၄ မေ ၂၀၁၇ - ၁၆:၁၆
သတင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ ပြန်ကြားရေးနှင့် မီဒီယာအဖွဲ့အစည်းများ အမြင်မတူ

အစိုးရသစ်လက်ထက် အတွင်း သတင်းမီဒီယာလွတ်လပ် ခွင့် တိုးတက်လာကြောင်း ပြန် ကြားရေးဝန်ကြီးက ပြောကြား သော်လည်း သတင်းမီဒီယာအဖွဲ့ အစည်းများက သိသာစွာမပြောင်း လဲသေးသည့်အချက်များနှင့် ပိုမိုဆုတ်ယုတ်လာသည့် အချက်များရှိနေသေးကြောင်း ရှုမြင်နေကြ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစိုးရသစ်လက်ထက် အတွင်း သတင်းမီဒီယာလွတ်လပ် ခွင့် တိုးတက်လာကြောင်း ပြန် ကြားရေးဝန်ကြီးက ပြောကြား သော်လည်း သတင်းမီဒီယာအဖွဲ့ အစည်းများက သိသာစွာမပြောင်း လဲသေးသည့်အချက်များနှင့် ပိုမိုဆုတ်ယုတ်လာသည့် အချက်များရှိနေသေးကြောင်း ရှုမြင်နေကြ သည်။

မေလ ၃ ရက်တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ် ခွင့်နေ့ အခမ်းအနားကို ရန်ကုန် မြို့၌ကျင်းပရာ ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ကုလသမဂ္ဂအ ဖွဲ့အစည်းများနှင့် မြန်မာသတင်း မီဒီယာ အဖွဲ့အစည်းများက သဝဏ်လွှာများ ဖတ်ကြားခဲ့ သည်။

အစိုးရသစ်လက်ထက်တွင် သတင်းအချက်အလက်ရယူမှု လွယ်ကူစေရန် ဝန်ကြီးဌာနအသီး သီး၌ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များ ထားရှိခြင်း၊ အစိုးရသစ် ရက် ၁၀၀ ပြည့်၊ တစ်နှစ်ပြည့် စသည့် အချိန်ကာလအလိုက် ဝန်ကြီး ဌာနများ၏ သတင်းစာရှင်းလင်းပွဲ များအပါအဝင် သတင်းစာရှင်း လင်းပွဲ (၁၆)ကြိမ် ပြုလုပ်ခဲ့ကြောင်း ဒေါက်တာဖေမြင့်က ပြောသည်။

ထို့အပြင် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ဧပြီ ၂၆ ရက်တွင် ထုတ်ပြန် သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်း၌ ပြီးခဲ့သည့်နှစ်က အ ညွှန်းကိန်းထက် ၁၂ ဆင့်အထိ မြင့်တက်လာမှုကိုလည်း ပြန်ကြား ရေးဝန်ကြီးက ထောက်ပြပြော ကြားခဲ့သည်။

‘‘နယ်စည်းမခြား သတင်း ထောက်များအဖွဲ့က မကြာသေးမီ က ထုတ်ပြန်တဲ့ အညွှန်းကိန်းဟာ ကျွန်တော်တို့အတွက် အသိအ မှတ်ပြုတယ်လို့ ယူဆရပါတယ်’’ ဟု ဒေါက်တာဖေမြင့်က ပြော သည်။

၂၀၁၂ တွင် သတင်းလွတ် လပ်မှု အဆင့် (၁၆၉)ရှိခဲ့ရာမှ ၂၀၁၃ ၌ အဆင့် (၁၅၁)အထိ တိုးတက်လာသော်လည်း ၂၀၁၄ မှ ၂၀၁၆ အထိ တစ်နှစ်လျှင် အဆင့် တစ်ဆင့်စီသာ တိုးတက်လာ ကြောင်း ၎င်းကပြောသည်။ လက်ရှိတွင် အဆင့် (၁၃၁) ဖြစ်လာပြီး (၁၂)ဆင့်အထိ တက်လာစေရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဝန်ကြီး က ဆက်လက်ပြောသည်။

သို့သော် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရား စွဲဆိုမှုများရှိနေခြင်းသည် ပြီးခဲ့ သည့် တစ်နှစ်အတွင်း လွတ်လပ် စွာ ရေးသားထုတ်ဝေခွင့်တုံ့ဆိုင်း သွားသည်ကို တွေ့ရကြောင်း မြန် မာသတင်းစာဆရာများ သမဂ္ဂ၏ သဝဏ်လွှာတွင် ဖော်ပြထား သည်။

မြန်မာဂျာနယ်လစ်ကွန်ရက် ၏ သဝဏ်လွှာတွင်လည်း မြန်မာ နိုင်ငံအနေဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့်သည် အထူးအရေး ပါလျက်ရှိပြီး နှိုင်းယှဉ်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲစရာများ ကျန်ရှိနေသေးကြောင်း ဖော်ပြထားသည်။

‘‘လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ကျသွားတယ်လို့တော့ မဆိုချင်ဘူး။ ဒါပေမဲ့ သတင်းရယူခွင့်မှာတော့ နည်းနည်းပိုခက်လာ တာ တွေ့ရပါတယ်။ အစိုးရ၊ ပြန်ကြားရေးဌာနက လုပ်မပေးတာ တော့ မဟုတ်ဘူး။ လုပ်ပေးပါတယ်။ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် တွေ ထားပေးတာမျိုး၊ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပေးတာမျိုး။ဒါပေမဲ့ အဲဒီပြောခွင့်ရပုဂ္ဂိုလ်တွေ ကရော၊ ဌာနဆိုင်ရာက လူတွေ၊အစိုးရအဖွဲ့ထဲက လူတွေကရောလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အကန့်အသတ် ဖြစ်နေသလားပေါ့။ ပြင်ပမှာတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မြင့်တက် လာတယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ အစိုးရအတွင်းမှာ၊ လွှတ်တော်အတွင်းမှာတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကျသွားနေသလားလို့ စဉ်းစားစရာ ဖြစ်နေပါတယ်’’ဟု မြန်မာသတင်းစာ ဆရာများအသင်းဥက္ကဋ္ဌ ဦးသီဟ စောက ပြောကြားသည်။

ယခင်အချိန်များထက် သ တင်းမီဒီယာလွတ်လပ်ခွင့် အ တော်အသင့်ရှိလာသည်ဟု ပြော နိုင်သော်လည်း သတင်းအချက် အလက်ရယူရာနှင့် ထုတ်ဝေဖြန့် ချိရာတွင် အကန့်အသတ်များနှင့် ခွဲခြားဆက်ဆံမှုများရှိနေဆဲဖြစ် ကြောင်း တိုင်းရင်းသားသတင်း ဌာနများဖြင့် စုပေါင်းဖွဲ့စည်းထား သည့် BNI ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။ ထို့အပြင် တိုင်းရင်းသားဒေသများရှိ ပဋိပက္ခဖြစ် ပွားရာနေရာများတွင် သတင်းရ ယူရာ၌လည်း သတင်းသမားများ ၏ လုံခြုံရေးအခြေအနေ အထူးစိုးရိမ်ရဆဲဖြစ်ကြောင်း ပါရှိသည်။

ထို့အပြင် ကုလသမဂ္ဂပညာ ရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အ စည်း (UNESCO)၏ သဝဏ်လွှာ နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံ အမတ်က ဖတ်ကြားသည့် သဝဏ်လွှာတို့တွင်လည်း မြန်မာသတင်း သမားများ၏ သတ်ဖြတ်ခံရမှု၊ ဖမ်းဆီးခံရမှုများကို ဖော်ပြထားသည်။

===================
251/End