အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ရှိ ပြည်ထဲရေးအမည်ပေါက် ကျေးရွာမြေ များပေါ်တွင် ရွှေသတ္တုတူးဖော် ရေးလုပ်ကွက်များချထားပေးမှု ရပ်တန့်ပေးရန် ရက်ရှည်ဆန္ဒ ထုတ်ဖော်တောင်းဆိုနေသော် လည်း အစိုးရတာဝန်ရှိသူများကညှိနှိုင်းဖြေရှင်းပေးမှု မရှိသေးကြောင်း ဆန္ဒပြနေသည့် ဒေသခံ များကပြောသည်။
‘‘ကျွန်တော်တို့ ဆန္ဒပြတောင်းဆိုနေတာ ရက်၂၀ ရှိပါ ပြီ။ အခုအချိန်ထိတော့ ဘယ်သူ ကမှ လာရောက်ညှိနှိုင်းဖြေရှင်း ပေးတာမရှိသေးပါဘူး’’ဟု ဆန္ဒပြ ပွဲဦးဆောင်သူတစ်ဦးဖြစ်သည့် သပိတ်ကျင်းမြို့နယ် စက်သေ ကျေးရွာဒေသခံ ဦးမောင်ကြီးက ပြောသည်။
ပြည်ထဲရေးအမည်ပေါက် ကျေးရွာမြေများပေါ်တွင် ရွှေသ တ္တုတူးဖော်ရေးလုပ်ကွက်များချ ထားပေးနေမှုရပ်တန့်ပေးရန်၊ တ ရားမ၀င်ရွှေသတ္တုတူးဖော်နေမှု များ စစ်ဆေးအရေးယူပေးရန်၊ ကျေးရွာများအနီး တရားမ၀င်ရွှေတူးနေမှုများကို တိုင်ကြားသော်လည်း စိစစ်အရေးယူခြင်းမပြုဘဲ မျက်ကွယ်ပြုနေသည့်သတ္တုတွင်းဝန်ကြီးဌာန မြို့နယ်သတ္တုတွင်းတာဝန်ခံကို အရေးယူပေးရန်၊ သတ္တုတူးဖော်သည့်ကုမ္ပဏီများနှင့် ဒေသခံများကြားမကြာခဏ အငြင်းပွားမှုများဖြစ်ပေါ်လျက်ရှိရာ ကျေးရွာနယ်နိမိတ်မှတ်တိုင် များ စိုက်ထူပေးရန်နှင့် ကျေးရွာ စိုက်ပျိုးမြေများပေါ်တွင် ထွန် ယက်စိုက်ပျိုးသည့်ဒေသများအား ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆို အရေးယူနေမှုများ ရပ်တန့်ပေး ရန်စသည့်အချက်ကိုးချက်ကို ဒေ သခံများက ဆန္ဒပြတောင်းဆိုခဲ့ သည်။
သပိတ်ကျင်းမြို့နယ်ရှိ ရွှေ သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ဆက်စပ်နေသည့် ၀က်သေ၊ ချောင်းကြီး၊ လိပ်ကျ၊ ကျောက်ဖျာ စသည့်ကျေးရွာ ၁၅ရွာရှိ ဒေသခံ များက ဇန်န၀ါရီ ၁၄ရက်က စတင် ကာ သပိတ်ကျင်းမြို့နယ် ငါးမိုင်ရှိ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းရုံး ရှေ့တွင် နေ့ရောညပါ ဆန္ဒပြ တောင်းဆိုနေခြင်းဖြစ်သည်။
‘‘သမ္မတကြီး မန္တလေးလာ ချိန်မှာ ကျွန်တော်တို့က သမ္မတကြီး နဲ့ တွေ့ဆုံတောင်းဆိုဖို့ ကြိုးစားခဲ့ ပေမယ့် တွေ့ဆုံခွင့်မရခဲ့ပါဘူး။ အစိုးရနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူ တွေက ကျွန်တော်တို့တောင်းဆို ချက်တွေကို ဖြေရှင်းဆောင်ရွက် ပေးစေလိုပါတယ်’’ဟု ဦးမောင် ကြီးက ပြောသည်။
နေ့စဉ် လူဦးရေ ၅၀ကျော် ဖြင့် နေ့ရောညပါ ဆန္ဒပြတောင်း ဆိုနေပြီး လာမည့်ရက်ပိုင်းအ တွင်း မန္တလေးတိုင်းအစိုးရအဖွဲ့ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လာရောက်ဖြေရှင်းပေးခြင်းမရှိ ပါက ပြည်ထောင်စုလွှတ်တော်အ စိုးရအဖွဲ့ထံ ဆက်လက်ဆန္ဒပြ တောင်းဆိုမည်ဟု ဆန္ဒပြပွဲဦး ဆောင်သူများကပြောသည်။
သပိတ်ကျင်းမြို့နယ်ရှိ ပြည် ထဲရေးအမည်ပေါက်ကျေးရွာမြေ များပေါ်တွင် ၂၀၀၅ နောက်ပိုင်းကစတင်ကာ ရွှေတူးဖော်ရေးလုပ်ကွက်များ ခွင့်ပြုပေးခဲ့ပြီး ဒေသခံများက ကန့်ကွက်ခဲ့သော်လည်း ထပ်မံသက်တမ်းတိုးလုပ်ကိုင်ခွင့်ပြုနေသည်ဟု ဒေသခံများက ပြောသည်။
===================
251/End
သပိတ်ကျင်းတွင် ရွှေတူးဖော်ရေးလုပ်ကွက်များ ခွင့်ပြုမှုရပ်တန့်ရန် ဆန္ဒပြမှု ညှိနှိုင်းဖြေရှင်းပေးခြင်းမရှိသေး
၃ ဖေဖော်ဝါရီ ၂၀၁၇ - ၁၇:၅၇
News ID: 809212
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ရှိ ပြည်ထဲရေးအမည်ပေါက် ကျေးရွာမြေ များပေါ်တွင် ရွှေသတ္တုတူးဖော် ရေးလုပ်ကွက်များချထားပေးမှု ရပ်တန့်ပေးရန် ရက်ရှည်ဆန္ဒ ထုတ်ဖော်တောင်းဆိုနေသော် လည်း အစိုးရတာဝန်ရှိသူများကညှိနှိုင်းဖြေရှင်းပေးမှု မရှိသေးကြောင်း ဆန္ဒပြနေသည့် ဒေသခံ များကပြောသည်။