အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရတ်နိုင်ငံ ဘဂ္ဂဒတ် မြို့ တောင်ပိုင်း ရှိ စိစစ်ရေးဂိတ်တွင် ကားတစ်စီးမှ ဗုံးပေါက်ကွဲ မှု တစ်ခု ဗုဒ္ဓဟူးနေ့က ဖြစ်ခဲ့ကြောင်း ဤ ပေါက်ကွဲမှုကြောင့် ၁၇ဦး သေဆုံးခဲ့ပြီး ၆၀ ဒဏ်ရာရခဲ့ကြောင်း သိရှိခဲ့ရ ပါတယ်။
ဗုံးဖောက်ခွဲသူမှာ လောင်စာ တင်ထားသည့် ထရပ်ကားတစ်စီး အတွင်းဗုံးတပ်ပြီး မောင်းလာ ပါတယ်။ အီရတ် လုံခြုံရေး တပ်သားများ စိစစ်နေသည့်ဂိတ်အနီးရောက်လျှင်ရောက်ခြင်း အသေ ခံဗုံး ခွဲ တိုက်ခိုက်ခဲ့ပါတယ်။
ဤ ပေါက်ကွဲ မှုကြောင့် ၁၇ဦး သေဆုံးခဲ့ပြီး အယောက် ၆၀ ဒဏ်ရာရခဲ့ကြောင်း အီရတ် နိုင်ငံ ၏လုံခြုံရေး တပ်များ မှ သတင်းထုတ်ပြန် ကြေညာချက် ခဲ့ပါတယ်။
ဒေသဆိုင်ရာ ရဲ ၏ သတင်းထုတ်ပြန် ကြေညာချက်အရ ဗုံးဖောက်ခွဲ သူမှာ ဗုံးပါသည့် ကားတစ်စီးကို စိစစ်ရေး ဂိတ်တွင် ရပ်ထားသည့် ကားများ အကြား မောင်းဝင်လာပြီး ဖောက်ခွဲ ခဲ့ကြောင်း ပြောကြား ခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုကို လက်ရှိ အချိန် အထိ မည်သည့် အကြမ်းဖက်အဖွဲ့ မှ တာဝန်မယူသေးချေ။ သို့သော် ဗုံးဖောက်ခွဲ သူ၏ ဖောက်ခွဲမှုမှာ ဒါအေရှ်(IS) အကြမ်းဖက်သမား ဗုံးဖောက်သကဲ့သို့ဖောက်ကြောင်း လုံးဝတူနေကြောင်း သိရှိရပါတယ်။
========================
251/End