၂၃ မတ် ၂၀၁၇ - ၁၆:၁၄
စီမံဘဏ္ဍာဝန်ကြီးဦးကျော်ဝင်းနှင့် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး က

စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် မန္တလေးတိုင်း ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေး နွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်သည့် ထောက်ပံ့မှုများပေးရန် လစဉ် တွေ့ဆုံမည်ဖြစ်ကြောင်း ပြော ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် မန္တလေးတိုင်း ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေး နွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်သည့် ထောက်ပံ့မှုများပေးရန် လစဉ် တွေ့ဆုံမည်ဖြစ်ကြောင်း  ပြော ကြားသည်။

‘‘ဒီနေ့ MRCCI ကို ရောက် လာတာ ပထမဆုံးအကြိမ်ဆိုပေ မယ့်လည်း နောက်ပိုင်းမှာ လစဉ် တွေ့သွားဖို့ရှိပါတယ်။ လုပ်ငန်း အမျိုးအစားအလိုက်၊ အဖွဲ့အ လိုက် ဖြေရှင်းစရာရှိတဲ့ကိစ္စအား လုံးကို ချက်ချင်းလက်ငင်းဖြေရှင်း ကြရမယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ညှိ နှိုင်းတိုင်ပင်ကြမယ်။ ကျွန်တော် တို့လိုချင်တဲ့ ရလဒ်ကို ရအောင် သွားကြမယ်။ ဘာတွေအခက်အခဲ ရှိနေလဲ ဖယ်ရှားမယ်၊ ပြုပြင်သင့် ရင် ပြုပြင်ကြမယ်’’ဟု ပြည် ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

အဆိုပါတွေ့ဆုံမှုကို မတ် လ ၂၁ ရက်က မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI)တွင် ပြုလုပ်ခဲ့ပြီး လုပ်ငန်းရှင်များ ဘက်က ၎င်းတို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရ သည့် အခက်အခဲများကို တင်ပြခဲ့ သည်။

ဝန်ကြီးက ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မကြာမီထွက်ရှိလာ တော့မည့် နည်းဥပဒေတွင် စီးပွား ရေးလုပ်ငန်းများ လွယ်ကူမြန်ဆန် စွာ ဆောင်ရွက်နိုင်မည့်အချက် များ ထည့်သွင်းခဲ့ပြီး အစိုးရအ နေဖြင့် လိုအပ်သည့် အထောက် အပံ့များ  ပေးအပ်မည်ဖြစ် ကြောင်း ပြောကြားသည်။

‘‘မန္တလေးတိုင်းမှာရှိတဲ့ ကျွန် တော်တို့ အသင်းကြီးဟာ စီးပွား ရေးလုပ်ငန်းရှင်တွေအတွက် ပေါင်းကူးတံတားအနေနဲ့ ဆောင် ရွက်ပေးတာဖြစ်ပါတယ်။ စီးပွား ရေးလုပ်ငန်းလုပ်မယ်ဆိုရင် တစ် ဦးနဲ့ တစ်ဦး ယုံကြည်မှုတည် ဆောက်ရတာပါ။ အခုလို တွေ့ ဆုံပွဲတွေလုပ်ပြီးမှ တစ်ဦးနဲ့တစ်ဦး မိတ်ဆက်ပြီး ယုံကြည်မှုရအောင် လုပ်ရတာဖြစ်ပါတယ်’’ဟု MRCCI ဥက္ကဋ္ဌ ဦးအောင်သန်းက ပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ သို့ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့ မှ လုပ်ငန်းရှင် တစ်ရာကျော် တက်ရောက်ခဲ့ပြီး  SME လုပ်ငန်းများ ချေးငွေရရှိမှုနှင့် အ တိုးနှုန်းမြင့်မားမှု၊ စိုက်ပျိုးရေး ကဏ္ဍအတွက် မျိုးကောင်းမျိုးသန့် နှင့် ဓာတ်မြေသြဇာ ကောင်းများရ ရှိပြီး နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး၊ ပြည်ထောင်စု လမ်းမကြီးတွင် တရားမ၀င်ကုန် သွယ်မှုလျော့နည်းစေရေး စသည့် အချက်များအပါအ၀င် အ ကြောင်းအရာ ၁၇ ခု တင်ပြခဲ့ ကြောင်း သိရသည်။

===================
251/End