၂၆ ဧပြီ ၂၀၁၇ - ၁၅:၅၄
တရုတ်သို့တင်ပို့မှုများလာ၍ ပြည်တွင်းဆန်ဈေးတက်

သင်္ကြန်ပွဲတော်အပြီး တရုတ်ကုန်သည်များက ဆန်အ ၀ယ်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန် ကြမ်းဈေးမြင့်တက်လာသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


သင်္ကြန်ပွဲတော်အပြီး တရုတ်ကုန်သည်များက ဆန်အ ၀ယ်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန် ကြမ်းဈေးမြင့်တက်လာသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က ပြောသည်။

မူဆယ်နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းနှင့် ဗန်းမော်၊ လွယ်ဂျယ်လမ်းကြောင်းမှတစ် ဆင့် တရုတ်ကုန်သည်များက မြန်မာနိုင်ငံမှ ဆန်ကြမ်းကို တိုး မြှင့်ဝယ်ယူလာခြင်းကြောင့် ပြည် တွင်းဈေးကွက်တွင် ဆန်ဈေး တက်လာသည်။

‘‘ဆန်ဈေးက တက်ရိပ်ပြနေ ပြီ။ တရုတ်အ၀ယ်များလာလို့ပါ’’ ဟု ဒေါက်တာစိုးထွန်းက ပြော သည်။ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းဈေးသည် သင်္ကြန်ပွဲ တော်နောက်ပိုင်း တစ်အိတ်လျှင် ၁,၅၀၀ ကျပ်ဝန်းကျင် မြင့် တက်လာကြောင်း ပြည်ပသို့ ဆန် တင်ပို့နေသည့် လုပ်ငန်းရှင် ဦးမျိုး သူရအေးက ပြောသည်။

ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းရှယ်တစ်အိတ်လျှင် ကျပ် ၁၈,၀၀၀ မှ ၁၉,၅၀၀ သို့ မြင့်တက်လာသည်ဟု ဘုရင့် နောင်ရှိ ဆန်ကုန်သည်အချို့က ပြောသည်။

ယခုရက်ပိုင်းတွင် တရုတ် နိုင်ငံက တစ်ရက်လျှင် ဆန်အိတ် ရေ လေးသောင်းမှ ငါးသောင်း ကြား အ၀ယ်ရှိလာ၍ တစ်ရက် လျှင် ဆန်အိတ်ရေ ရှစ်သောင်းမှ တစ်သိန်းကြား  အ၀ယ်ရှိခဲ့သည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန် တင်ပို့မှုတွင် တရုတ်နိုင်ငံသည် အရေးကြီးသည့် ဈေးကွက်တစ်ခု အဖြစ် တည်ရှိနေသည်။ တရုတ် နိုင်ငံရှိ ဆန်အ၀ယ်လျှော့ချမှု ကြောင့် ၂၀၁၆ မိုးစပါးပေါ်ချိန် တွင် ဆန်ဈေးကျဆင်းလာပြီး လယ်သမားတို့ အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။

===================
251/End