၂၄ မတ် ၂၀၁၇ - ၁၈:၁၄
ကျမ်းမြတ်ကုရ်အာန်  သည် နှလုံးသား ကို ရှင်သန်စေပါတယ် / ကျမ်းတော်မြတ် ကုရ်အာန် ကို များ နိုင်သလောက် များများ   သေလာဝသ် ပြုကြပါ ၊ တ

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ မြို့တော် တီဟီရန် မြို့ တွင် သောကြာနမာဇ် ရှေ့ဆောင် ဆရာ တော် အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် ကို များ နိုင်သလောက် များများ သေလာဝသ် ပြုကြရန် တိုက်တွန်း မိန့်ကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ကျမ်းမြတ်ကုရ်အာန် သည် နှလုံးသား ကို ရှင်သန် စေကြောင်း ၊မနုဿလူသား အား အလ္လာဟ် ဟို အရှင်မြတ် သခင် နှင့် အနီး ကပ်ဆုံး ပြုလုပ်ပေးသည့် ဝစီ လာ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဲဟ်ရ်သတင်းဌာန၏သတင်းအထောက်အထားများအရအီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏မြို့တော်တီဟီရန်မြို့  တွင်သောကြာနမာဇ်  အား  H.I  ဆစ်ဒီကီ၏ရှေ့ဆောင်ဝတ်ပြုပေးမှု ဖြင့် ကျင်းပခဲ့ပါတယ်။သိန်းပေါင်းများစွာသောမိုအ်မင်အမျိုးသားအမျိုးသမီးများမှတက်ရောက်  နေရာယူခဲ့ပါတယ်။သောကြာနမာဇ်ရှေ့ဆောင်ဆရာတော် H.I  ဆစ်ဒီကီအနေဖြင့်မိမိ၏ခွသ်ဗာ၂ခုတွင်ကျမ်းတော်မြတ်ကုရ်အာန်ကိုများနိုင်သလောက်များများ   သေလာဝသ်ပြုကြရန်တိုက်တွန်းဟောကြားခဲ့ပါတယ်။ဆက်လက်ပြီးကျမ်းမြတ်ကုရ်အာန်  သည်နှလုံးသားကိုရှင်သန်စေကြောင်း၊မနုဿလူသားအားအလ္လာဟ်ဟိုအရှင်မြတ်သခင်နှင့်အနီးကပ်ဆုံးပြုလုပ်ပေးသည့်ဝစီလာဖြစ်ကြောင်းဟောကြားခဲ့ပါတယ်။

အေမာမ် ဂျွန်မ်အဟ် အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် နောက်တဖန် နွေဦး ရာသီဖြင့် ခြောက်သွေ့နေသည့် မြေ များ ကို စိမ်းလန်းစိုပြေ စေလာသကဲ့သို့ တစ်နေ့ လူသေများ ကို လည်း ပြန်လည် ရှင်သန် စေမည် ဖြစ်ကြောင်း ဟောကြားခဲ့ပါတယ်။

တီဟီရန် သောကြာနမာဇ် ရှေ့ဆောင် ဆရာတော် မှ ဆက်လက်ပြီး မနုဿ လူသား၏ နှလုံးသား မည်သည့် အရာဖြင့် ရှင်သန် ကြောင်း ကိုကြည့်ရမည် ဖြစ်ကြောင်း ၊ အေမာမ် ဇမာန်း (အ.ဂျ) ပွင့်တော်မူခြင်းသည် နှလုံးသား အတွက် နွေဦး ရာသီ ဖြစ်ကြောင်း ၊စဉ်းစား တွေခေါ် ခြင်းဖြင့် နှလုံးသား ရှင်သန်ကြောင်း၊ ကောင်းမြတ် သည့် ဆုံးမ သြဝါဒတော်များ ကို နားထောင်ခြင်းဖြင့် လည်း နှလုံးသား ရှင်သန် ကြောင်း မိန့်ကြားခဲ့ပါတယ်။

  1. ဆစ်ဒီကီ အနေဖြင့် ထပ်ပြီး ကျမ်းတော်မြတ် ကုရ်အာန် သည်လည်း နှလုံးသားအတွက် နွေဦး ရာသီ ဖြစ်ကြောင်း ကျမ်းတော်မြတ် ကုရ်အာန် ၏ သေလာဝသ် နှလုံးသားများကို ရှင်သန်စေကြောင်း ဤ အတွက်ကြောင့် ကျွန်ုပ် တို့အနေဖြင့် များ နိုင်သလောက် များများ   ကျမ်းတော်မြတ် ကုရ်အာန် ကို သေလာဝသ် ပြုသင့် ကြောင်း ဟောကြားခဲ့ပါတယ်။
  2. ဆစ်ဒီကီ အနေဖြင့် နိုင်ငံတော် တာဝန်ခံများ ဖက်သို့ ရည်ညွှန်း ပြီး ကောင်းမြတ်သည့် အစ္စလာမ်တော်လှန်ရေး သမား ၊ သတိအသိရှိသူ ၊ အတွေ့ အကြုံ ရှိသူ ၊တိုက်တန်သည့် ဦးဆောင် နိုင်သူကြောင့် သာ နိုင်ငံတော် တိုးတက် ကြောင်း  မေ့လျောနေသောတာဝန်ခံများကြောင့် နိုင်ငံတော် အတွင်း အခက်အခဲများ နှင့်ဒုက္ခ သောကများသာ ဖြစ်ကြောင်း၊ ဤ အတွက် ကြောင့် ကျွန်ုပ်တို့ အနေဖြင့် အရေးကြီး ရာထူးနေရာများတွင် ကောင်းမြတ်သော  သူတော်စင်၊ တတ်နိုင်စွမ်း ရှိသော ၊တိုက်တန်ပြီး ရဲစွမ်းသတ္တိ ရှိ သည့် တာဝန်ခံများကို နေရာချပေးနိုင်ဖို့ ဆောင်ရွက်ရန် အရေးကြီးကြောင်း ၊ နိုင်ငံတော် အတွင်း ရှိ အရင်းအနှီး များ ကို အသုံး ပြုခြင်းဖြင့် နိုင်ငံတော် ၏ စားဝတ်နေရေး ၊ စီးပွားရေး အခက်အခဲများ ကို ဖြေရှင်း နိုင်ကြောင်း မိန့်ကြားခဲ့ပါတယ်။

===========================

251/ End