၅ ဧပြီ ၂၀၁၇ - ၁၈:၀၈
မြန်မာ့ခရီးသွားလုပ်ငန်းမြှင့်တင်ရာတွင် တိကျရှင်းလင်းသော ရည်မှန်းချက်များ မတွေ့ကြောင်း ဂျပန်ခရီးသွားလုပ်ငန်းအသင်းဥက္ကဋ္ဌပြော

မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး လုပ်ဆောင်နေသော်လည်း ရှင်းလင်းသည့် ရည်မှန်းချက်ထားရှိသည်ကို မတွေ့ရကြောင်း ဂျပန်ဥက္ကဋ္ဌ မစ္စတာ တာကာဟီတိုအိုဟတက ဝေဖန်ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး လုပ်ဆောင်နေသော်လည်း ရှင်းလင်းသည့် ရည်မှန်းချက်ထားရှိသည်ကို မတွေ့ရကြောင်း ဂျပန်ဥက္ကဋ္ဌ မစ္စတာ တာကာဟီတိုအိုဟတက ဝေဖန်ပြောကြားသည်။

‘‘အဓိကဘာကို ရည်မှန်းချက်ထားလဲဆိုတာ ကွဲကွဲပြားပြား မတွေ့ရဘူး။ အဓိကပြဿနာက နိုင်ငံတစ်နိုင်ငံမှာ ခရီးသွားတွေလာဖို့ ပစ်မှတ်ထားရင် ဥပမာ လူတစ်သောင်းလာစေချင်လား။ လူတစ်သောင်းလာဖို့ဆိုရင် ဒီလူတစ် သောင်းလာဖို့ ဘာလုပ်ရမလဲဆိုတာရှိတယ်။ အဲဒါကို လုပ်ရမယ်။ အခုဟာက ဒါမျိုးကို ကွဲကွဲပြားပြားမတွေ့ရဘူး’’ဟု ၎င်းက ပြောကြားသည်။

မတ်လ ၂၈ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် အာဆီယံ-ဂျပန်စင်တာက ပြုလုပ်သည့် ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးဆွေးနွေးပွဲခေတ္တရပ်နားစဉ် OTOAJ ဥက္ကဋ္ဌက မီဒီယာများအား ပြောကြားခဲ့သည်။

‘‘အခုဟာက လူဘယ် လောက်လာချင်မှန်းလည်း မသိဘူး။ လာချင်တဲ့ဟာတွေအတွက် လုပ်ခွင့်လည်း မတွေ့ဘူး။ အဲဒါတွေက ဒီဘက်မှာ လုပ်ထားတာရှိရင်လည်း ရှိလိမ့်မယ်။ ရှိခဲ့ရင်တောင် ကွဲကွဲပြားပြားမတွေ့ရဘူး။ အဲဒါကို သေချာလေးပစ်မှတ်ထားပြီး လုပ်ရမယ်။ အစိုးရရော၊ ပုဂ္ဂလိကရောပူးပေါင်းပြီးတော့ အဲဒီပစ် မှတ်ကိုထိအောင်လို့ Action Plan ဘာလုပ်ရမလဲဆိုတာ သိရမယ်။ အဲဒီအတိုင်း လုပ်ရမယ်’’ဟု မစ္စ တာ တာကာဟီတိုအိုဟတက ဆို သည်။လက်ရှိတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားများ တိုးတက် လာရောက်ရေး စီမံချက်များ ချမှတ်လုပ်ဆောင်နေသော်လည်း နိုင်ငံတကာ၌ မြန်မာအမှတ်တံဆိပ်ကို ထိုးဖောက်နိုင်ခြင်းမရှိသဖြင့် ခရီးသွားလုပ်ငန်းသိသိသာသာမြင့်တက်လာခြင်းမရှိကြောင်း ခရီးသွားလုပ်ငန်းရှင်အချို့က ဆိုသည်။

မြန်မာနိုင်ငံသို့ ၂၀၁၅ က နိုင်ငံခြားသားခရီးသွားဧည့်သည် ၄ဒသမ၆ သန်းကျော်ဝင်ရောက်ခဲ့သော်လည်း ၂၀၁၆တွင် ၂ဒသမ၉ သန်းကျော်သာ ၀င်ရောက်ခဲ့သဖြင့် ၃၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ၂၀၁၇ အာဆီယံခရီးသွားဖိုရမ်က ထုတ်ပြန်ထားသည်။

===================
251/End