အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘဏ္ဍာငွေ အရအသုံးဆိုင် ရာ ဥပဒေ(မူကြမ်း)တွင် ပါဝင်သော လုပ်ငန်း ၅၃ ခုကို ပယ်ဖျက်ပြီးနောက် ယင်းအသုံးစရိတ်ဖြင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
မတ်လ ၃၀ ရက်က စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော်တွင် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)တွင် ပါဝင်သော လုပ်ငန်းများအနက် အစိုးရဌာန အဖွဲ့အစည်း ၁၄ ခု၏ လုပ်ငန်းကို လွှတ်တော်သဘောဆန္ဒဖြင့် ပယ် ဖျက်ခဲ့သည်။
လုပ်ငန်းများ ပယ်ဖျက်ခြင်း ကြောင့် ပြည်သူ့ဘဏ္ဍာ ကျပ် ၁၀,၂၁၆ ဒသမ ၆၅၉ သန်း ပြန် လည်ရရှိခဲ့ပြီး ကောလင်းမြို့နယ် ဒေါင်းမြူးချောင်းအတွက် ကျပ် သန်း ၅၀၀ နှင့် မြို့နယ် ၃၇ မြို့ နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုး ရေး လုပ်ငန်းများ ဦးစားပေး ဆောင်ရွက်ရန် ကျပ် ၂၆၂ ဒသမ ၆၁၂ သန်း သုံးစွဲရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
‘‘လုပ်ငန်း ၅၃ ခုကို ပယ် ဖျက်လိုက်တဲ့ငွေ စုစုပေါင်း ၁၀ ဘီလီယံကျော်ရတယ်။ ၀န်ကြီး ချုပ် ခရီးစဉ်တုန်းက ကတိက၀တ် ဖြစ်ခဲ့တဲ့ ကောလင်းမြို့နယ် ဒေါင်း မြူးချောင်း ပြုပြင်ရေးအတွက် သန်း ၅၀၀ သုံးမယ်။ မြို့နယ် ၃၇ မြို့နယ်ဆိုတော့ ၂၆၂ သန်းကျော် ရတယ်။ ကျေးလက်ပြည်သူတွေ အတွက် အဓိကတောင်းထား တယ်။ ဧပြီ ၃ ရက် နောက်ဆုံးထား ပြီး သုံးစွဲမယ့် ဘတ်ဂျက်ကို လွှတ် တော်ကိုယ်စားလှယ်တွေက ပြန် လည်တင်ပြရမယ်’’ဟု စစ်ကိုင်း မြို့နယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဒေါ်စုမြတ် ထက်က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုပ်ငန်း နှစ်ခု၊ ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လုပ်ငန်းနှစ်ခု၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန လုပ်ငန်းတစ်ခု၊ ကုန်တင်ကုန်ချ ကော်မတီရုံး လုပ်ငန်းတစ်ခု၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး လုပ်ငန်း နှစ်ခု၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး လုပ်ငန်းနှစ်ခု၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန လုပ်ငန်းတစ်ခု၊ ငါးလုပ်ငန်း ဦးစီးဌာန လုပ်ငန်းတစ်ခု၊ သမ၀ါယမဦးစီးဌာန လုပ်ငန်းသုံးခု၊ သယံဇာတနှင့် သစ်တောထိန်းသိမ်းရေးဦးစီးဌာန လုပ်ငန်းသုံးခု၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလုပ်ငန်းတစ်ခု၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လုပ်ငန်းနှစ်ခု၊မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန လုပ်ငန်း ၁၈ ခု၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန လုပ်ငန်း ၁၄ ခု စုစုပေါင်း ဌာနအဖွဲ့အစည်း ၁၄ ခု လုပ်ငန်း ၅၃ ခုကို တိုင်း ဒေသကြီး လွှတ်တော်က ပယ် ဖျက်ရန် အတည်ပြုဆုံးဖြတ်ခဲ့ သည်။
===================
251/End
၁ ဧပြီ ၂၀၁၇ - ၁၆:၄၉
News ID: 821321
ဘဏ္ဍာငွေ အရအသုံးဆိုင် ရာ ဥပဒေ(မူကြမ်း)တွင် ပါဝင်သော လုပ်ငန်း ၅၃ ခုကို ပယ်ဖျက်ပြီးနောက် ယင်းအသုံးစရိတ်ဖြင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။