အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆယက်ဒ် ကာစင်မ် ရှား ဟိုစိန်နီ သည် ထိုင်းနိုင်ငံသား ဖြစ်ပြီး ရှီအာမွတ်စလင်မ်များ အတွက် နိုးကြား တက်ကြွ ပြီး ဘာသာရေး လှုပ်ရှားနေသူ တစ်ဦးရှီအာမွတ်စလင်မ် တစ်ဦး ဖြစ်ပါ တယ်။၎င်း၏ နာမည်ကို ကြည့်လျှင် ထိုင်းနိုင်ငံ သား မဟုတ်ထင်ရပေမည်။သို့သော် ၎င်း သည် ထိုင်းနိုင်ငံ စစ်စစ် တစ်ဦး ဖြစ်ပါတယ်။ ၎င်းသည် ((မဂ်ျမအ်အေ အိုမူမီယေ ဂျဝါနာနေ ပိုင်ရို အဲဟ်လေ့ဘိုက်(သ) (အ.စ) )) ၏ လက်ထောက် အတွင်းရေးမှူး ဖြစ်ပါသည်။ ထိုနည်းတူစွာ မိမိ မိတ်ဆွေ သူငယ်ချင်းများ နှင့် ပူးပေါင်းပြီး ((အန်ဂျွန်မန်နေ မိုဟစ်ဗ်ဗီးန်နေ ဝလီယေဖကီးယေ )) ကိုလည်း ကြိုးပမ်း၍ တည်ထောင်ခဲ့ပါတယ်။ထိုအဖွဲ့ တွင်လည်း နိုင်ငံတကာဆိုင်ရာ ပြန်ကြား ရေးတာဝန်ခံ အဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိပါတယ်။
ဆယက်ဒ် ကာစင်မ် ရှား ဟိုစိန်နီ သည် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အဖွဲ့ဝင် လည်း ဖြစ်ပါတယ်။ ၎င်းအနေဖြင့် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဆဌမမြောက် အပြည်ပြည် ဆိုင်ရာ ညီလာခံသို့တက်ရောက် လာချိန် တွင် အဗ်နာ သတင်းဌာန ၏ အမေးများ ကို လည်း ဖြေကြားခဲ့ပါတယ်။၎င်းအနေဖြင့် ဆက်လက်ပြီး နှစ် ၃၀ ကျော် အရင်အေမာမ် ခိုနေမီ (ရ.ဟ) ၏ ဦးဆောင်မှု ဖြင့် အောင်မြင်ခဲ့သည့် အီရန် အစ္စလာမ်မစ် တော်လှန်ရေး ၏ အာနိသင် ကြောင့် ထိုင်း နိုင်ငံ၏ ရှီအာ မွတ်စလင်မ် အရေအတွက် မှာ အရင်ထက် အဆ ၄၀ တိုးလာကြောင်း ပြောကြားခဲ့ပါတယ်။
ပြီးနောက် အေမာမ်ခိုမေနီ (ရ.ဟ) ၏ ((ကျဲဟဲလ်ဟဒီးစ် )) စာအုပ်သည် အဓိကသော့ချက် ကြသည့် စာအုပ်များ မှ တစ်အုပ် ဖြစ်ကြောင်း ကိုလည်း ပြောကြားခဲ့ပါတယ်။
ပြီးနောက် အွစ်ဒါဒ် ရှာဖေအီ အမည်ရှိ ထိုင်း စွန်နီ မွတ်စလင်မ်များ၏ ခေါင်းဆောင်များ မှတစ်ဦး ဖြစ်သူ သည် မိမိ တရားပွဲများတွင် စစ်မှန်သည့် အစ္စလာမ် သာသနာ ၏ စကားကို ပြောဆိုနေသည့် နိုင်ငံမှာ အီရန် တစ်နိုင်ငံ သာ ဖြစ်ကြောင်း ၊ အီရန် နိုင်ငံသူ ၊သားများ ၏ ပမာသည် တမန်တော်မြတ် (ဆွ) ၏ လက်ထက် တွင် တမန်တော်မြတ်ကြီး (ဆွ) အနေဖြင့် မိုရှ်ရေက်များမှ သဗ်လီးဂ် မလုပ်ရန် အမျိုးအမျိုးနည်း ဖြင့် တားဆီးခဲ့ချိန် ကိုယ်တော်မြတ် (ဆွ) အနေဖြင့် အကယ်၍ ကျွန်ုပ်ညာဖက် လက်တွင် သူရိယ နေမင်းကို ထည့်ပေးမည်။ ဘယ်ဖက်လက်ထက်တွင် လမင်း စန္ဒာ ကို ထည့်ပေး မည်ဆိုလျှင် အစ္စလာမ် သာသနာ၏ သဗ်လီးဂ် ကို စွန့်လွှတ် မည် မဟုတ်ဟု မိန့်ကြားခဲ့သကဲ့သို့ ဖြစ်ပါတယ်။ အီရန်နီ ပြည်သူ ၊ပြည်သားများ အနေဖြင့် လည်း လောကီ၏ လောဘ များ ပေးလျှင်လည်း အစ္စလာမ် သာသနာတော် တိုးတက်ဖို့ စည်ပင် သာယာ ဖို့ နှင့် မွတ်စလင်မ်များကို ကူညီဖို့ လုပ်ရပ်များ ကို စွန့်လွှတ်မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
===========================
251 /End