပ်ဖြင့် ထိုးစစ်ဆင်ခြင်းကြောင့် ဂီဒွန်စခန်းကို နောက် ဆုတ်ပေးရခြင်းဖြစ်ကြောင်း KIA အဆင့်မြင့် အရာရှိ တစ်ဦးကမူ ပြောကြားသည်။
ထို့အပြင် ဂီဒွန်စခန်းဆုတ် ခွာပေးရပြီး တစ်ရက်အကြာ ဒီဇင် ဘာ ၁၇ ရက်တွင် မြန်မာ့ တပ်မတော်နှင့် KIA တို့ လိုင်ဇာ အနီးဝန်းကျင် ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ကြောင်း သတင်းရရှိသည်။
KIA တပ်ရင်း(၆) တပ်ရင်း မှူး ဒုဗိုလ်မှူးကြီးတန်ဆန်းကဂီဒွန် စခန်းဆုတ်ခွာပေးရခြင်းနှင့် ပတ် သက်၍ ‘‘ဘယ်လိုအခြေအနေ ကြောင့်ဆိုတဲ့အခါကျတော့ ဟိုက ကြည်းတပ်၊ လေတပ်နှစ်ခုနဲ့ ညှပ် တယ်လေ။ လက်နက်ကြီးကလည်း မနေ့ကတစ်ရက်တည်းနဲ့ အကြိမ် ပေါင်းများစွာ ပစ်တယ်။ တစ် ထောင်ကျော်ပစ်တယ်။လေယာဉ် ကလည်း ဟက်စကီးအပါအဝင် ဆိုရင် ရှစ်စီးနဲ့ တိုက်တယ်လေ။ မြေပြင်ကတပ်မသုံးခုနဲ့ ထိုးတယ် ဆိုတော့ ဆုတ်ပေးလိုက်ရတဲ့ သ ဘောရှိတယ်’’ဟု ဆိုသည်။
ဒီဇင်ဘာ ၁၇ ရက်တွင်လည်း ဂီဒွန်ဝန်းကျင်နှင့် လိုင်ဖောင်ဒေသ များ၊ လိုင်ဇာဝန်းကျင်ဒေသများ တွင် တပ်မတော်နှင့် KIA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ကြောင်း သတင်းရရှိသည်။
အရှေ့မြောက်တရုတ်နယ် စပ်နှင့် အပြိုင် သွယ်တန်းနေသည့် တောင်တန်းဒေသများတွင် တိုက် ပွဲဆက်လက်ဖြစ်ပွားနေပြီး လတ် တလော၌ တပ်မတော်ဘက်က စစ်ရေး အသာစီးရနေကြောင်း ကေအိုင်အို အလုပ်အဖွဲ့(TAT) ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောသည်။
‘‘စစ်ရေးဖိ အားပေးပြီးတော့ နိုင်ငံရေးအဖြေ မရှာစေချင်ဘူး။ တော်လှန်ရေး အဖွဲ့အစည်းတွေဟာ တိုင်းရင်းသားလူမျိုးတွေဖြစ်တယ်။ အားလုံးဟာ တစ်ပြိုင်နက်တည်း အနေအထားတစ်မျိုးကို စုစည်းစေပြီးတော့ လုံးဝ စေ့စပ်ညှိနှိုင်းမရမယ့် အနေအထားကို တပ်မတော်အနေနဲ့ မဖန်တီးသင့်ဘူး’’ဟု၎င်းကပြောသည်။
မြစ်ကြီးနားအခြေစိုက်ငြိမ်း ချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာက‘‘တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲလို့ကြား တယ်။ လိုင်ဖောင်ဘက်မှာပေါ့။ အဲဒါက ကေအိုင်အိုထိန်းချုပ်နယ် မြေဘက်မှာလေ။ ဂီဒွန်ကတော့ မနေ့ညက ၁၀ နာရီမှာ သူတို့ ဆုတ်ပေးလိုက်ပြီ’’ ဟု ဆိုသည်။
===================
251 / End
၁၉ ဒီဇင်ဘာ ၂၀၁၆ - ၁၈:၀၀
News ID: 799365
ကချင်လက်နက်ကိုင်အ ဖွဲ့ (KIA) ၏ ဂီဒွန်စခန်းကို တပ် မတော်က ထိုးစစ်အသွင်တိုက် ခိုက်သိမ်းပိုက်ပြီး တစ်ရက်အကြာ ၌ ဂီဒွန်စခန်း (ပွိုင့်-၁၁၀၃) အား ထိုးစစ်ဆင်တိုက်ခိုက်ရသည့်အ ကြောင်းရင်းကို ဒီဇင်ဘာ ၁၇ ရက် ည ၉ နာရီခွဲခန့်တွင်တပ်မ တော်က သတင်းထုတ်ပြန်ခဲ့ သည်။