အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မင်္ဂလာဒုံမြို့နယ် ပြည် လမ်းပေါ်ရှိ ပန်းခြံကုန်းမှတ်တိုင် အနီးတွင် အငှားယာဉ်တစ်စီး ‘ဂ’ ငယ်ကွေ့ ကွေ့ရာမှ ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ် မောင်းတစ်ဦး ပွဲချင်းပြီးသေဆုံး ကာ လူခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။
မင်္ဂလာဒုံမြို့နယ် ပြည်လမ်း အတိုင်း ရန်ကုန်မှ မှော်ဘီသို့ မောင်းနှင်လာသည့် ကယ်ဒီးနား အငှားယာဉ်သည် ဧပြီ ၅ ရက်၊ နံနက် ၆ နာရီခွဲတွင် ‘ဂ’ ငယ်ကွေ့ကွေ့လိုက်ရာမှ ယာဉ်တိုက်မှုစတင်ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာဒုံ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
အငှားယာဉ်သည် ထိုသို့ ကွေ့လိုက်သဖြင့် မျက်နှာချင်းဆိုင်ယာဉ်ကြောမှ အရှိန်ဖြင့် မောင်းနှင်လာသည့် ဒိုင်နာယာဉ် ကို စတင်တိုက်မိခဲ့ရာ ဒိုင်နာယာဉ်တိမ်းမှောက်သွားပြီး ကယ်ဒီးနားအငှားယာဉ်သည် အခြားအငှားယာဉ်တစ်စီးကို ထပ်မံတိုက်မိခဲ့ ကြောင်း ၎င်းက ဆက်လက်ပြော သည်။
ယာဉ်တိုက်မှုကြောင့် အ သက်(၄၀)ခန့်အရွယ် ကယ်ဒီးနား အငှားယာဉ်မောင်း အမျိုးသား သည် ဦးခေါင်း၊ ခြေထောက်နှင့် လက်တို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ပြီး ဒိုင်နာယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီး လေးဦး၊ အသက်(၁၄)နှစ်အရွယ် လူငယ်တစ်ဦးတို့ ဦးခေါင်း၌ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ကုသပေးခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ် ဖွဲ့မှ သွားရောက်ကူညီခဲ့သူတစ်ဦး က ဆိုသည်။
ထို့အပြင် ကယ်ဒီးနားအငှား ယာဉ်ထပ်မံတိုက်မိသည့် အခြား အငှားယာဉ်ပေါ်ရှိ ယာဉ်မောင်းသည်လည်း ခြေထောက်ကျိုး၍ ဦး ခေါင်းနှင့်လက်တို့တွင် ဒဏ်ရာ များရရှိခဲ့သည်။ ဒဏ်ရာရရှိသူခြောက်ဦးနှင့် သေဆုံးသူအမျိုးသားတို့ကို လူနာတင်ယာဉ်သုံးစီးဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းကရှင်းပြသည်။
ကယ်ဒီးနားယာဉ်မောင်းကို မင်္ဂလာဒုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၇/၃၃၈/၂၇၉ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။
===================
251/End
၈ ဧပြီ ၂၀၁၇ - ၁၈:၃၂
News ID: 822718
မင်္ဂလာဒုံမြို့နယ် ပြည် လမ်းပေါ်ရှိ ပန်းခြံကုန်းမှတ်တိုင် အနီးတွင် အငှားယာဉ်တစ်စီး ‘ဂ’ ငယ်ကွေ့ ကွေ့ရာမှ ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ် မောင်းတစ်ဦး ပွဲချင်းပြီးသေဆုံး ကာ လူခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။