၂၄ ဧပြီ ၂၀၁၇ - ၁၇:၅၉
ကျရှုံးနိုင်ငံအဖြစ် ဦးတည်နေမှုကို ကျော်လွှားနိုင်ရန် မှန်ကန်သည့် နိုင်ငံရေးမူဝါဒချမှတ်ပြီး ပြည်တွင်းစစ်ပြဿနာ ဖြေရှင်းနိုင်ရန်လိုဟု

မြန်မာနိုင်ငံ ကျရှုံးနိုင်ငံ အဖြစ် ဦးတည်နေမှုကို ကျော်လွှားနိုင်ရန် မှန်ကန်သည့်နိုင်ငံရေးမူ ၀ါဒချမှတ်နိုင်ရန်နှင့် ပြည်တွင်း စစ်ပြဿနာဖြေရှင်းနိုင်ရန် လိုသည်ဟု နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့က ဦးဆောင် ကျင်းပသည့် အသိပညာမျှဝေပွဲ တွင် ဦးဆောင်ဆွေးနွေးသူများက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံ ကျရှုံးနိုင်ငံ အဖြစ် ဦးတည်နေမှုကို ကျော်လွှားနိုင်ရန် မှန်ကန်သည့်နိုင်ငံရေးမူ ၀ါဒချမှတ်နိုင်ရန်နှင့် ပြည်တွင်း စစ်ပြဿနာဖြေရှင်းနိုင်ရန် လိုသည်ဟု နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့က ဦးဆောင် ကျင်းပသည့် အသိပညာမျှဝေပွဲ တွင် ဦးဆောင်ဆွေးနွေးသူများက ပြောသည်။

‘ မြန်မာနိုင်ငံဟာ ကျရှုံးတဲ့ နိုင်ငံအဖြစ်ကို ဦးတည်နေပြီလား’ ဟူသည့် ခေါင်းစဉ်ဖြင့်  အသိပ ညာမျှဝေပွဲကို ဧပြီ ၂၃ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ဆရာမ မသီတာ(စမ်းချောင်း)၊ ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဦးလှစော၊ ပြည် ထောင်စုလွှတ်တော်ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်အ ဖွဲ့ဝင် ဦးတင်မောင်ဦးတို့က ဦး ဆောင်ဆွေးနွေးခဲ့သည်။

လွတ်လပ်ရေးရပြီးကတည်း က ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းစစ် မှ ဆင့်ပွားလာသည့် စီးပွားရေး၊  လူမှုရေးပြဿနာများက မြန်မာ နိုင်ငံကို ကျရှုံးနိုင်ငံအဖြစ် ဦးတည် စေသည်ကို ပြည်တွင်းစစ် ချုပ် ငြိမ်းရေး အဆုံးအဖြတ်ပေးနိုင် သည့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အင် အားစု ခေါင်းဆောင်များအနေဖြင့် သိနားလည်ရန် လိုအပ်နေကြောင်း ဦးဦးလှစောက ဆွေးနွေးသည်။  

‘‘ဗမာပြည်မှာ ကျွန်တော် ထင်ပါတယ်၊ သန်းပေါင်းခြောက် ဆယ်ကျော် ရှိတယ်။ ပြည်တွင်း စစ်ကို ထောက်ခံတဲ့လူရှိမှာ မ ဟုတ်ဘူး။ တပ်ထဲကရဲဘော်တွေ တောင် ထောက်ခံမှာမဟုတ်ဘူး လို့ ကျွန်တော်ထင်တယ်။ ဘယ်သူ မှ မထောက်ခံတဲ့ပြည်တွင်းစစ်မီး ဘာကြောင့် ဆက်တိုက်လောင်နေ ရတာလဲ’’ဟု ၎င်းကဆိုသည်။

ဆက်လက်၍ ဦးဦးလှစော က ‘‘အားကောင်းတဲ့နိုင်ငံရေးအင် အားစုတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ၀န်းရံပြီးတော့ ဒီစစ်ပွဲ ကြီးကို ဘယ်လိုငြှိမ်းမလဲဆိုတာ ဟာ ဒါဗမာပြည်ရဲ့ ဒီဦးတည်နေ တဲ့ လမ်းကြောင်းကိုဘယ်လိုကျော် လွှားမလဲဆိုတဲ့ အဖြေပဲလို့ယူဆ ပါတယ်။ စီးပွားရေး၊ လူမှုရေးမူ ၀ါဒများ အောင်မြင်ရန် နိုင်ငံရေး မူဝါဒချမှတ်မှု မှန်ကန်ရန်လိုအပ် ပါတယ်’’ ဟု ဆရာမ မသီတာ(စမ်းချောင်း)က ပြောသည်။

‘‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ အနာဂတ်အတွက် နိုင်ငံ ရေးပေါ်လစီက ကျွန်မတို့နိုင်ငံအ တွက် အဖြေဖြစ်လိမ့်မယ်။ သို့ သော် နိုင်ငံရေးပေါ်လစီလို့ပြော လိုက်တာနဲ့ တစ်စုသောလူတွေ ရဲ့ တွေးတဲ့တွေးချက်ဟာ ပေး ထားချက်ဟာ နိုင်ငံတော်၊ နိုင်ငံရေးလို့ပြောလိုက်ရင် အစိုးရနဲ့ တပ်မ တော်ကိုခွဲကို ပြောနေရတဲ့ ပြဿနာ။ အဲဒါကပြဿနာလို့ ကျွန်မ

ထင်တယ်။ ဒါကြောင့်လည်း စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးပြန်ထူထောင်ရမယ်ဆိုတဲ့ ကိစ္စကို ဒီလောက်ပြောလာရတာ။ အမှန်အတိုင်းပြောရင် နိုင်ငံတော်လို့ ပြောလိုက်တယ်ဆိုတာနဲ့ အစိုးရရော၊ ပြည်သူရောပါတယ်။ အစိုးရလို့ ပြောလိုက်တာနဲ့ အစိုးရထဲမှာ တပ်မတော်ကပါပြီးသားပဲ။ တပ် မတော်သည် သီးခြားအင်စတီ ကျူးရှင်းဂုဏ်လက္ခဏာရှိသည့် တိုင်အောင် အစိုးရရဲ့ အစိတ်အ ပိုင်းပဲ ဖြစ်တယ်’’ဟု ၎င်းကဆို သည်။

ကျရှုံးနိုင်ငံအဖြစ် ဦးမတည် ရန် ဒီမိုကရေစီရင့်ကျက်အောင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို မသီတာ(စမ်းချောင်း) က ရှင်းပြသည်။ ယခုအစိုးရငါးနှစ်သက် တမ်းအတွင်း ဒီမိုကရေစီနှင့် ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်၍ ရေရှည်သွားရမည့် ခရီးလမ်းအတွက် တစ်ဦးချင်းတစ်စုချင်းစီက အား ထုတ်ရန်လိုသည်ဟု ၎င်းကပြော သည်။

တပ်မတော်နှင့် အရပ်ဘက်အပြန်အလှန်ယုံကြည်ကိုးစားမှုရှိပြီး စစ်ဘက် - အရပ်ဘက်ဆက် ဆံရေး အားကောင်းလာပါက များစွာတိုးတက်လာမည်ဟု ဦးတင်မောင်ဦးက ဆိုသည်။

‘‘တက်လာတဲ့ အစိုးရရဲ့ နိုင်ငံရေးပေါ်လစီအရမ်းအရေး ကြီးပါတယ်။ အဲဒီကနေ ဆင်း သက်လာတဲ့ စီးပွားရေးပေါ်လစီ၊ အဲဒီကနေမှ ဆင်းသက်လာမယ့် ယုံကြည်မှု၊ အဲဒီယုံကြည်မှုကနေ ရလာမယ့် နောက်ဆုံးပြောရရင် တပ်မတော်နဲ့ ဆက်ဆံရေးဒါတွေ ပြုပြင်ပေးရမှာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

===================
251/End