အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အများပိုင်ဘတ်စ်ကား စုပေါင်းပြေးဆွဲသည့်စနစ် စတင် သော ပထမနေ့တွင် ယာဉ်စီးရေ မလုံလောက်ခြင်း၊ ကြိုတင်ပြင် ဆင်မှုနှင့် စီမံခန့်ခွဲမှု အားနည်း ခြင်းများကြောင့် မှတ်တိုင်များ၌ ခရီးသည်များ စုပုံ၍ ခရီးသွား ပြည်သူအများစု အခက်တွေ့ခဲ့ရ ကြောင်း သတင်းရရှိသည်။
ဘတ်စ်ကား စနစ်ကို မူလ ကြေညာထားသည့်အတိုင်း ဇန်န ၀ါရီ ၁၆ ရက်တွင် စတင်ခဲ့သော် လည်း ပြေးဆွဲသော ယာဉ်စီးရေ သည် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ကြိုတင်ပြောကြားထားသည့် အ ရေအတွက်အောက် လျော့နည်းခဲ့ ကြောင်း အဆိုပါအဖွဲ့၏ တာဝန် ရှိသူတစ်ဦးက ပြောသည်။
‘‘မြို့ထဲရောက်တဲ့အထိ စီး တဲ့ခရီးသည်ကလည်း စမ်းတ၀ါး ၀ါး၊ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်တွေကလည်း စမ်းတ၀ါးဝါး နဲ့။ တော်တော်တော့ ဒုက္ခရောက် တယ်။ ပြင်ဆင်ချိန်နည်းလို့ဖြစ် တာကြောင့်ပဲလို့ ထင်တယ်’’ ဟု လှိုင်သာယာမြို့နယ်မှ ရောက်ရှိ လာပြီး သခင်မြပန်းခြံမှတစ်ဆင့် ဆူးလေသို့ သွားရောက်ရန်ဘတ်စ်ကားနောက်တစ်ဆင့် စောင့်နေသည့် ကုမ္ပဏီဝန်ထမ်း မကေခိုင်က ပြောကြားသည်။
နံနက်ပိုင်းတွင် ဘတ်စ်ကား များသည် တစ်စီးနှင့်တစ်စီး အ ချိန်ခြား၍ လွှတ်ခြင်း၊ မြို့တွင်းသို့ ချိတ်ဆက်ပို့ဆောင်မည့်ဘတ်စ် ကားစီးရေ မလုံလောက်ခြင်း၊ခရီး သည်အများစုက မည်သို့ စီးရမည် မသိရှိခြင်းတို့ကြောင့် ခရီးသည် များ စုပြုံနေခဲ့ခြင်းဖြစ်ကြောင်း ခရီးသွားများက ပြောသည်။
‘‘လမ်းကြောင်း အသစ်၊ယာဉ်လိုင်းအသစ် စီးရမှာဆိုတော့ ရုံးနောက်ကျမှာစိုးလို့ ကြိုထွက်ခဲ့ တာ။ မှတ်တိုင်မှာ ကိုယ်လိုလူတွေ လာစုမိနေတယ်။ ကားကတစ်စီးနဲ့ တစ်စီး နာရီဝက်လောက်ကွာနေ တယ်’’ဟု မင်္ဂလာဒုံမြို့နယ် ခရေ ပင်လမ်းခွဲ မှတ်တိုင်မှ ဆူးလေသို့ သွားရောက်ရန် ဘတ်စ်ကား စောင့်နေသည့်ခရီးသည် ကိုထက် ကိုက ပြောသည်။
သို့သော် ခရီးသွား ပြည်သူအများစုမှာ အခက်အခဲများ ကြုံတွေ့ရသော်လည်း စနစ်သစ်ပြောင်းလဲခြင်းကို ကြိုဆိုသည်ဟု 7Day News က ကျပန်းမေးမြန်းထားသည့် ပြည်သူ ၄၈ ဦး အနက် ၃၄ ဦးက ဖြေကြားသည်။ ကျန် ၁၄ ဦးက ပြောင်းလဲသည့် စနစ်သစ်ကြောင့် အဆင်မပြေကြောင်း ဆိုသည်။
‘‘အစပိုင်းဆိုတော့ အဆင်မ ပြေတာလေးတွေရှိမှာပါ။ ကောင်း တဲ့စနစ်တစ်ခုကို ကြိုဆိုပါတယ်။ ကျွန်တော့်မိန်းမဆို မနက်က ကား စီးရင်း လူတိုးရလို့ လက်ပေါက်ပြဲ သွားတယ်။ လူတော့ တော်တော် ကျပ်တယ်။ ပြီးတော့ ဘာကားစီးရမှန်းမသိဘူး။ ဒီလို အခက်အခဲတွေ ရှိတယ်။ ကောင်းတာကတော့အရင်လိုမျိုး ရိုင်းစိုင်းတာတွေလုပ် တာမတွေ့ရတော့ဘူး။ စပယ်ယာ တွေလည်း တော်တော်ဂရုစိုက်လာပြီ။ ရောက်တာနဲ့ထွက်တယ်။ လူစောင့်မတင်ဘူး။ အတင်းတွန်းချဆွဲတင်လုပ်တာမျိုးမရှိဘူး။ ဒီအတိုင်းလေး ဆက်သွားနိုင်ရင် ကောင်းမယ်’’ဟု ကမာရွတ်မြို့နယ်နေ ကိုအောင်လင်းသန်းက ပြောသည်။
အများပိုင် ဘတ်စ်ကား ကုမ္ပဏီအချို့သည် အဆိုပြု လျှောက်ထားသည့် ယာဉ်လမ်းကြောင်းအပြည့်မရရှိခြင်း၊ တစ်ဦးတစ်ယောက်ချင်းပိုင် ယာဉ်ပိုင်ရှင်များထံ ပြေးဆွဲရမည့် လမ်းကြောင်း အသိပေးမှုနောက်ကျ ခြင်းနှင့် ယာဉ်များ၏ စတစ်ကာများ လဲလှယ်တပ်ဆင်ရန် လုံလောက်သည့်အချိန် မရရှိခဲ့ခြင်းတို့ကြောင့် ကားစီးရေလျော့ကျခဲ့ကြောင်း ယာဉ်ပိုင်ရှင်အများစုက ဆိုသည်။
အဆိုပါနေ့ နံနက်ပိုင်းတွင် ဘတ်စ်ကားများ သွားရာ လမ်း တစ်လျှောက်မှတ်တိုင်အများစု၌ ခရီးသည် အများအပြား စောင့် ဆိုင်းမှုများ ရှိနေသကဲ့သို့ ကမ္ဘာ အေး ဘုရားလမ်း၊ ပြည်လမ်း၊ အင်းစိန်လမ်းနှင့် ဘုရင့်နောင် လမ်းမကြီးများတွင် ပြေးဆွဲသည့် ဘတ်စ်ကားများ၌ ကားနှင့်ခရီး သည် မမျှသဖြင့် ကားပေါ်၌ ရသလို ကြပ်ညပ်စွာ စီးကြသည်။
မြို့ပြင်မှ ၀င်ရောက်လာ သော ဘတ်စ်ကားများ ဂိတ်ဆုံး မှတ်တိုင်ဖြစ်သည့် ဒဂုံမြို့နယ်ရှိ ဆောက်လုပ်ရေးမှတ်တိုင်၊ အလုံ မြို့နယ်ရှိ သခင်မြပန်းခြံ စသည့် နေရာများတွင် ခရီးသည်များနှင့် ဘတ်စ်ကားစီးရေများစွာ စုပုံနေ ပြီး မြို့တွင်းသို့ ချိတ်ဆက်ပြေးဆွဲ ပေးသည့် ယာဉ်စီးရေနည်း၍ စေ တနာရှင်များက အခမဲ့ပို့ဆောင် ပေးသည့် ယာဉ်များနှင့် အခြား ယာဉ်လိုင်းများမှ ယာဉ်များက ၀င်ရောက် ပြေးဆွဲကူညီပေးခဲ့ရ ကြောင်း ခရီးသွားများက ပြော ကြားသည်။
အချို့ ခရီးသည်များသည် ဘတ်စ် ကားစောင့်ရသည်မှာကြာ မြင့်၍ တက္ကစီငှား၍ ခရီးဆက် သွားရခြင်း၊ မြို့တွင်းသို့ လမ်း လျှောက်၍ သွားရခြင်းများ ရှိ သည်။
ထိုသို့ ဘတ်စ်ကားစီး ခရီး သည်များစုပုံနေမှုကို လူမှုရေး အ ဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ နာ ရေးကူညီမှုအသင်းနှင့် ပရဟိတ အဖွဲ့အစည်းများ၊ ယာဉ်ပိုင်ရှင် များက ၎င်းတို့ကားများဖြင့် အခမဲ့ ကူညီပို့ဆောင်ပေးခဲ့သည်။
ထို့အပြင် ဘတ်စ်ကားနံပါတ် အချို့ သတ်မှတ်လမ်းကြောင်း တွင် မတွေ့ရခြင်းကြောင့်လည်း ခရီးသည်များကပြောကြားသည်။
အချို့ယာဉ်များသည် ကျပ် ၃၀၀ အထိ တောင်းယူမှုများရှိ သည်။
‘‘ကားကတော့ YBS တံ ဆိပ်ကပ်ထားတယ်။ ယာဉ်လိုင်း နံပါတ်တော့မပါဘူး။ အတက်အ ဆင်း ကျပ် ၃၀၀ ဆိုပြီး တောင်း လို့ပေးလိုက်ရတယ်’’ ဟု လှိုင် သာယာမြို့နယ် ရုံးရှေ့မှတ်တိုင်မှ တညင်းကုန်းသို့ စီးနင်းသည့် မခိုင်ခိုင်သင်းကပြောသည်။
အဆိုပါနေ့တွင် ပြေးဆွဲ သည့် ယာဉ်လုပ်သားများသည် လည်း ၎င်းတို့မည်ကဲ့သို့လုပ်ခရရှိ မည်ကို ပြေးဆွဲသည့်နေ့ နံနက် အထိ မသိရဘဲ ညနေမှသာ ဝေပုံ ကျစနစ်ဖြင့်ရရှိမည်ဟု သိရသည် ဟုပြောသည်။
‘‘ရရှိတဲ့ဝင်ငွေရဲ့ ၃၀ ရာခိုင် နှုန်းကို ယာဉ်လုပ်သားတွေ ခွဲယူ ရမယ် ပြောတယ်။ ကျွန်တော်က တော့ကားသိမ်းနောက်ကျနေလို့ မနက်ကျမှ ထုတ်မယ်ဆိုပြီးပြန်ခဲ့ ပြီ’’ ဟု အမှတ် (၁၁) ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် ကိုစိုးကြီးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ဇန်န၀ါရီ ၁၆ ရက်တွင်ပြေးဆွဲရန် အများပိုင်ကုမ္ပဏီများ၊ တစ်ဦး တစ်ယောက်ချင်းပိုင်ယာဉ်ပိုင်ရှင် များ၏ အဆိုပြုလျှောက်ထားချက် အရ ဘတ်စ်ကားအစီးရေ ၃,၇၀၀ ခန့်အဆင်သင့်ရှိဟု ဇန်န၀ါရီ ၁၄ ရက်က ပြုလုပ်သည့်သတင်းစာ ရှင်းလင်းပွဲတွင်ပြောကြားထား သည်။
သို့သော် အများပိုင်ဘတ်စ် ကားစုပေါင်းပြေးဆွဲသည့် စနစ် သစ် စတင်သည့်နေ့တွင် ဘတ်စ် ကားစီးရေ မည်မျှပြေးဆွဲပေးခဲ့ သည်ကို ယင်းနေ့ည ၁၀ နာရီ အထိ အဆိုပါအဖွဲ့က အတည် ပြုချက်မပေးနိုင်ခဲ့ပေ။
‘‘အရေအတွက်က ဘယ်သူ မှ သိနိုင်ဦးမှာမဟုတ်ဘူး။ အ ကြောင်းအမျိုးမျိုးကြောင့် ဒီနေ့ဆွဲ ဖို့ ကျန်နေခဲ့တဲ့ ဘတ်စ်ကားတွေ မနက်ဖြန် (ဇန်န၀ါရီ ၁၇ ရက်)မှာ ၀င်ရောက်ပြေးဆွဲနိုင်ဖို့ကို ကြိုး စားနေပါတယ်’’ဟု ယင်းအဖွဲ့မှ အဖွဲ့ဝင် ဦးလှအောင်က ဇန်န၀ါရီ ၁၆ ရက် ည ၇ နာရီခန့်က ပြော သည်။ ထိုသို့ အဆင်မပြေသည့် ပြဿနာများ ရှိသကဲ့သို့ ဘတ်စ် ကားအများစုသည် ယင်းနေ့တွင် ယခင်ကထက် ပို၍ ထိန်းထိန်း သိမ်းသိမ်း မောင်းနှင်ပြီး ယာဉ်လုပ်သားအချို့ ဆက်ဆံရေး ကောင်းလာကြောင်း ခရီးသည် အများစုက ပြောကြားသည်။