အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ထိုင်းဘုရင်မင်းမြတ် မဟာဗာဂျီရာလောင်ကွန်းဟာ ဧပြီ ၆ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၂၀၁၄ ခုနှစ် ထိုင်းစစ်တပ် အာဏာသိမ်းပြီးနောက် ဒီမိုကရေစီ ပြန်ဖော်ဆောင်ပေးပါမယ်ဆိုတဲ့ ကတိနဲ့အညီ ရွေးကောက်ပွဲကျင်းပပေးမယ့် အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ပါတယ်။
ဒါဟာ လာမယ့်နှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအတွက် ဘုရင်မင်းမြတ်ရဲ့ ထောက်ခံချက်ပဲ ဖြစ်ပါတယ်။
အခု ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ဟာ ၁၉၃၂ ခုနှစ် အကြွင်းမဲ့အာဏာရှင် ဘုရင်စနစ်ကို ဖျက်သိမ်းပြီးတဲ့နောက်ပိုင်း အခု ၂၀ မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပါတယ်။
ဝေဖန်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ဟာ ဗိုလ်ချုပ်ကြီးတွေကို ထိုင်းနိုင်ငံရေးမှာ ပြောရေးဆိုခွင့်ရှိအောင် အခွင့်အရေး ပေးထားဆဲပဲလို့ ထောက်ပြပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက ထိုင်းပြည်သူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ထောက်ခံခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
===================
251/End
၇ ဧပြီ ၂၀၁၇ - ၁၂:၄၉
News ID: 822456
ထိုင်းဘုရင်မင်းမြတ် မဟာဗာဂျီရာလောင်ကွန်းဟာ ဧပြီ ၆ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။