အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မတ်လ ၁ ရက် ။ ။ ကင်ဆာရောဂါလျှော့ချရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က မဇ္ဈိမကို ပြောခဲ့သည်။
အစိုးရအဖွဲ့အပါအဝင် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။
“ဝန်ကြီးချုပ်ဘက်က ကင်ဆာရောဂါ လျှော့ချဖို့ Plan တစ်ခု လုပ်မယ်လို့ ပြောတယ်။ ဆရာတို့အနေနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးမယ်ပေါ့နော်” ဟု ပြောသည်။
ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ် ကာကွယ်တားဆီးရေးဥပဒေကို ဖြည့်စွက်ပြင်ဆင်ရန် ကြိုးစားနေသည်ဟုလည်း ဦးဗအုပ်ခိုင်က ပြောသည်။
“ချည်ထည်မှာသုံးတဲ့ ဆိုးဆေးတွေက အစားအသောက်မှာ ရောက်နေတယ်။ အဲ့ဒီတော့ သက်ဆိုင်ရာ လုပ်ငန်းလုပ်တဲ့လူတွေဟာ လုပ်ငန်းမှတ်ပုံတင်ရမယ်။ နိုင်ငံတော်အနေနဲ့လည်း အခွန်အကောက်ရမယ်။ သူက အဲ့ဒီမှတ်ပုံတင်နဲ့ပဲ သူနဲ့ သက်ဆိုင်တဲ့ Chemical ကို ဝယ်ရမယ်။ ရောင်းချတဲ့သူကလည်း သူရဲ့ သက်ဆိုင်တဲ့ လုပ်ငန်းမှတ်ပုံတင်နဲ့ သက်ဆိုင်တဲ့ Chemical ကိုပဲ ရောင်းရမယ်” ဟု ၄င်းက ဆက်ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ စစ်တမ်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာ့ကင်ဆာအဖြစ်ဆုံး ၁၀ နိုင်ငံစာရင်းထဲတွင် ပါဝင်နေသည်ဟု သိရသည်။
===================
251/End
၁ မတ် ၂၀၁၇ - ၂၀:၂၀
News ID: 815016
မတ်လ ၁ ရက် ။ ။ ကင်ဆာရောဂါလျှော့ချရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က မဇ္ဈိမကို ပြောခဲ့သည်။