၂၄ ဖေဖော်ဝါရီ ၂၀၁၇ - ၁၉:၃၄
ရဲဘက်စခန်းများ စစ်ဆေးရာတွင် လူ့အခွင့်အရေး ကြီးကြီးမားမားချိုးဖောက်ခံရမှု မတွေ့ဟု လူ့အခွင့်အရေးကော်မရှင်ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ။ ။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လှည်းကူးမြို့နယ်အတွင်းရှိ ရဲစခန်း၊ တရားရုံးအချုပ်ခန်းများ၊ ရဲဘက်စခန်းများရှိ အကျဉ်းသားများကို သွားရောက်စစ်ဆေးခဲ့ရာ လူ့အခွင့်အရေး ကြီးကြီးမားမားချိုးဖောက်ခံရမှု မတွေ့ရဟု ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ မြင့်ကြည်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ။          ။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လှည်းကူးမြို့နယ်အတွင်းရှိ ရဲစခန်း၊ တရားရုံးအချုပ်ခန်းများ၊ ရဲဘက်စခန်းများရှိ အကျဉ်းသားများကို သွားရောက်စစ်ဆေးခဲ့ရာ လူ့အခွင့်အရေး ကြီးကြီးမားမားချိုးဖောက်ခံရမှု မတွေ့ရဟု ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ မြင့်ကြည်က ပြောသည်။

 စစ်ဆေးရန် ကော်မရှင်မှ ၃ ရက် ကြိုတင်အကြောင်းကြားခဲ့ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် လှည်းကူးမြို့နယ်၊ ရဲဘက်စခန်းများရှိ အကျဉ်းသားများ၏ အခြေအနေများကို အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“မျက်မြင်တွေ့ရှိမှုကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အကျဉ်းထောင်ပဲဖြစ်ဖြစ်၊ ထောင်ဆိုတဲ့ ဟာကတော့ ကိုယ့်အိမ်လိုတော့ မကောင်းဘူးပေါ့နော်။ ကြည့်ရတဲ့အခါ သူတို့ဟာ တုန်လှုပ် ခြောက်ခြားတဲ့သဘောမျိုးတွေ၊ လန့်တဲ့သဘောမျိုးတွေ မတွေ့ရဘူး။ ပုံမှန်အနေအထားပဲ ဆရာတို့က တွေ့ရတယ်။ ဒါ ဆရာမြင်ခဲ့တာ။ အဆောက်အဦတွေ ကြည့်တဲ့အခါမှာလည်း အရင်က ထက်စာရင် တော်တော်ကောင်းတယ်လို့ တွေ့ရတယ် ”ဟု ဒေါက်တာမြင့်ကြည်က ပြောသည်။

 စစ်ဆေးရာတွင် သက်ဆိုင်ရာအကျဉ်းစခန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ထားမှု ရှိ၊ မရှိ၊ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ညှဉ်းပမ်းနှိပ်စက်မှု ရှိ၊ မရှိများ သိရှိရန် အကျဉ်းသားများကို တစ်ဦးချင်းစီ တွေ့ဆုံမေးမြန်းခဲ့သည်ဟု သိရသည်။

 အကျဉ်းသားများက ယခုနေရာများတွင် လူ့အခွင့်အရေး ကြီးကြီးမားမား ချိုးဖောက်ခံရမှုမရှိကြောင်း ဖြေဆိုခဲ့ကြသည်ဟု ဆိုသည် ။

 လှည်းကူးမြို့နယ်ရှိ လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ စခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ဇော်က လူ့အခွင့်အရေးချိုးဖောက်မှု သူ၏ စခန်းတွင် လုံးဝမရှိကြောင်း တုံပြန်ပြောဆိုသည်။  

 “လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ကတော့ အကုန်အပြည့်အစုံလုပ်ပေးထားတယ်။ ဥပဒေနဲ့ ပတ်သက်လို့ပဲ တင်းကျပ်တာတွေ၊ စည်းမျဉ်းစည်းကမ်းအရ တင်းကျပ်တာတွေပဲရှိမယ်။ ဒါတွေကို သူတို့( အကျဉ်းသားတွေ)က တင်းကျပ်မခံနိုင်လို့ ဖြေရှင်းခိုင်းရင်တော့ မတတ်နိုင်ဘူး။ ကျွန်တော်တို့က လူ့အခွင့်အရေးနဲ့ ဖြစ်တဲ့ဟာတွေကို သူတို့ကို လုံးဝအထိအပါးမခံနိုင်ဘူး။ ကြိုက်တဲ့အချိန်လာပြီးတော့   မေးလို့ရတယ်။ မှတ်ကျောက်အတင်ခံရဲတယ်”ဟု ဦးခင်ဇော်က ပြောသည်။

 မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အကျဉ်းသားများအား သွားရောက်စစ်ဆေးခဲ့သည့် အခြေအနေနှင့် ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှုရှိ၊ မရှိ သတင်းအချက်အလက်များကို အမြန်ဆုံး ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

===================
251/End