အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် သတင်းအချက် အလက်များကို ကြားခံအနေဖြင့် ပြန်လည် ဖြေကြားပေးနေသည့် 1881 Call Center ကို ယာဉ်လိုင်းအသစ် သတင်းနှင့်ပတ်သက်၍ အခမဲ့ ဆက်သွယ်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း၏ မိုဘိုင်းဖုန်းလိုင်းဖြင့်သာ ခေါ်ဆိုနိုင်သည့် 1881 Call Center ကို ယာဉ်လိုင်းအသစ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အခမဲ့မေးမြန်းနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အပါ အဝင် မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း အော်ပရေတာနှင့် ဆွေးနွေးမှု များ ပြုလုပ်နေသည်ဟု ဝန်ဆောင်မှုကို ကြားခံဆောင်ရွက်ပေးနေသည့် Blue Ocean ကုမ္ပဏီမှ သိရသည်။
လက်ရှိအချိန်၌ ယာဉ်လိုင်း အသစ် သတင်းအတွက် 1881 (Ext 2) သို့ ဆက်သွယ်ပါက တစ်မိနစ်လျှင် (အော်ပရေတာ၏ မိနစ်ကြေးအပါ) ၈၀ ကျပ် ကောက်ခံခြင်းဖြစ်ပြီး အူရီးဒူး၊ တယ်လီနောတို့ဖြင့် ခေါ်ဆိုနိုင်သည့် ၀၁ ၂၃၉၉၈၈၁ သို့ခေါ်ဆိုပါက တစ်မိနစ်လျှင် (အော်ပရေတာ၏ မိနစ်ကြေး အပါ) ဝန်ဆောင်ခ ၅၀ ကျပ် ကောက်ခံခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယာဉ်လိုင်းအသစ်များ စတင်ပြေး ဆွဲသည့်နေ့၌ နံနက် ၇ နာရီမှ ညနေ ၄ နာရီခွဲအတွင်း ယာဉ် လိုင်းအသစ်သတင်းကို လူဦးရေ ၂၀,၀၀၀ ကျော်က Call Center သို့ ဆက်သွယ်မေးမြန်းခဲ့ပြီး ဒုတိယနေ့ ပြေးဆွဲစဉ် လူဦးရေ ၅,၀၀၀ ကျော်က နံနက် ၇ နာရီမှ ညနေ ၄ နာရီခွဲတွင်း ဆက်သွယ်မေးမြန်းခဲ့သည်။
၂၄ နာရီအပြည့် သတင်း အချက်အလက်ဝန်ဆောင်မှုကို လက်ခံ ဖြေကြားနေသည့် 1881 Call Center ကို ယာဉ်လိုင်းအသစ် စတင်သည့်နေ့၌ တစ်မိနစ်လျှင် လူဦးရေ ၄၀ ထိ ခေါ်ဆိုမှုများပြားခဲ့ခြင်းကြောင့် ဝန်ထမ်းအင်အားကို နှစ်ဆဖြည့်ဆည်းခဲ့ရကြောင်း Blue Ocean ကုမ္ပဏီမှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ယာဉ်လိုင်းအသစ် သတင်း နှင့်ပတ်သက်၍ သတင်းအချက် အလက်များ အခမဲ့ မေးမြန်းနိုင် ရန် ဆွေးနွေးရာတွင် မြန်မာ့ဆက် သွယ်ရေး၏ ဖုန်းလိုင်းဖြင့်သာ ခေါ်ဆိုနိုင်သည့် 1881 နံပါတ် အတွက်သာမက အူရီးဒူး၊ တယ် လီနော နံပါတ်တို့ဖြင့် ခေါ်ဆိုနိုင် သည့် ၀၁ ၂၃၉၉၈၈၁ နံပါတ် အတွက်ပါ ဆွေးနွေးမည် ဖြစ် သည်။
===================
251 / End
၂၂ ဇန်နဝါရီ ၂၀၁၇ - ၁၉:၀၉
News ID: 806618
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် သတင်းအချက် အလက်များကို ကြားခံအနေဖြင့် ပြန်လည် ဖြေကြားပေးနေသည့် 1881 Call Center ကို ယာဉ်လိုင်းအသစ် သတင်းနှင့်ပတ်သက်၍ အခမဲ့ ဆက်သွယ်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။