၁ ဖေဖော်ဝါရီ ၂၀၁၇ - ၁၈:၁၀
မြန်မာရှိ ခရီးစဉ်သုံးခုကို အာဆီယံရပ်ရွာလူထုအခြေပြု ခရီးစဉ်များအဖြစ် ဆုများပေးအပ်

မြန်မာနိုင်ငံရှိ ရပ်ရွာလူထုအခြေပြု ခရီးစဉ်ဒေသသုံးခုကို အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ရုံးက Asean Community Bas-ed Tourism Award 2017 ဆု များ ချီးမြှင့်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံရှိ ရပ်ရွာလူထုအခြေပြု ခရီးစဉ်ဒေသသုံးခုကို အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ရုံးက Asean Community Bas-ed Tourism Award 2017 ဆု များ ချီးမြှင့်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

‘‘အာဆီယံအတွင်းမှာ Home Stay နဲ့ Community Based Tourism (CBT)ဆိုပြီး ဆု နှစ်မျိုးကို ပေးလေ့ရှိပါတယ်။ Home Stay မလုပ်သေးပေမယ့် ရပ်ရွာလူထုအခြေပြု ခရီးစဉ်တွေ စပြီး အကောင်အထည်ဖော်နေပြီ ဖြစ်တဲ့ မြန်မာနိုင်ငံက ခရီးစဉ်သုံးခုကို Asean CBT Award 2017 ဆုတွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်’’ ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန၊ သတင်းနှင့် ပြန်ကြား ရေးဌာန ညွှန်ကြားရေးမှူး ဦးမြင့် ထွေးက ပြောကြားသည်။

Asean CBT Award 2017 ဆု ရရှိသည့် ရပ်ရွာလူထုအခြေပြု ခရီးစဉ်ဒေသများမှာ ကယားပြည် နယ် လွိုင်ကော်မြို့ရှိ ပန်ပက်နှင့် တနီးလာလဲကျေးရွာများ၊ ရှမ်း ပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသရှိ လွယ်ခေါ်၊ အင်းနီ၊ ထီးနဲ့နှင့် ကက္ကူကျေးရွာများနှင့်မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ရှိ ကျေးရွာများဖြစ်ပြီး အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံး က ဇန်န၀ါရီတတိယပတ်အတွင်း ပြုလုပ်သည့် အာဆီယံခရီးသွားပြ ပွဲနှင့် တွဲဖက်၍ အဆိုပါ ဆုပေးအပ်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 ‘‘အာဆီယံဆိုတာက စု ပေါင်းနိုင်ငံတစ်ခုလို ဖြစ်နေတဲ့အ တွက် အခုလို မြန်မာနိုင်ငံက ရပ် ရွာလူထုအခြေပြု ခရီးစဉ်တွေ ဆု ရရှိခဲ့တာဟာ နိုင်ငံခြားသား ခရီး သွားဝင်ရောက်မှုကို တိုးတက် အောင် အထောက်အကူပြုပေးနိုင် သလို အဲဒီဒေသတွေက ဒေသခံ တွေအနေနဲ့လည်း ခရီးသွားလုပ် ငန်းနဲ့ ပတ်သက်ပြီး ၀င်ငွေရရှိမှု တွေလည်း တိုးတက်လာနိုင်ပါ တယ်’’ဟု ဦးမြင့်ထွေးက သုံးသပ် သည်။

မြန်မာနိုင်ငံ၌ ရပ်ရွာလူထုအ ခြေပြုခရီးသွားလုပ်ငန်းကို ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ ချင်းပြည် နယ်၊ မကွေးတိုင်းနှင့် မန္တလေး တိုင်းတို့ရှိ ကျေးရွာပေါင်း ၂၁ ရွာ တွင် ခရီးစဉ်ဒေသရှစ်ခုကို အ ကောင်အထည် ဖော်ထားပြီးဖြစ် ကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနမှ သိရသည်။

===================
251/End