၆ ဖေဖော်ဝါရီ ၂၀၁၇ - ၁၇:၀၆
ဧရာဝတီတိုင်း အစိုးရအဆောက်အဦငှားရမ်းခ သိန်း ၅၀၀ ကျော် ရရှိခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနပိုင် အဆောက်အဦ ၃၉ လုံး ရှိကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ငှားရမ်းခ ၅၀၀ သိန်းကျော်ရရှိခဲ့ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က တိုင်းဒေသကြီးလွှတ်တော်တွင် ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဧရာဝတီတိုင်းဒေသကြီး၊ ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနပိုင် အဆောက်အဦ ၃၉ လုံး ရှိကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ငှားရမ်းခ ၅၀၀ သိန်းကျော်ရရှိခဲ့ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က တိုင်းဒေသကြီးလွှတ်တော်တွင် ပြောသည်။

"နိုင်ငံတော်ဘဏ္ဍာငွေပိုမိုရှာဖွေပေးနိုင်ရေးအတွက် စီးပွားရေးရင်းနှီးမြှုပ်နှံမှု အလာလားကောင်းတဲ့ ဌာနပိုင်အဆောက်အဦများကို တင်ပြရန်၊ ပုသိမ်၊ ဟင်္သာတ၊ ဓနုဖြူ၊ မြောင်းမြ၊ မအူပင်၊ ညောင်တုန်း၊ လပွတ္တာမြို့များမှ အဆောက်အဦ ၂၄ လုံးကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီး မှတ်တမ်းဓာတ်ပုံများနှင့် အတူ နေပြည်တော်ရုံးချုပ်သို့ တင်ပြထားဆဲဖြစ်ကြောင်း ” စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က လွှတ်တော်သို့ တင်ပြခဲ့သည်။

ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာနပိုင် အဆောက်အဦ ၆၉ လုံး ရှိပြီး၊ ပုဂ္ဂလိက လုပ်ငန်းရှင်က တစ်နှစ်ငှားရမ်းလုပ်ကိုင်တဲ့ အဆောက်အဦ ၃၉ လုံးကို တစ်နှစ်စာချုပ်နဲ့ ငှားရမ်းလုပ်ပိုင်ခွင့်ပြုခဲ့ကြောင်း ဝန်ကြီးက လွှတ်တော်တွင် ဆက်လက်ဆွေးနွေးသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ကျပ် ၃၈၉ သိန်းကျော်၊၂၀၁၅-၁၆ဘဏ္ဍာနှစ်မှာအဆောက်အဦ ငှားရမ်းခ ၄၇၇ သိန်း၊ ကုန်သွယ်ခွန် ၂၂ သိန်းကျော်၊၂၀၁၆-၁၇တွင် အဆောက်အဦ ငှားရမ်းခ သိန်း ၅၀၀ ကျော်၊ ကုန်သွယ်ခွန် ၂၄ သိန်းကျော် ရရှိခဲ့သည်။

ဌာနပိုင်အဆောက်အဦ ငှားရမ်းရောင်းချခြင်း ပွင့်လင်းမြင်သာမှုမရှိခဲ့သည်ကို တိုင်းအစိုးရအနေဖြင့် မည်သို့ဆောင်ရွက်ပေးနိုင်မည် သိရှိလိုကြောင်း  တိုင်းကိုယ်စားလှယ်က မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

"ဟင်္သာတမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာအချို့၏ ဌာနပိုင်အဆောက်အဦမြေ၊ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများအား လွှဲပြောင်းရောင်းချ ငှားရမ်းရာတွင် ပွင့်လင်းမြင်သာမှု ရှိခဲ့သည်ကို တွေ့ရှိပါသောကြောင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း” ဟု ဟင်္သာတမြို့နယ်၊ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးအောင်ကိုကိုဦးက မေးမြန်းခဲ့သည်။

===================
251/End