၂၆ ဇန်နဝါရီ ၂၀၁၇ - ၁၉:၄၃
ဒေါ်အောင်ဆန်းစုကြည် စံပြကြီးရွာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် သီးသန့်တွေ့ဆုံ၍ အာဟာရပြည့်ဝရေး စီမံချက်များ ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပခုက္ကူမြို့နယ် စံပြကြီးရွာရှိ ကိုယ်ဝန်ဆောင်များ၊ မွေးကင်းစ ကလေးငယ်များနှင့် မိခင်များ အာဟာရ ပြည့်ဝမှုရှိ၊ မရှိ သွား ရောက်ကြည့်ရှုပြီး ကလေးငယ် များ အာဟာရပြည့်ဝမှု ရှိစေရန် ရက်တစ်ထောင် စီမံကိန်း ဆောင် ရွက်နေကြောင်း ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်၏ အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပခုက္ကူမြို့နယ် စံပြကြီးရွာရှိ ကိုယ်ဝန်ဆောင်များ၊ မွေးကင်းစ ကလေးငယ်များနှင့် မိခင်များ အာဟာရ ပြည့်ဝမှုရှိ၊ မရှိ သွား ရောက်ကြည့်ရှုပြီး ကလေးငယ် များ အာဟာရပြည့်ဝမှု ရှိစေရန် ရက်တစ်ထောင် စီမံကိန်း ဆောင် ရွက်နေကြောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဇန်နဝါရီ ၂၅ ရက်က စံပြ ကြီးရွာသို့ ရောက်ရှိလာပြီး ကျေး ရွာအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် သီးသန့်တွေ့ဆုံကာ ကလေးငယ်များ အာဟာရပြည့်ဝ စေရန် လိုအပ်သည်များ တောင်း ဆိုရန် ပြောကြားခဲ့သည်။

ထို့အပြင် ကျေးရွာအတွင်း ရှိ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၏ အိမ်နှင့် မွေးကင်းစကလေး မိခင် သုံးဦး၏ အိမ်များသို့ သွားရောက် ပြီး ကလေးငယ်များ အာဟာရ ဖွံ့ဖြိုးမှုရှိ၊ မရှိ ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာအတွင်း ရှိ ဝိသုဒ္ဓရာမဘုန်းကြီးကျောင်း တွင် ဒေသခံလူထုနှင့် တွေ့ဆုံပြီး ကလေးများအာဟာရ ပြည့်ဝစေ ရေး ၁၀ မိနစ်ကြာဟောပြောမှု များ ပြုလုပ်ခဲ့သည်။

‘‘ကလေးတွေရဲ့ အာဟာရ ပြည့်ဝရေးဆိုတာဟာ ဒီကလေး တွေရဲ့ အသက်အတွက် ဖြစ်ပါ တယ်။ တစ်ခဏ အာဟာရပြည့်ဝ ရေးအတွက်မဟုတ်ပါဘူး။ (၂) နှစ်အောက်ကလေးများဟာ အာ ဟာရပြည့်ဝလို့ရှိရင် ဦးနှောက်ဖွံ့ ဖြိုးတယ်ဆိုတာ သုတေသနအရ သိရပါတယ်။ ကလေးတွေကို အာဟာရပြည့်ဝအောင် လုပ်ပေး တယ်ဆိုတာ တစ်ဘဝလုံးအတွက် လုပ်ပေးရာလည်း ရောက်ပါတယ်။ကလေးရဲ့ဘဝကောင်းလာပြီဆို ရင် ကိုယ့်ရပ်ရွာ၊ ကိုယ့်ပတ်ဝန်း ကျင်၊ ကိုယ့်နိုင်ငံနဲ့အကျိုး၊ ကိုယ် လည်းအများကြီးပဲ ထိရောက်မှုရှိ ပါတယ်။ ဒါကြောင့် ကျွန်မတို့က အာဟာရပြည့်ဝရေးကို အဓိက ထားပါတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

စံပြကြီးရွာတွင် ကိုယ်ဝန် ဆောင်မိခင်များနှင့် မွေးကင်းစ ကလေးငယ်များ အာဟာရပြည့်ဝ မှုရှိစေရန် လေးလသားအရွယ် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေး ကင်းစမှအသက် (၂)နှစ်အရွယ်ရှိ ကလေးမိခင်များအား ရက်တစ် ထောင် ထောက်ပံ့မှု အစီအစဉ် စတင်လုပ်ဆောင်နေပြီး လစဉ် တစ်သောင်းကျပ် ထောက်ပံ့ပေး နေကြောင်း သတင်းရရှိသည်။

လက်ရှိ၌ စံပြကြီးရွာတွင် ကိုယ်ဝန်ဆောင်မိခင် ၂၇ ဦးရှိကြောင်း ဒေသခံများကပြော ကြားသည်။

‘‘ဝန်ကြီးဌာနအသီးသီး၊ တိုင်းအစိုးရ၊ နောက်ပြီးတော့ ပရ ဟိတအဖွဲ့အစည်းအသီးသီးက နေပြီးတော့    ပါဝင်ပြီးတော့ ကူညီနေကြပါတယ်။   ဒါပေမဲ့လို့ ကိုယ်တိုင် ပါဝင်ဖို့က အဓိကပါပဲ။ ကျွန်မတို့ အဆိုရှိသလိုပေါ့နော်။ ရေသောက်ဖို့တော့ ခေါ်သွားလို့ရ တယ်။ အတင်းသောက်ခိုင်းလို့ တော့ မရဘူးဆိုတာ၊ ဒီအတိုင်းပါ ပဲ။ တစ်ဦးချင်း တစ်ဦးချင်းအပေါ် မှာလည်း မူတည်ပါတယ်။ ဒီတစ် ဦးချင်းတစ်ဦးချင်းဆိုတာ မိခင် တွေအပေါ်မှာပဲ မူတည်တာ မဟုတ်ပါဘူး။ ဖခင်တွေအပေါ် မှာလည်း မူတည်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ တချို့တွေက သားသမီးတွေရဲ့ ပြုစုပျိုးထောင်မှု ဆိုတာ မိခင်တွေရဲ့ အလုပ်လို့ပဲ သတ်မှတ်ကြပါတယ်။ တကယ် တော့ ကိုယ့်ရဲ့ မိသားစုရဲ့ ကျန်း မာရေး၊ ဖွံ့ဖြိုးရေး၊ တိုးတက်ရေးဆိုတာဟာ မိခင်ရော ဖခင် အပေါ်မှာပါ  တာဝန်ရှိပါတယ်’’   ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်သည် ပခုက္ကူမြို့၌ ကိုယ် ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များ အာဟာရပြည့်ဝ မှုရှိစေရေးအတွက် ‘အမျိုးသား အာဟာရဆိုင်ရာ မဟာဗျူဟာနှင့် ပတ်သက်သည့် ဝန်ကြီးဌာနများ အကြား ပူးပေါင်းဆောင်ရွက်ရေး’ ခေါင်းစဉ်ဖြင့် ကျန်းမာရေး၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး၊ စိုက်ပျိုး ရေးနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် အတူ  အစည်းအဝေး  ပြုလုပ်ခဲ့ သည်။

===================  
251 / End