၂၉ မတ် ၂၀၁၇ - ၁၈:၅၈
လက်ပံတောင်းတောင်ဒေသခံများကို လူစုခွဲလို၍ ရော်ဘာကျည်ဖြင့် ပစ်ခတ်ခဲ့ဟု ရဲတပ်ဖွဲ့ပြော

ဆားလင်းကြီးမြို့နယ်အတွင်း ကျောက်သယ်ယာဉ်များအား တားဆီးခဲ့မှုသည် ဥပဒေနှင့် ဆန့်ကျင်နေသဖြင့် လက်ပံတောင်းတောင်ဒေသခံတောင်သူများကို သဘော ရိုးဖြင့် လူစုခွဲလိုသော ဆန္ဒဖြင့် ရဲတပ်ဖွဲ့က ရော်ဘာကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆားလင်းကြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဆားလင်းကြီးမြို့နယ်အတွင်း ကျောက်သယ်ယာဉ်များအား တားဆီးခဲ့မှုသည် ဥပဒေနှင့် ဆန့်ကျင်နေသဖြင့် လက်ပံတောင်းတောင်ဒေသခံတောင်သူများကို သဘော ရိုးဖြင့် လူစုခွဲလိုသော ဆန္ဒဖြင့် ရဲတပ်ဖွဲ့က ရော်ဘာကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆားလင်းကြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း က ပြောသည်။

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းအတွက် ကျောက်သယ်ယာဉ် ၇၁ စီးအား ကာကွယ်ပေးနေစဉ် ဒေသခံများ က ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ရဲ တပ်ဖွဲ့က ၁၂ ဗို့ပြောင်းချောအမျိုး အစား ရော်ဘာကျည်ဆန်ဖြင့် ၆၆ ကြိမ်၊ ၃၈ မမ အမျိုးအစား မျက် ရည်ယိုဗုံးဖြင့် နှစ်ကြိမ် မလွှဲသာ မရှောင်သာ ပစ်ခတ်ခဲ့ရကြောင်း ရဲမှူးဌေးဝင်းက ဝန်ခံသည်။

ယင်းသို့ ပစ်ခတ်ခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း  ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် မတ်လ ၂၇ ရက်က ကျင်း ပသော သတင်းစာရှင်းလင်းပွဲ၌ ရဲမှူးဌေးဝင်းက ပြောကြားခဲ့သည်။  

‘‘သူတို့က ပစ်ခတ်လိုက်လို့ ထိမှန်တယ်ဆိုတာလည်း တမင် သေစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပစ်တာမဟုတ်ပါဘူး။ သူတို့ကို သဘောရိုးနဲ့ပစ်တာ။ တမင်သေ စေလိုတဲ့ဆန္ဒရှိရင် သေအောင်ပစ် လို့ရပါတယ်။ လူစုခွဲလိုတဲ့ ဆန္ဒရှိတဲ့အတွက်သာ အထိအခိုက် နည်းအောင် အထက်လူကြီးတွေ ကလည်း ညွှန်ကြားပါတယ်။ တပ်ဖွဲ့ဝင်တွေလည်း အထိအခိုက် နည်းအောင် ပြည်သူတွေလည်း အထိအခိုက်နည်းအောင် ဆောင် ရွက်ပါလို့ ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ ဥပဒေနဲ့အညီ ဆောင်ရွက် ဖို့ကျတော့ အမိန့်နာခံဖို့ မလိုပါ ဘူး။ ကျွန်တော်တို့ရဲ့ ဥပဒေတွေ၊ ကျင့်ထုံးဥပဒေတွေ၊ ရာဇသတ် ကြီးဥပဒေတွေနဲ့အညီ ဆောင်ရွက် ခြင်းဖြစ်ပါတယ်’’ဟု ၎င်းက ပြော ကြားခဲ့သည်။

မတ်လ ၂၄ ရက် ညနေက ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ် ရဲ တပ်ဖွဲ့က ရော်ဘာကျည်ဆန်သုံးသေနတ်ဖြင့် ပစ်ခတ်ရာ ဒေသခံ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများက လောက်လေးခွများ ဖြင့် ပြန်လည်ပစ်ခတ်ခဲ့၍ လုံခြုံရေးရဲတပ်ဖွဲ့ဝင်ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒေသခံ တောင်သူများ၏ ကန့်ကွက်မှုများကြောင့် လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းအ တွက် ကျောက်ထုတ်လုပ်ခြင်းကို မတ်လ ၂၆ ရက်က စတင်၍ ရက် အကန့်အသတ်မရှိ ရပ်ဆိုင်းထား ရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားသည်။

===================
251/End