၂၁ ဒီဇင်ဘာ ၂၀၁၆ - ၁၇:၄၈
ဟံသာဝတီလေဆိပ် စီမံကိန်း ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း ဒုသမ္မတပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ။ ။ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း နှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သလို စနစ်တကျဖြစ်ရန်လည်း လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောဆိုခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ။     ။ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း နှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သလို စနစ်တကျဖြစ်ရန်လည်း လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောဆိုခဲ့သည်။

ယနေ့ ဒီဇင်ဘာ၂၁ ရက်နေ့ မနက် ၁၀ နာရီခန့်က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်းဦးဆောင် ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဟံသာဝတီလေဆိပ် စီမံကိန်းကို ဆောင်ရွက်ရခြင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ မြေအနေအထားအရ ပြေးလမ်းတိုးချဲ့နိုင်ခြင်းမရှိခြင်း၊ လေယာဉ်ရပ်နားရန် နေရာမတိုးချဲ့နိုင်ခြင်း စသည့် အခက်အခဲများကြောင့် ယင်းလိုအပ်ချက်ကို ဖြည့်စွက်ရန် ၄င်းကဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က နိုင်ငံတကာ အဆင့်မီ လေဆိပ်သစ်ကြီး တစ်ခုဖြစ်လာစေရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်သည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း   နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

ထို့နောက် လေဆိပ်အသစ် တည်ဆောက်ရာတွင် လိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်သွားလာရေး၊ ရေရရှိရေး၊ လျှပ်စစ်မီး အလုံအလောက်ရရှိရေး၊ ဆက်သွယ်ရေးကွန်ရက်များ တည်ဆောက်ပေးရေး၊ အသုံးပြုမည့် စီမံကိန်းမြေနေရာကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အမည်ပေါက်ရရှိရေး၊ စီမံကိန်းဧရိယာအတွင်းရှိ ကျူးကျော်အိမ်နေရာများကို   ရွှေ့ပြောင်းပေးရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များကို ဆွေးနွေးပေးစေလိုပါကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယင်းအစည်းအဝေးတွင်   ပြောဆိုခဲ့သည်။

===================    
251 / End