၉ ဧပြီ ၂၀၁၇ - ၁၈:၄၉
စက်သုံးဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု

စက်သုံးဆီ ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းများကို နိုင်ငံ ခြားသားလုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံခွင့်ပြုရန် မူဝါဒပြောင်းလဲ လိုက်ကြောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၀ က စတင်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စက်သုံးဆီ ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းများကို နိုင်ငံ ခြားသားလုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံခွင့်ပြုရန် မူဝါဒပြောင်းလဲ လိုက်ကြောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ က စတင်

၍ စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို ပုဂ္ဂလိကသို့ စတင်လွှဲ ပြောင်းပြီးနောက် ပြည်တွင်းလုပ် ငန်းရှင်များကိုသာ လုပ်ကိုင်ခွင့် ပြုခဲ့သည်။ ယခင်အစိုးရ၏မူဝါဒ ပိုင်းဆိုင်ရာအရ နိုင်ငံခြားသား လုပ်ငန်းရှင်များကို ခွင့်မပြုသော် လည်း ဒီချုပ်အစိုးရသက်တမ်း တစ်နှစ်ပြည့်ချိန်တွင် စတင် ပြောင်းလဲခဲ့ခြင်းဖြစ်သည်ဟု ဦး အောင်နိုင်ဦးက ပြောသည်။

‘‘အစိုးရမူဝါဒအပြောင်းအ လဲမှာ စက်သုံးဆီကဏ္ဍကို နိုင်ငံခြားသားကိုလည်း လုပ်ပိုင်ခွင့်ပေး မယ်။ ဖွင့်လိုက်တဲ့ သဘောပါ’’ဟု ၎င်းက ပြောသည်။

နိုင်ငံခြားလုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံခွင့်ပြုရာတွင် ပညာ ရပ်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်း ဆိုင်ရာများ ပါဝင်နေခြင်းကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၏ သဘောတူညီချက်ရယူပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုလွှာများ တင်နိုင် ကြောင်း ဦးအောင်နိုင်ဦးက ပြော သည်။စီမံကိန်းနှင့် ဘဏ္ဍာရေးပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက စက်သုံးဆီကို ဈေးသက်သာစွာ သုံးစွဲခွင့်ရရှိနိုင်ရေး စက်သုံးဆီ လက်လီအရောင်းဆိုင်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့် ပြုရန် စီစဉ်ထားသည်ဟု ပြီးခဲ့ သည့်လက ပြုလုပ်သော မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌနှင့် ပြည်ပစီးပွားရေးအဖွဲ့ အစည်းများတွေ့ဆုံပွဲ၌ ပြောကြား ထားသည်။

စက်သုံးဆီဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်း ရှင်များကို ခွင့်ပြုပေးပြီးနောက် ပြည်တွင်းလုပ်ငန်းရှင်များကိုသာ လုပ်ကိုင်ခွင့်ပြုရန် အစိုးရက မူဝါဒချမှတ်ခဲ့သော်လည်း စက်သုံးဆီ ဈေးနှုန်း၊ အရည်အသွေးပိုင်းနှင့် အခြင်အတွယ်ပိုင်း ပြဿနာများ စွာရှိခဲ့သဖြင့် နိုင်ငံခြားသားလုပ် ငန်းရှင်များကိုပါ လုပ်ပိုင်ခွင့်ပြု ခြင်းက သုံးစွဲသူပြည်သူများအ တွက် အခွင့်အရေးပိုရသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

စက်သုံးဆီဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်းကို ခုနစ်နှစ်ခန့် ဦး ဆောင်လုပ်ကိုင်ခဲ့သော မြန်မာနိုင် ငံစက်သုံးဆီ တင်သွင်းရောင်းချ သူများအသင်းက စက်သုံးဆီဖြန့် ဖြူးရောင်းချခြင်းကဏ္ဍတွင် နိုင်ငံ ခြားသားရင်းနှီးမြှုပ်နှံမှုခွင့်ပြုခြင်း ကို ပြန်လည်စဉ်းစားရန် အစိုးရထံ စာတင်ထားသည်။

မြန်မာနိုင်ငံစက်သုံးဆီတင် သွင်းရောင်းချသူများအသင်းက အစိုးရသို့ စာတင်ပြီးနောက် ပြည်တွင်းစက်သုံးဆီတင်သွင်းရောင်း ချသည့် လုပ်ငန်းရှင်များသည် စက်သုံးဆီဈေးကွက်ကို လက်ဝါးကြီးအုပ်ထားလိုသည်ဟု ဝေဖန်မှု များရှိခဲ့သည်။

စက်သုံးဆီ ဈေးကွက်ကို ပြည်တွင်းလုပ်ငန်းရှင်များက လက်ဝါးကြီးအုပ်ထားခြင်း မရှိ ကြောင်း ဧပြီ ၄ ရက်က မြန်မာနိုင် ငံစက်သုံးဆီတင်သွင်းရောင်းချ သူများအသင်းရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အ သင်းအတွင်းရေးမှူး ဒေါက်တာ ဝင်းမြင့်က ပြောကြားသည်။

===================
251/End