၂၆ ဒီဇင်ဘာ ၂၀၁၆ - ၁၇:၅၅
သူနာပြုသားဖွားဝတ်စုံသစ်နှစ်စုံ ဖြည့်စွက်ပြောင်းလဲသတ်မှတ်

ကုသရေးဦးစီးဌာ န၏ သူနာပြုသားဖွားဝတ်စုံကို ခေတ်နှင့်လျော်ညီစေရန် ၀တ်စုံ သစ် နှစ်စုံဖြင့် ဖြည့်စွက်ပြင်ဆင် ပြောင်းလဲမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကုသရေးဦးစီးဌာ န၏ သူနာပြုသားဖွားဝတ်စုံကို ခေတ်နှင့်လျော်ညီစေရန် ၀တ်စုံ သစ် နှစ်စုံဖြင့် ဖြည့်စွက်ပြင်ဆင် ပြောင်းလဲမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ သတင်းရရှိသည်။

သူနာပြုသားဖွားဝတ်စုံများ ပြင်ဆင်ဖြည့်စွက်နိုင်ရေးအတွက် ဒီဇင်ဘာ ၂၃ ရက်က ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနတွင် ကျင်းပသော သားဖွားဝတ်စုံများ မိတ်ဆက်ခြင်း အခမ်းအနား၌ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။

‘‘လုပ်ငန်းခွင်သုံးဝတ်စုံ (၁)နဲ့ ၀တ်စုံ(၂) ကို ထပ်မံဖြည့်စွက်ခဲ့ပါ တယ်။ လက်ရှိဝတ်စုံကိုတော့ အ ခမ်းအနားတက်ဝတ်စုံအဖြစ် ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်’’ဟု အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။

အသစ်ဖြည့်စွက်မည့် ၀တ်စုံ များအဖြစ် ကိုယ်ဝန်ဆောင်မိခင် လောင်းများအတွက် ကိုယ်ဝန် ဆောင်အင်္ကျီ(Maternity Coat) တစ်စုံနှင့် အပေါ်ဝတ်အင်္ကျီအဖြစ် (Duty Coat) လက်ရှည်တစ်စုံအ တည်ပြုသတ်မှတ်ခဲ့သည်။

‘‘ခေတ်နဲ့ညီပြီး ပြင်ဆင် ပြောင်းလဲဖို့အတွက် လုပ်ငန်းခွင် မှာလည်း ပေါ့ပါးမှုရှိအောင်ရယ်၊ ၀တ်စုံအသစ်တွေကို ၀တ်ဆင်ပြီး မိတ်ဆက်တာပါ။ အရင်ကလိုပါ ပဲ။ ခါးရှည်နဲ့ ခါးတိုတာကွာသွား တယ်။ အရောင်လေးတွေနဲ့ အင်္ကျီ အနားကွက်လေးတွေ ပါလာပါ တယ်’’ဟု နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသူနာပြုအုပ်ကြီး ဒေါ်ခင်သန်းက ပြောသည်။

သူနာပြု၊ သားဖွားများအသုံး ပြုသည့် ဖိနပ်အရောင်မှာ ယခင် အသုံးပြုသော အဖြူရောင်ကို ဆက်လက်အသုံးပြုထားပြီး လက်ရှိသင် တန်းတက်ရောက်နေသော သူနာ ပြု၊ သားဖွားသင်တန်းသား၊ သင် တန်းသူများ၏ ၀တ်စုံများကိုလည်း ပြင်ဆင်သတ်မှတ်ထားကြောင်း ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း က ဆိုသည်။

‘‘အမျိုးသားသူနာပြုတွေအ တွက်ကတော့ အထူးပြောင်းလဲ ခြင်း မရှိပါဘူး။ ပွဲတက်ဝတ်စုံမှာ နက်ကတိုင်(Neckite) ဆင်ဖို့ တစ် ခုပဲ ရှိပါတယ်’’ဟု အမြဲတမ်းအ တွင်းဝန်က ပြောသည်။

ယခုကဲ့သို့ သူနာပြုဝတ်စုံများ ပြောင်းလဲ၍ ထပ်မံဖြည့်စွက်နိုင်ရေး ၂၀၁၇ လဆန်းတွင် ပြီးစီးရန် ဆောင်ရွက်နေပြီး တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ဆောင်ရွက်မည် ဖြစ်သဖြင့် အချိန်ကန့်သတ်ချက် ကို တိတိကျကျပြော၍ မရသေး ကြောင်း သူနာပြုအုပ်ကြီး ဒေါ်ခင် သန်းက ဆိုသည်။

===================    
251 / End