အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ-ဂျာမနီ တပ်မ တော်ချင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် တပ်မတော်အရာရှိများဂျာမနီသို့ သင်တန်းစေလွှတ်တက်ရောက်ရန် စသည့်အချက်များကို ဧပြီ ၂၇ ရက်က ဂျာမနီနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနတွင် နှစ်နိုင်ငံတပ်ချုပ်များကဆွေးနွေးခဲ့ကြသည်။
ဂျာမနီနိုင်ငံသို့ တရားဝင် ခရီးစဉ်ရောက်ရှိနေသော တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဂျာမနီစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗော့လ်ခါဝီးခါတို့ ဧပြီ ၂၇ ရက်က တွေ့ဆုံစဉ် ထိုကဲ့သို့ဆွေးနွေးခဲ့ ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။
တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေးနှင့် ပူးပေါင်းမှုများ ပိုတိုးတက်ကောင်းမွန်အောင် တိုး မြှင့်တည်ဆောက်လိုကြောင်း မြန်မာတပ်ချုပ်က ဆွေးနွေးခဲ့ပြီး ဂျာမနီစစ်ဦးစီးချုပ်ကလည်း ယခု မြန်မာတပ်ချုပ်ခရီးစဉ်ကစ၍ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးနှင့် ပူးပေါင်းမှုများကို မူလက ထက်ပိုတိုးမြှင့်တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။
မြန်မာ့တပ်မတော်အရာရှိ များကို ဂျာမနီနိုင်ငံသို့ သင်တန်း များစေလွှတ်တက်ရောက်ခြင်း၊ နယ်ပယ်များအလိုက် လေ့လာ ရေးကိုယ်စားလှယ်အဖွဲ့များ အ ပြန်အလှန်စေလွှတ်ခြင်းများ ဆောင်ရွက်လိုကြောင်း ဂျာမနီစစ် ဦးစီးချုပ်က ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဂျာမနီစစ်ဦးစီးချုပ်ကို မြန်မာသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်လာရောက်ရန် မြန်မာတပ် ချုပ်က ဖိတ်ကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် ဗိုလ်ချုပ်ကြီး ဗော့လ်ခါဝီး ခါတို့သည် ၂၀၁၆ နိုဝင်ဘာက ဘရပ်ဆဲလ်မြို့တွင်ပြုလုပ်ခဲ့သော အီးယူစစ်ဘက်ရေးရာကော်မတီ ကာကွယ်ရေးဦးစီးချုပ်များ အ စည်းအဝေးအပြီး၌ သီးသန့်တွေ့ဆုံခဲ့ကြသည်။ ဂျာမနီခေါင်း ဆောင်သော အီးယူသည် ၂၀၁၂တွင် မြန်မာအပေါ်ပိတ်ဆို့မှုများကို ဖြေလျှော့သော်လည်း မြန်မာသို့ လက်နက်ကုန်သွယ်ရောင်းချမှုကိုမူ ပိတ်ပင်ထားဆဲဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ဂျာမနီအသွားခရီးတွင် သြစတြီးယားသို့ လေးရက်ကြာ ဝင်ရောက်လည်ပတ်ခဲ့ပြီး သြစ တြီးယားစစ်ဦးစီးချုပ်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ၎င်းသည် သြစ တြီးယား၏ Diamond Aircraft Industry သို့ သွားရောက်လေ့လာခဲ့ပြီး ယင်းကုမ္ပဏီထုတ် DA-62 လေယာဉ်ဖြင့် ဗီယင်နာမြို့တစ် ဝိုက် လှည့်လည်ပျံသန်းခဲ့သည်။ တပ်ချုပ်၏ခရီးစဉ်တွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသည်။
===================
251/End
မြန်မာ-ဂျာမနီတပ်မတော်ချင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေး