အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
(၂၃၆) ယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က ခရီးသည်ကို ၀ိုင်းဝန်းထိုးကြိတ်ပြီး အဆိုပါဖြစ်ရပ်ကို မခံရပ်နိုင်သူများက တစ်ပတ်ခန့်အကြာတွင် ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်တို့ကို ပြန်လည်ထိုးကြိတ်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာ၌ ပျံ့နှံ့ခဲ့သည်။
ယင်းကဲ့သို့ ခရီးသည်နှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့အကြား၊ ခရီးသည်တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ်တို့ကြား မကြာခဏ ပြဿနာဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်း မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ကားသမားတွေနဲ့ ခရီးသည်တွေ ကို ထိုးကြိတ်ရိုက်နှက်တဲ့ ဗီဒီယို ဖိုင်နဲ့ ပတ်သက်ပြီး ဘယ်လိုအရေး ယူမှုတွေရှိပါသလဲ။
လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် ပေါ်တက်လာတဲ့ဖြစ်စဉ်တွေကိုမှ ရွေးပြီး အရေးယူတာမရှိပါဘူး။ သတ်မှတ်ထားတဲ့ (၂၃၆) ချက်ထဲ က ဖောက်ဖျက်ရင်သတ်မှတ်ထား တဲ့အတိုင်း အရေးယူပါတယ်။ ယာဉ်လိုင်းကနေ ရာသက်ပန် ထုတ်ပယ်တာတွေရှိသလို ငွေ ဒဏ်ချမှတ်တာတွေလည်း ရှိပါ တယ်။ အရေးယူမှုတွေမှာလည်း တိုင်ကြားမှ အရေးယူတာတွေရှိ သလို သိတယ်၊ ကြားတယ်ဆိုရင် လည်း စုံစမ်းပြီးအရေးယူမှုတွေ လုပ်ပါတယ်။ တချို့ကလည်း ရုံး ကို တိုက်ရိုက်တိုင်ကြားတာတွေရှိ သလို တယ်လီဖုန်းကနေတစ်ဆင့် တိုင်ကြားတာတွေလည်းရှိတယ်။ ကျွန်တော်တို့အနေနဲ့ အရေးယူဖို့ အတွက် သတ်မှတ်ချက်တွေရှိ တော့ သက်မှတ်ချက်အတိုင်းပဲ အရေးယူလို့ရပါတယ်။
ယာဉ်နောက်လိုက်တွေ အနေနဲ့ အဖွဲ့လိုက်ခရီးသည်ကို ဆဲဆိုထိုး ကြိတ်တာတွေလုပ်ရင် ခရီးသည် ဘက်က ဘယ်လိုလုပ်ဆောင်သင့် ပါလဲ။
ယာဉ်မောင်းတွေ၊ ယာဉ် နောက်လိုက်တွေအနေနဲ့ အခုလို ခရီးသည်တွေကို ပြုမူဆက်ဆံရင် တော့ သက်ဆိုင်ရာရဲစခန်းမှာ အ မှုသွားဖွင့်ပါ။ အမှုဖွင့်တဲ့အခါမှာ လည်း လက်နက်ကိုင်ရင် လက် နက်ကိုင်ဆောင်မှု၊ ကိုယ်ထိလက် ရောက်ကျူးလွန်ရင်လည်း နာ ကျင်စေမှုနဲ့ အမှုဖွင့်လို့ရပါတယ်။ တစ်ခါတလေရုံးမှာ ရိုက်မှုတွေ ဖြေရှင်းပေးတဲ့အခါမှာ အရိုက်ခံရ တဲ့သူကတော့ အလျော်တောင်း ပြီး ပြီးသွားတာတွေရှိပါတယ်။ အဲ ဒီအတွက်လည်း တချို့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေ က မမှတ်ဘူး။ အမှန်ကတော့ အခုလို ရိုင်းပျဆက်ဆံတဲ့ ယာဉ် မောင်း၊ ယာဉ်နောက်လိုက်တွေကို ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားပါလို့ ပြောချင်ပါတယ်။
ခရီးသည်တင်ယာဉ်ပိုင်ရှင်တွေပါ အပြစ်ပေး အရေးယူသင့်တယ်လို့ တချို့က ပြောပါတယ်။ ဒါကို ကော ဘယ်လိုများ သုံးသပ်ပြော ကြားချင်ပါလဲ။
၂၀၁၅ မော်တော်ယာဉ် ဥပ ဒေမှာ ပါပြီးသားပါ။ သတ်မှတ် လိုင်စင်မရှိဘဲ တခြားသူတစ်ဦးကို မိမိယာဉ် ပေးမောင်းမယ်ဆို ယာဉ်ပိုင်ရှင်ကို အရေးယူလို့ရပါ တယ်။ အဲဒီလို မော်တော်ယာဉ် တွေကိုလည်း ရာသက်ပန်ယာဉ် လိုင်း ပိတ်သိမ်းအရေးယူနိုင်ဖို့အ တွက် စီစဉ်နေပါတယ်။ ခရီးသည် တင်ယာဉ်တွေနဲ့ ခရီးသည်တွေ တစ်ခုခုဖြစ်ရင် ပြည်သူတွေက ကျွန်တော်တို့ကိုလည်း မကျေနပ် မှန်းလည်း သိပါတယ်။ ဒီအတွက် မထသကို စနစ်ပြောင်းလဲဖို့အ တွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ နဲ့ တိုင်ပင် လုပ်ဆောင်နေတာ တွေရှိတယ်။ ၁၉၆၂ က ထုတ်ပြန်ထားတဲ့ စနစ်ဖြစ်တာကြောင့် တချို့နည်းဥပဒေတွေက ပြောင်း သင့်နေပါပြီ။
မထသ စည်းကမ်းထိန်းသိမ်းရေး ယာဉ်တွေနဲ့ ခရိုင်အလိုက် စစ် ဆေးရေးတွေ လုပ်နေပေမယ့် တ ချို့ ကားတွေပေါ်မှာ တုတ်လက် နက်တွေ ဆောင်ထားတာမျိုး ရှိ နေပါတယ်။ အဲဒီအတွက် ဘယ် လို အရေးယူဖို့ရှိပါသလဲ။
သံတုတ်၊ သစ်သားတုတ် တွေ နေ့စဉ်စစ်ဆေးပြီး သိမ်းတာ တွေရှိတယ်။ ကားသမားတွေက လည်း အကြောင်းအမျိုးမျိုးပြပြီး တင်တယ်။ ဒါပေမဲ့ နေ့တိုင်း ကား တိုင်းပေါ်တော့ ကျွန်တော်တို့ လိုက်ပြီး မစစ်ဆေးနိုင်တာတော့ ၀န်ခံပါတယ်။ ခရိုင်အလိုက် စစ် ဆေးတဲ့ အဖွဲ့တွေမှာ သေချာစစ် ဆေးမှုမရှိဘူး။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ဆီကနေ ပိုက် ဆံယူပြီး စာရင်းမှတ်ပြန်လွှတ် တယ်ဆိုရင် တိုင်လို့ရပါတယ်။ ဒီ ၀န်ထမ်းတွေကိုလည်း သတ်မှတ် ထားတဲ့ ဥပဒေအတိုင်း အရေးယူ မှာပါ။ ကျွန်တော်တို့အနေနဲ့လည်း တစ်ပတ်နှစ်ရက် အထူးအဖွဲ့အ နေနဲ့ လှည့်ပတ်စစ်ဆေးမှုတွေ လုပ်ပါတယ်။
ခရီးသည်တွေနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ စကားများ ရန်ဖြစ်ရတဲ့အကြောင်းက ဘာကြောင့်ထင်ပါသလဲ။
ယာဉ်လုပ်သားတွေအနေနဲ့ ခရီးသည်တွေကို ကိုယ်ထိလက် ရောက်တော့ မကျူးလွန်သင့်ပါ ဘူး။ ခရီးသည်တင်ယာဉ်တွေမှာ ဂိတ်ကနေထွက်တော့ နာမည်က တစ်ခုနဲ့ထွက်သွားတယ်။ လမ်း ရောက်တော့ နောက်တစ်ယောက် တက်မောင်းတယ်။ ယာဉ်နောက် လိုက်လည်း ဒီလိုလုပ်တာတွေရှိပါတယ်။ တချို့ကလည်း ဒီလိုင်း တစ်လိုင်းတည်းမှာပဲမောင်းတာ ရှိပါတယ်။ တချို့ကတော့ ဒီလိုင်း မှာ ပြဿနာတက်ရင် နောက်တစ် လိုင်းရောက်သွားတယ်။ ဒီလိုလူ တွေက ပိုက်ဆံပိုတောင်းမယ်၊ ခရီးသည်က မကျေနပ်လို့ ပြော ရင် ကိုယ်ထိလက်ရောက် ကျူး လွန်တယ်။ ဒါကို မကျေနပ်တဲ့သူ တွေက မှတ်ထားပြီး ပြန်လည် တိုက်ခိုက်တယ်။ ဒါပေမဲ့ ဒီကား မောင်းတဲ့သူနဲ့ ယာဉ်နောက်လိုက် ဖြစ်ချင်မှဖြစ်မယ်။ ဒီလိုမျိုးတွေ လည်းရှိတယ်။ ကျွန်တော်တို့မှာ လည်း အားနည်းချက်တွေ ရှိပါ တယ်။ အဲဒီအတွက် ပြုပြင်ပြောင်း လဲနိုင်ဖို့ကို ၀န်ကြီးချုပ်၊တိုင်းဒေသ ကြီးအစိုးရအဖွဲ့နဲ့ တိုင်ပင်ဆွေး နွေးနေတာတွေရှိပါတယ်။
ဒီနှစ်အတွင်း အရေးယူထားတဲ့ အမှုတွေ ဘယ်လောက်များရှိပါ သလဲ။
မထသ လိုင်းကားတွေနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေဟာ ဒီ ၂၀၁၆ တစ်နှစ်လုံးမှာ အမှု ပေါင်း နှစ်ထောင်ကျော်ရှိပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ တိုင်ကြား ကြတာဖြစ်ပြီး ဖုန်းနဲ့ရော စာနဲ့ပါ တိုင်ကြားတယ်။ ဒီဇင်ဘာ ၁၅ ရက်အထိ အမှုစာရင်းဖြစ်ပြီး အဲဒီအမှုတွေထဲက အမှုပေါင်း တစ်ထောင်ကျော်ကို အရေးယူထားတယ်။ အများတိုင်ကြားတဲ့ ပြဿနာကတော့ ယာဉ်စီးခ ပိုမို တောင်းတာ။ မချေမငံ ပြောကြားတာတွေနဲ့ သတ်မှတ်လမ်း ကြောင်းအတိုင်း မမောင်းတာတွေ နဲ့ ခရီးစဉ်အစ အဆုံးမပြေးဆွဲတာ တွေ ပါပါတယ်။
ခရီးသည်တွေ အနေနဲ့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ကို ဘယ်လိုတိုင်ကြားနိုင်မလဲ။
(၂၃၆)ယာဉ်လိုင်းကိစ္စနဲ့ပတ် သက်ပြီး ကျွန်တော်တို့ စုံစမ်းနေပါတယ်။ ယာဉ်ပိုင်ရှင်နဲ့ ယာဉ် နောက်လိုက်တွေ ဘုရားဖူးသွား တယ်လို့ သိရတယ်။ ကျွန်တော်တို့ ဆီကို တိုင်ကြားချင်ရင် ၂၄ နာရီ တိုင်လို့ရတဲ့ ဖုန်း ၀၁-၈၅၀၀၆၅၁အပြင်ရုံးချိန်ဆို ၀၁-၈၅၀၀၆၅၀ လိုင်းခွဲ (၂၀၇)(၂၀၀) တို့ကို တိုင် နိုင်ပါတယ်။ တိုင်ကြားတဲ့သူတွေ အဆင်ပြေအောင် (မထသ) ဖေ့စ် ဘွတ်ခ်အကောင့်လည်းဖွင့်ထား ပါတယ်။ အဲဒီကိုလှမ်းတိုင်လည်း ရပါတယ်။ အကြံဉာဏ်တွေပေး ချင်လည်းရပါတယ်။
နေ့စဉ် ပြည်သူအများစုဟာ လိုင်း ကားတွေစီးပြီး သွားနေရတဲ့အ တွက် ယာဉ်မောင်း၊ ယာဉ်နောက် လိုက်နဲ့ ပြဿနာ ဖြစ်ပွားခဲ့ရင် ဘာလုပ်သင့်ပါသလဲ။
ဥပဒေနဲ့အညီ ရင်ဆိုင်ဖြေ ရှင်းပါလို့ ပြောချင်ပါတယ်။ ဒီလိုဖြေရှင်းမှ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ မစော် ကားရဲမှာပါ။ ခံရတဲ့သူက အမှုမ ဖွင့်တဲ့အခါ ရဲအက်နဲ့ အရေးယူတဲ့အတွက် ပြစ်ဒဏ်က နည်းပါ တယ်။ လက်နက်ကိုင်ရင် လက် နက်ကိုင်ဆောင်မှု နာကျင်စေရင် တောင် နှစ်မျိုးရှိတယ်။ ဒီလိုမျိုးသာ အမှုဖွင့်ရင် ပြစ်ဒဏ်က လည်း မနည်းပါဘူး။ ဒါကြောင့် ခရီးသွား ပြည်သူတွေ အနေနဲ့ ဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်းပါ။ အချိန်မရွေးလည်း တိုင်ကြားအ ကြံပေးနိုင်ပါတယ်လို့ ပြောချင်ပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
===================
251 / End
‘‘ခရီးသွားပြည်သူတွေ အနေနဲ့ ဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်းပါ။ ဒီလိုဖြေရှင်းမှသာ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ မစော်ကားရဲမှာပါ’’
၂၄ ဒီဇင်ဘာ ၂၀၁၆ - ၁၅:၃၇
News ID: 800462
(၂၃၆) ယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က ခရီးသည်ကို ၀ိုင်းဝန်းထိုးကြိတ်ပြီး အဆိုပါဖြစ်ရပ်ကို မခံရပ်နိုင်သူများက တစ်ပတ်ခန့်အကြာတွင် ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်တို့ကို ပြန်လည်ထိုးကြိတ်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာ၌ ပျံ့နှံ့ခဲ့သည်။