၆ ဖေဖော်ဝါရီ ၂၀၁၇ - ၁၇:၂၁
ဦးကိုနီနှင့်ဦးနေ၀င်းမိသားစုများအတွက် ငွေစုလက်မှတ်ထောက်ပံ့ရန် စီစဉ်နေဟု ဦးဝင်းထိန်ပြော

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အနေဖြင့် လုပ်ကြံ သတ်ဖြတ်ခံရသည့် ဦးကိုနီနှင့် တရားခံ လိုက်လံဖမ်းဆီးရင်းသေ ဆုံးသွားသည့် ပြည်သူဦးနေ၀င်း တို့အတွက် ငွေစုလက်မှတ် ထောက်ပံ့ရန် စီစဉ်နေသည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အနေဖြင့် လုပ်ကြံ သတ်ဖြတ်ခံရသည့်  ဦးကိုနီနှင့် တရားခံ လိုက်လံဖမ်းဆီးရင်းသေ ဆုံးသွားသည့် ပြည်သူဦးနေ၀င်း တို့အတွက် ငွေစုလက်မှတ် ထောက်ပံ့ရန် စီစဉ်နေသည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ကပြောသည်။

 ‘‘ထောက်ပံ့ကြေးကတော့ ဦးနေ၀င်းမိသားစုက ရတာတော့ တော်တော်များနေပြီ။ ဦးနေ၀င်း က အိမ်ထောင်နှစ်ဆက်၊ ပထမ အိမ်ထောင်သမီးကြီးက ၁၀ တန်း တောင်ရောက်နေပြီ။ ပေးရင်အဲဒီ သမီးကြီးတောင် ထည့်စဉ်းစားရ မှာပေါ့။ ငွေစုလက်မှတ်ဝယ်ပေး တာမျိုးပေါ့’’ဟု ဦးဝင်းထိန်က ဖေဖော်ဝါရီ ၅ ရက်တွင် နေပြည် တော်စည်ပင်ဧည့်ရိပ်သာ ယူနီစန် စားသောက်ဆိုင်၌ ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အ စည်းအဝေးတွင် ပြောကြားခြင်း ဖြစ်သည်။

ဦးကိုနီသားသမီးများသည် ပညာအရည်အချင်းများ ပြည့်စုံ သော်လည်း ထောက်ပံ့မှုပေးပါက အထက်ပါ ပုဂ္ဂိုလ်နှစ်ဦးစလုံးကို ကူညီပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒီချုပ်အနေဖြင့် ထောက်ပံ့ ပေးမည့်အစီအစဉ်ရှိသော်လည်း ငွေပမာဏကို ဦးဝင်းထိန်က ပြောကြားခဲ့ခြင်းမရှိပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥပဒေအကြံပေး တရား လွှတ်တော်ရှေ့နေ ဦးကိုနီသည် ဇန်န၀ါရီ ၂၉ ရက်က ရန်ကုန် လေဆိပ်တွင် သေနတ်ဖြင့် ပစ်သတ်လုပ်ကြံခံရပြီး သေနတ်သမားကို ၀ိုင်းဝန်းဖမ်းဆီးပေးသော အငှားယာဉ်မောင်း ဦးနေ၀င်းသည်လည်း သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့်သေဆုံးခဲ့ရသည်။

===================
251/End