၂ မတ် ၂၀၁၇ - ၁၆:၂၈
သခင်မကြီး  ဇဲဟ်ရာဟ် (စ.အ) ၏ ရှဟာဒသ်နေ့  တွင်မရ်ဂျာသက္က်လီးတော်၂ပါးမှ အလံ လှည့်ရာ တွင်ခြေလျင်လိုက် / ဓာတ်ပုံ များ

မဟာ တမန်တော်မြတ် ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) ၏ တစ်ဦးတည်း သော် သမီးတော် ဖွာတွေမာ ဇဲဟ်ရာဟ် (စ.အ) ၏ ရှဟာဒသ် အချိန်အခါ တွင် လက်ရှိ အကျော်အမော် ကမ္ဘာ့ ရှီအာ မွတ်စလင်မ် များ၏ မရ်ဂျာသက္က်လီးဒ် တော်များ မှ နှစ်ပါး ဖြစ်သည့် အာယာသွလ္လာဟ် ဝဟီးဒ် ခိုရာစာနီ နှင့် အာယာသွလ္လာဟ် စါဖီ ဂိုလ်ဗိုင်ဂါနီ တို့ မှ အသီးသီး ဦးဆောင် သည့် မာတမ်ပြု အဇါဒါရီ အဖွဲ့ နှစ်ဖွဲ့ သည် အာယာသွလ္လာဟ် နှစ်ပါး ၏ ရုံးများမှ စတင်ပြီး သခင်မကြီး မာ စူမာယေ ကွမ်း (စ.အ) ရောင်ဇာတော် အထိ ခြေလျင် နောင်ဟာများ ဖတ်၍ မာတမ် များ လုပ်ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဟာတမန်တော်မြတ်ကြီးဟဇရသ်မိုဟမ္မဒ် (ဆွ) ၏တစ်ဦးတည်းသော်သမီးတော်ဖွာတွေမာဇဲဟ်ရာဟ် (စ.အ) ၏ ရှဟာဒသ် အချိန်အခါ   တွင် လက်ရှိ အကျော်အမော် ကမ္ဘာ့ ရှီအာ မွတ်စလင်မ် များ၏ မရ်ဂျာသက္က်လီးဒ် တော်များ မှ နှစ်ပါး ဖြစ်သည့် အာယာသွလ္လာဟ် ဝဟီးဒ် ခိုရာစာနီ နှင့် အာယာသွလ္လာဟ် စါဖီ ဂိုလ်ဗိုင်ဂါနီ တို့ မှ အသီးသီး ဦးဆောင် သည့် မာတမ်ပြု အဇါဒါရီ အဖွဲ့ နှစ်ဖွဲ့ သည် အာယာသွလ္လာဟ် နှစ်ပါး ၏ ရုံးများမှ စတင်ပြီး သခင်မကြီး မာ စူမာယေ ကွမ်း (စ.အ) ရောင်ဇာတော် အထိ ခြေလျင် နောင်ဟာများ ဖတ်၍ မာတမ် များ လုပ်ခဲ့ကြပါတယ်။

ယနေ့ မတ်လ ၂ ရက်နေ့ တွင် သခင်မကြီးအွန်မေအဘီဟာ (စ.အ) ၏ ရှဟာဒသ်နေ့အချိန် အခါတွင်ကွမ်းမြို့တစ်မြို့လုံးအဇါဒါရီများဝမ်းနည်းကြေကွဲများမှုများဖြင့်ဖုံးလွမ်းသွားခဲ့ပါတယ်။အဇါဒါရီအဖွဲ့များအနေဖြင့်မနေ့ညကတည်းမှ စ၍ ယနေ့အထိသခင်မကြီးဖွာတွေမာ (အ.စ) အတွက်ကြေကွဲသည့်အထိမ်းအမှတ်အဖြစ်နောင်ဟာများဖတ်ရွတ်ပြီးမာတမ်များပြုလုပ်၍မာစူမာယေကွမ်းရောင်ဇာတော်အထိလာရောက်ခဲ့လာရောက်နေကြပါတယ်။

သခင်မကြီး (စ.အ) အတွက် အဇါဒါရီကို အိုလမာ ၊မရ်ဂျာသက္က်လီးဒ်တော်များ ပြုလုပ်နေကြပါ တယ်။ ယနေ့လည်း ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ ဦးဆောင်သည့် မာတမ်ပြု အဖွဲ့ တစ်ဖွဲ့ အဇါဒါရီပြုလုပ်ပါတယ်။ ဤအဖွဲ့တွင် အရေအတွက်အမြောက်အများ အာလင်မ်များ ၊ အီရန် တပ်မတော် အရာရှိများ၊ ရှီအာမွတ်စလင်မ် များ အဟ်လေ့ဘိုက်သ်(အ.စ) ကို အချစ်မေတ္တာ ထားသူများ ပါဝင်ကြပါတယ်။ ဤမာတမ်လုပ် အုပ်ကြီး အနေဖြင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ ၏ ရုံးနှင့် အိမ်တည်ရှိနေသည့်နေရာ မှ စပြီး ရှိုဟာဒါ လမ်းမကြီး အတိုင်း မာစူမာယေကွမ်း (စ.အ) သခင်မကြီး ရောင်ဇာအထိ ခြေလျင် နောင်ဟာ များဖတ်ပြီး မာတမ်များ ပြုခဲ့ကြပါတယ်။

ထိုနည်းတူစွယ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ စါဖီ ဂိုလ်ဗိုင်ဂါနီ ဦးဆောင်သည့် မာတမ်ပြု အဖွဲ့မှလည်း ၏ ရုံး တည်ရှိနေသည့်နေရာ မှ စပြီး အင်ကေလာဗ် လမ်းမကြီး အတိုင်း မာစူမာယေကွမ်း (စ.အ) သခင်မကြီး ရောင်ဇာအထိ ခြေလျင် နောင်ဟာများ ဖတ်ပြီး မာတမ်များ ပြုခဲ့ကြပါတယ်။

အီရန် ပါလီမန် ဥက္ကဋ္ဌ ၊ ဟောင်ဇေအေလ်မီယေများ ၏ အဆင့်မြင့်ကောင်စီ ၏ အဖွဲ့ဝင်များ ၊ ဂျအ်မေ မိုဒရာဆင်း န် ( ဟောင်ဇေ ၏ ဆရာတော်များ အသင်း) အဖွဲ့ဝင်များ ၊ခိုဗ်ဂန်နေရဲဟ်ဗရီ (ရဲဟ်ဗရ် ရွေးချယ်ရေး အဖွဲ့ ) အဖွဲ့ဝင်များ တက်ရောက်နေရာ ယူခဲ့ပါတယ်။ သခင်မကြီး၏ အဇါဒါရီအား မဒဲရ်စာယေ အမီးရွလ် မိုအ်မေနီ (အ.စ)၊ အေမာမ် ခိုမေနီ (ရ.ဟ) အေမာမ်ဘာရာ၊ အေမာမ်ဆွာဒစ် (အ.စ) အမည်ရှိ အစ္စလာမ် သုတေသီ အဖွဲ့ တို့တွင်လည်း ကျင်းပခဲ့ပါတယ်။

ထိုနည်းတူစွာ လူဦးရေ အင်တိုက်အားတိုက် တက်ရောက်လာသည့် မဂ်ျလစ် တစ်ခုကိုလည်း ရဲဟ်ဗရ် အင်ကေလာဗ် ရုံး ၊ကွမ်းမြို့ တွင်ကျင်းပခဲ့ပြီး ဟွဂ်ျဂျသွအစ္စလာမ် ဒေါက်တာ ရဖီးအီ မှ တရားရေ အေး တိုက်ကျွေးခဲ့ပါတယ်။

==========================

251 /  End