၂၀ ဧပြီ ၂၀၁၇ - ၁၇:၃၃
နတ်ရွာစံထိုင်းဘုရင်ကြီး၏ ဈာပန အောက်တိုဘာလကုန်ပိုင်း ကျင်းပမည်

မနှစ်က အောက်တိုဘာလ ၁၃ ရက်နေ့က နတ်ရွာစံသွားတဲ့ န၀မမြောက်မင်းဆက် ထိုင်းဘုရင် ဘူမိဘောလ် အဒူရာဒေ့ခ်ျရဲ့ ဈာပနအခမ်းအနားကို လာမယ့် အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်နေ့တွေအတွင်း ကျင်းပမှာဖြစ်ပြီး မီးသဂြိုဟ်ပူဇော်မယ့်ရက်ကိုတော့ အောက်တိုဘာ ၂၆ မှာ ပြု လုပ်မယ်လို့ ထိုင်းနန်းတွင်းရေးရာဌာနက ထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မနှစ်က အောက်တိုဘာလ ၁၃ ရက်နေ့က နတ်ရွာစံသွားတဲ့ န၀မမြောက်မင်းဆက် ထိုင်းဘုရင် ဘူမိဘောလ် အဒူရာဒေ့ခ်ျရဲ့ ဈာပနအခမ်းအနားကို လာမယ့် အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်နေ့တွေအတွင်း ကျင်းပမှာဖြစ်ပြီး  မီးသဂြိုဟ်ပူဇော်မယ့်ရက်ကိုတော့ အောက်တိုဘာ ၂၆ မှာ ပြု လုပ်မယ်လို့  ထိုင်းနန်းတွင်းရေးရာဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါနေ့ရက်ကို  ဒသမမြောက်ထိုင်းဘုရင် မဟာဝချီရာလောင်ကွန်းရဲ့ အမိန့်တော်နဲ့ နန်းတွင်းရေးရာ ပြန်တမ်းဌာနက  ဧပြီ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းဘုရင်ကြီးရဲ့  ဈာပနအခမ်းအနားကို ကြီးကျယ်ခန်းနားစွာ ကျင်းပဖို့ ဘန်ကောက်မြို့လယ် မြဘုရားအနီးရှိ ဆနမ်လုံရင်ပြင်မှာ ဘုံအဆင့်ဆင့်ပါ ဗိမာန်တော်တွေ၊ တော်ဝင်မိသားစုနဲ့ အထူးဧည့်သည်တော်တွေ စံမြန်းရာ ယာယီတဲနန်းတွေ ဆောက်လုပ်လျက်ရှိပါတယ်။

===================
251/End