၂၆ မတ် ၂၀၁၇ - ၁၇:၀၅
မန္တလေးတိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမြင့်တက်

၂၀၁၆-၁၇ ဘဏ္ဍာနှစ် အတွင်း မန္တလေးတိုင်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏကန်ဒေါ် လာသန်း ၇၄၀ ကျော်ရှိခဲ့ပြီး ယမန်နှစ်ထက် ကန်ဒေါ်လာသန်း ၅၈၀ ကျော်မြင့်တက်ခဲ့ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(မန္တလေး) ညွှန်ကြား ရေးမှူး ဒေါ်နွယ်နီဦးက ပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


၂၀၁၆-၁၇ ဘဏ္ဍာနှစ် အတွင်း မန္တလေးတိုင်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏကန်ဒေါ် လာသန်း ၇၄၀ ကျော်ရှိခဲ့ပြီး ယမန်နှစ်ထက် ကန်ဒေါ်လာသန်း ၅၈၀ ကျော်မြင့်တက်ခဲ့ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(မန္တလေး) ညွှန်ကြား ရေးမှူး ဒေါ်နွယ်နီဦးက ပြော သည်။

‘‘ဒီနှစ်က မန္တလေးတိုင်းအ တွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက သိသိသာသာမြင့်တက်လာတာ ကိုတွေ့ရပါတယ်။ မနှစ်ကနဲ့ နှိုင်း ယှဉ်ကြည့်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံ မှုပမာဏဟာ ခြောက်ဆနီးပါးတိုး လာတာကို တွေ့ရပါတယ်’’ဟု ဒေါ်နွယ်နီဦးက ပြောသည်။

မန္တလေးတိုင်းအတွင်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က ကန်ဒေါ်လာသန်း ၁၆၀ ကျော်သာရှိခဲ့ရာမှ ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်တွင် မတ်လဆန်း အထိ ကန်ဒေါ်လာသန်း ၇၄၀ ကျော်ရှိလာ၍ ယမန်နှစ်ကထက် ကန်ဒေါ်လာသန်း ၅၈၀ ကျော် မြင့်တက်ခဲ့သည်။

‘‘ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကဆိုရင် မန္တလေးတိုင်းက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏအများဆုံး ပြည် နယ်နဲ့ တိုင်းတွေထဲမှာ တတိယအ ဆင့်ပဲရှိတယ်။ ဒီနှစ်မှာတော့ ဒီ တတိယအဆင့်အထိ မြင့်တက် လာပြီး ရန်ကုန်တိုင်းပြီးရင် အများ ဆုံးဖြစ်လာတာကို တွေ့ရပါ တယ်’’ဟု ဒေါ်နွယ်နီဦးက ပြော ကြားသည်။

၂၁၁၆-၁၇ ဘဏ္ဍာနှစ်အ တွင်း မန္တလေးတိုင်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခြောက်ခု ခွင့်ပြုခဲ့ပြီး စင်ကာပူ၊ တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံမှ စက်မှုလုပ် ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ပုဂ္ဂလိကဆေးရုံလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခဲ့ ခြင်းဖြစ်သည်။

၁၉၉၄ မှ ၂၀၁၇ မတ်လဆန်းအထိ မန္တလေးတိုင်းအတွင်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၆ ခုခွင့်ပြုခဲ့ပြီး    ရင်းနှီးမြှုပ်နှံမှုပမာဏကန်ဒေါ်လာ   သန်း   ၂,၁၀၀ ကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (မန္တလေး)မှ သိရသည်။

မန္တလေးတိုင်းအတွင်း  နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စင်ကာပူနိုင်ငံက အများဆုံးရင်းနှီး မြှုပ်နှံထားပြီး  ဒုတိယအနေဖြင့် တရုတ်နှင့်   တတိယအနေဖြင့် ဟောင်ကောင်တို့က အများဆုံး ရင်းနှီးမြှုပ်နှံထားသည်။

===================
251/End